ရော်နယ်ဒို ကို ဘာစီလိုနာ အရောက်ခေါ် နိုင်ဖို့ ၊ စားပွဲထိုးပုံစံ ၀တ်စားပြီး ကြိုးစားခဲ့ရတဲ့ အကြောင်း ထုတ်ဖော်ပြောဆိုသွားတဲ့ ဘာစီလိုနာ ဥက္ကဌဟောင်း ဂျိုအန် ဂတ်စ်ပတ်

ရော်နယ်ဒို ကို ဘာစီလိုနာ အရောက်ခေါ် နိုင်ဖို့ ၊ စားပွဲထိုးပုံစံ ၀တ်စားပြီး ကြိုးစားခဲ့ရတဲ့ အကြောင်း ထုတ်ဖော်ပြောဆိုသွားတဲ့ ဘာစီလိုနာ ဥက္ကဌဟောင်း ဂျိုအန် ဂတ်စ်ပတ်

ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌဟောင်း ဂျိုအန် ဂတ်စ်ပတ် ကတော့ သူ့အနေနဲ့ ရော်နယ်ဒိုကို PSV ကနေ ခေါ်ယူဖို့ ကြိုးစားခဲ့စဉ်က ၊ စားပွဲထိုးဟန်ဆောင်ပြီး ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ အကြောင်းကို အံ့အားသင့်ဖွယ် ရာ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

အဲဒီ အချိန်က ဘာစီလိုနာ အသင်းရဲ့ နည်းပြ ဘော်ဘီ ရော့ဘ်ဆင်ဟာ အသက် 19 နှစ် အရွယ် ဘရာဇီး သားလေးထက် ၊ သူ အားသန်ရာ အင်္ဂလန် ဈေးကွက်က တိုက်စစ်မှုးကြီး အလန်ရှီးယားကို ခေါ်ယူဖို့ ဦးစားပေး ကြိုးစားခဲ့ပေမယ့် ၊ နောက်ဆုံးမှာတော့ ရှီးယား ကို ခေါ်ယူနိုင်ခြင်း မရှိတာကြောင့် ရိုနာဒိုကို ခေါ်ယူခဲ့ ရတာ ဖြစ်ပါတယ်။

1996 ခုနှစ် က ရော်နယ်ဒိုဟာ ဟော်လန် ကလပ် PSV အသင်းမှာ 57 ပွဲ ကစားပြီး ၊ 54 ဂိုး အထိ သွင်းယူပေးထားတာကြောင့် သူ့ရဲ့ ဂုဏ်သတင်းဟာ ဥရောပ တိုက် တစ်ခုလုံးကို ပြန့်နှံလျှက် ရှိနေပြီး ၊ အနာဂတ်မှာ ထွန်းတောက်လာမယ့် ကြယ်ပွင့်လေး တစ်ခုအဖြစ် အားလုံးက သတ်မှတ် ခံထားရချိန် ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ ဘာစီလိုနာ အသင်းက တိုက်စစ်မှုး တစ်ယောက် ထပ်မံ ခေါ်ယူဖို့ ဈေးကွက်ထဲကို လှုပ်ရှား နေချိန် ဖြစ်ကာ ၊ အသင်းရဲ့ နည်းပြ ရော့ဘ်ဆင်က အင်္ဂလန် တိုက်စစ်မှုး အလန်ရှီးယားကို ခေါ်ယူဖို့ တိုက်တွန်းခဲ့ပေမယ့် ၊ ဒု ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သူ ဂတ်စ်ပတ် ကတော့ ရိုနာဒိုကိုသာ ခေါ်ယူဖို့ တင်ပြခဲ့တာပါ။

ရော့ဘ်ဆင်ဟာ နည်းပြချုပ် ဖြစ်တာကြောင့် သူ့ရဲ့ ဆန္ဒအတိုင်း လုပ်ကိုင်ဖို့ အခွင့်အရေး ရရှိခဲ့ပြီး ၊ ယူရို 96 ဆင်နွဲပြီးကာစ ဖြစ်တဲ့ အလန်ရှီးယားကို ခေါ်ယူဖို့ စတင် ကြိုးစားခဲ့ပေမယ့် ၊ နယူးကာဆယ် အသင်းကို ယှဉ်ပြိုင် နိုင်ခြင်း မရှိခဲ့ပဲ လက်လွှတ် ဆုံးရှုံးသွားခဲ့ ရပါတယ်။ အဲဒီ နောက်ပိုင်းရောက်မှ ရိုနာဒိုကို ခေါ်ယူဖို့ ဘာစီလိုနာက အာရုံ စိုက်လာခဲ့တာပါ။

ဂတ်စ်ပတ်ဟာ သူ့ရဲ့ ယုံကြည်ချက် အတိုင်း လုပ်ပိုင်ခွင့် ရရှိသည်နက် တစ်ပြိုင်နက် PSV တာဝန် ရှိသူတွေ နဲ့ ချက်ခြင်း တွေ့ဆုံခဲ့ကာ ရော်နယ်ဒို ရဲ့ အပြောင်းအရွှေ့ကို ဆွေးနွေးခဲ့ပြီး ၊ ယူရို 15 သန်း ၀န်းကျင် ပမာဏနဲ့ သဘောတူညီမှု ရရှိခဲ့ ပါတယ်။ သို့သော် အဲဒီ သဘောတူညီချက်ဟာ ကလပ် အသင်းနဲ့သာ ဖြစ်ပြီး ၊ ကစားသမား ရဲ့ ဆန္ဒက အသင်းပြောင်းချင်စိတ် မရှိပါက ဇူလိုင် 15 ရက်နေ့ နောက်ပိုင်းမှာ ကနဦး သဘောတူညီမှုကို အလိုအလျှောက် ဖျက်သိမ်းဖို့ ခြွင်းချက် အနေနဲ့ နှစ်ဖက် စလုံးက သဘောတူညီမှု ထားရှိခဲ့ကြပါတယ်။

အဲဒီ အချိန်မှာ PSV ဟာ သူတို့ ရဲ့ ကစားသမားကို မဆုံးရှုံးချင်တာကြောင့် ဘရာဇီး ဘောလုံး အဖွဲ့ချုပ်နဲ့ ပူးပေါင်းကာ တားဆီးနိုင်မယ့် အခွင့်အလမ်းတွေကို ရှာဖွေ ခဲ့သလို ၊ အသင်း တည်းခိုရာ ဟိုတယ်က အခန်းတွေ မှာလဲ သူစိမ်းတွေ အ၀င်မခံဖို့ လုံခြုံတွေ တင်းတင်းကျပ်ကျပ်ချပြီး တားမြစ်ခဲ့ပါတယ်။

အဲဒီ အနေအထား နဲ့ ပတ်သက်ပြီး ဂတ်စ်ပတ်က ပြန်လည် ပြောဆိုရာမှာတော့ “ PSV က နောက်ပိုင်းမှာ သဘောတူညီမှုကို အသက်မ၀င်လာဖို့ နည်းမျိုးစုံ သုံးလာတော့ တာပါ ။ ကျနော့်ကိုလဲ ရော်နယ်ဒို နဲ့ တွေ့ခွင့် မပေးတော့ ဘူးလေ။ ဟိုတယ် သွားတိုင်းလဲ လုံခြုံရေးတွေက အမြဲတမ်း မောင်းထုတ်တာ ခံခဲ့ ရပါတယ်။

ကံကောင်း သွားတာက အဲဒီ ဟိုတယ်မှာ အလုပ်လုပ် နေတဲ့ စပိန်သား စားပွဲထိုးလေး တစ်ယောက်နဲ့ တွေ့ပြီး အကူအညီ တောင်းခံရင်း ၊ အပြောင်းအရွှေ့ အတွက် အဆင်ပြေသွားခဲ့ တာပါ။ ကျနော်က စားပွဲထိုးလေးဆီက အ၀တ်အစားတွေ ၀တ်ဆင်လိုက်တယ် ၊ ပြီးတော့ ကိုကာကိုလာ ပုလင်းလေး တင်ပြီးတော့ ခပ်တည်တည်နဲ့ သွားပြီး ရော်နယ်ဒိုက အအေးမှာထားလို့ ဆိုပြီး ပြောလိုက်တော့ သူတို့က ကျနော့်ကို မမှတ်မိတော့ ပါဘူး။

အဲဒီ အချိန်မှာ ရော်နယ်ဒို ရဲ့ အခန်း တံခါးကို ခေါက်ပြီး ၊ မျက်နှာချင်းဆိုင် ဆွေးနွေးခွင့် ရခဲ့သလို ၊ တစ်ခါတည်းပဲ လက်မှတ်ထိုးခဲ့ကြတာလေ။ အဲပုံစံတွေနဲ့ သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ရတာပါ” လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။

ဂတ်စ်ပတ်ဟာ နောက်ပိုင်းမှာ ဘာစီလိုနာ ဥက္ကဌ ရာထူးကိုပါ ရယူ သိမ်းပိုက် နိုင်ခဲ့သလို ၊ ရော်နယ်ဒို ကလဲ အသင်းအတွက် 49 ပွဲ ကစားကာ 47 ဂိုး အထိ သွင်းယူ ပေးနိုင်ခဲ့ ပါတယ်။

ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပါက ၊ ပေးဆပ်မှုတွေ ကြီးမားလာနိုင်တဲ့ PSG

ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပါက ၊ ပေးဆပ်မှုတွေ ကြီးမားလာနိုင်တဲ့ PSG

ဒီနှစ် ချန်ပီယံလိဂ် ဘောလုံးရာသီ ရဲ့ မရဏ အုပ်စုလို့ တင်စား ခေါ်ဝေါ်ထားခဲ့ကြတဲ့ လီဗာပူး ၊ ပီအက်စ်ဂျီ ၊ နာပိုလီ နဲ့ ရက်စတား ဘဲဂရိတ် အသင်းတို့ရဲ့ အုပ်စု C ပွဲစဉ်တွေဟာ ဒီညမှာ ပြန်လည် ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။

ပွဲစဉ် 4 ကစားပြီးသည် အထိ ရှုံးထွက် အဆင့်ကို တက်ရောက် နိုင်မယ့် အသင်းဟာ ပေါ်ထွက်လာခြင်း မရှိသေးပဲ ၊ လီဗာပူး နဲ့ နာပိုလီ တို့က ရမှတ် 6 မှတ်တူ ၊ ဂိုးကွာခြားချက်နဲ့ ထိပ်ဆုံးကနေ ရပ်တည်လျှက် ရှိနေကာ ၊ ပီအက်စ်ဂျီ က 5 မှတ် ရက်စ်တားက 4 မှတ် အသီးသီး ရယူထားတာကြောင့် နောက်တစ်ဆင့်ကို တက်ရောက် နိုင်ဖို့ အတွက် အသင်းတွေ အားလုံးက အခွင့်အရေး ကိုယ်စီ ရှိနေကြဆဲပါ ။

ဒီညမှာတော့ နာပိုလီ – ရက်စတား ဘဲဂရိတ် ၊ ပီအက်စ်ဂျီ – လီဗာပူး တို့ ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ လီဗာပူးဟာ ပီအက်စ်ဂျီကို အနိုင်ရရှိခဲ့ ပါက နောက်တစ်ဆင့်ကို တက်ရောက်သွား နိုင်ဖို့ ရာခိုင်နှုန်း များနေပြီး ၊ နာပိုလီကလဲ ရက်စတားကို အနိုင်ရရှိ ပါက အခြေအနေကောင်းတွေ ကို ပိုင်ဆိုင်သွားနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။

ဒီထဲမှာ အမှားခံလို့ မရပဲ ဖြစ်နေတာက ပီအက်စ်ဂျီ အသင်း ပါ ၊ လီဗာပူးကို ရှုံးနိမ့်ခဲ့ ပါက အုပ်စုဗိုလ် အဖြစ် မျှော်လင့်ချက်တွေ ကုန်ဆုံးသွားနိုင်တဲ့ အပြင် ၊ ကွင်းပြင်ပ ဘဏ္ဍာရေး ဆိုင်ရာတွေပါ များစွာ ထိခိုက်လာနိုင်ဖွယ် ရှိနေ ပါတယ် ။

လက်ရှိ အချိန်မှာတော့ UEFA ဟာ သူတို့ရဲ့ ဘဏ္ဍာရေး ဆိုင်ရာ လည်ပတ်မှုတွေကို ပြန်လည် စစ်ဆေးဖို့ ပြင်ဆင်လျှက် ရှိနေတာကြောင့် ၊ ကလပ် အသင်းတိုင်းအတွက် အဓိက ၀င်ငွေလမ်းကြောင်းကြီး တစ်ခု ဖြစ်နေတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကသာ စောစော စီးစီး ထွက်လိုက်ရမယ် ဆိုပါက ဘဏ္ဍာရေး ရှင်းတမ်း ကိစ္စမှာ သက်ရောက်မှုတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက သူတို့ဟာ ရှုံးထွက် အဆင့်ကနေ နှုတ်ဆက်ခဲ့ရပေမယ့် ၊ ချန်ပီယံလိဂ် ကနေ ရရှိငွေဟာ ယူရို 62 သန်း အထိ ရှိခဲ့တာမို့ ၊ အနေအထားတစ်ခု အထိ ခံသာခဲ့တယ်လို့ မှတ်ချက် ပြုကြရမှာပါ ။

ပြင်သစ် အခြေစိုက် သတင်းတွေ ကတော့ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် အုပ်စုကနေ ထွက်လိုက်ရလို့ ၊ ၀င်ငွေတွေ ထိုးကျသွားမယ် ဆိုရင်တောင် 2019 ခုနှစ်မှာ ကုန်ဆုံးတော့မယ့် စပွန်ဆာ စာချုပ်တွေကို ပြန်လည် အသစ်ထပ်မံ ချုပ်ဆိုရင်း FFP စည်းမျဉ်း ကို ကာကွယ်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လိုအပ်ပါက အေစီမီလန် အသင်းက ဒီနှစ် အစောပိုင်းမှာ လုပ်ဆောင်ခဲ့တဲ့ CAS တရားရုံးကနေ တဆင့် ဆောင်ရွက်ခဲ့တဲ့ ပုံစံအတိုင်း ၊ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ သုံးသပ်နေကြပါတယ်။

လက်ရှိမှာတော့ Nike နဲ့ ဂျာစီ စပွန်ဆာ စာချုပ်သစ် ချုပ်ဆိုဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ် နေပြီ ဖြစ်တဲ့ အပြင် ၊ အဓိက စပွန်ဆာ တစ်ခု ဖြစ်တဲ့ Fly Emirates ရဲ့ နေရာကိုလဲ အခြား နာမည်ကျော် အမှတ်တဆိပ်နဲ့ အစားထိုးဖို့ ကြိုးစားလျှက် ရှိနေပါတယ်။ သို့သော် ဒီတစ်ကြိမ် စာချုပ် ချုပ်ဆိုရမှာတော့ ပီအက်စ်ဂျီ အနေနဲ့ သူတို့ စာရင်းပြချင်တဲ့ အတိုင်း ချုပ်ဆိုခွင့် ရရှိမှာ မဟုတ်ပဲ ၊ ပြင်ပ ကာလ တန်ဖိုးအတိုင်း ချုပ်ဆိုရမယ်လို့ UEFA က သတိပေးထားတာပါ။

အဲဒီ အနေအထားကြောင့်ပဲ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် အုပ်စု အဆင့်နဲ့သာ ကျေနပ်ရမယ် ဆိုပါက ၊ FFP စည်းမျဉ်းတွေကို အတွင်း လည်ပတ်နိုင်ဖို့ တန်ဖိုးကြီး ကစားသမား တစ်ဦးဦးကို ပြန်လည် ရောင်းချရဖွယ် ရှိနေပါတယ်။ ဒါ့အပြင် လက်ရှိမှာလဲ နေမာကို ဘာစီလိုနာက ပြန်လည် ခေါ်ယူမယ့် သတင်းတွေ ဆက်တိုက် ပေါ်ထွက် လာနေသလို ၊ ဘာပေကိုလဲ ရီးရဲက အလိုရှိတဲ့ သတင်းတွေ ထွက်ပေါ်လျှက် ရှိနေပါတယ်။

ကတ်တလန် အခြေစိုက် သတင်းတွေကတော့ ဒီမနက်မှာပဲ ပီအက်စ်ဂျီ နဲ့ နေမာတို့အကြား ယူရို သန်း 200 နဲ့သာ ကမ်းလှမ်းမှုတွေ ရှိလာပါက အသင်းပြောင်းခွင့် ပေးဖို့ သဘောတူညီမှု ရယူထားတယ်လို့တောင် ရေးသားနေကြတာပါ။

နေမာ ၊ ဘာပေ တို့ကို ယူရို သန်း 400 နီးပါး အကုန်ကျ ခံပြီး တည်ဆောက်ထားခဲ့တဲ့ အသင်းတစ်သင်းဟာ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးဖို့ ပစ်မှတ် ထားခဲ့ပေမယ့် ၊ လက်ရှိ အချိန်မှာတော့ အုပ်စု အဆင့်ကနေတောင် တက်ရောက်ဖို့ အသည်းအသန် ရုန်းကန်ရတော့မှာ ဖြစ်ပြီး ၊ အခန့်မသင့်ရင် အဆိုပါ ကစားသမား နှစ်ယောက် စလုံးကိုတောင် ပြန်လည် ဆုံးရှုံးသွားနိုင်တဲ့ အထိ အခြေအနေတွေ ဆိုးရွား သွားနိုင်တာဖြစ်ပါတယ်။

“ ကျနော်က ချန်ပီယံလိဂ် ကစားခွင့် ရတဲ့အကြိမ်တိုင်း ရှုံးထွက်အဆင့်ကို ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ၊ ယူရိုပါလိဂ် ကစားခွင့်ရတဲ့ 2 ကြိမ်မှာတော့ 2 ကြိမ်စလုံး ဖလားကို ဆွတ်ခူးပေးခဲ့တာပါ” မော်ရင်ဟို

“ ကျနော်က ချန်ပီယံလိဂ် ကစားခွင့် ရတဲ့အကြိမ်တိုင်း ရှုံးထွက်အဆင့်ကို ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ၊ ယူရိုပါလိဂ် ကစားခွင့်ရတဲ့ 2 ကြိမ်မှာတော့ 2 ကြိမ်စလုံး ဖလားကို ဆွတ်ခူးပေးခဲ့တာပါ” မော်ရင်ဟို

ယူနိုက်တက် အသင်းရဲ့ နည်းပြ မော်ရင်ဟို ကတော့ သူ့အပေါ်ကို ယုံကြည်မှု အပြည့်နဲ့ အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တဲ့ အကြောင်း ပြောဆို သွားခဲ့သလို ၊ သူ့ရဲ့ နည်းပြဘ၀မှာ ရှုံးထွက်အဆင့်ကို တက်ရောက်အောင် စွမ်းဆောင် ပြနိုင်ခဲ့တာက ဒီတစ်ကြိမ် အပါအ၀င် 14 ကြိမ်မြောက် ဖြစ်တယ်လို့ ရှင်းပြသွားခဲ့ပြီး ၊ အုပ်စု အဆင့်ကို မကျော်နိုင်ခဲ့တဲ့ 2 ရာသီမှာလဲ ယူရိုပါလိဂ် ဖလား 2 လုံးကို ရယူပေးခဲ့တယ်လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ယမ်းဘွိုင်းနဲ့ ပွဲစဉ်မှာတော့ ယူနိုက်ဟာ ခက်ခက်ခဲခဲနဲ့ ကစားခဲ့ရပြီး ၊ ရှုံးထွက် အဆင့်ကို တက်ရောက်ဖို့ သေချာစေမယ့် သွင်းဂိုးကို ပွဲပြီးခါနီးမှ ဖယ်လိုင်နီက ဖယ်လိုင်နီက သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဂိုး မသွင်းယူနိုင်ခင် အထိ သူ့စိတ်ထဲမှာ အသင်းရဲ့ ကစားပုံကို တော်တော်လေး အားမရ ဖြစ်ခဲ့မိပေမယ့် ၊ ဂိုးသွင်းပြီး နောက်မှာတော့ စိတ်သက်သာရာ ရခဲ့တဲ့ အကြောင်းကိုလဲ အခုလို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။

ပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ မော်ရင်ဟိုက “ ဂိုးမသွင်း နိုင်ခင်အထိတော့ တော်တော်လေးကို စိတ်ပျက်မိပါတယ် ၊ ဒါပေမယ့် ဂိုးရပြီး နောက်ပိုင်းမှာတော့ စိတ်သက်သာရာ ရခဲ့တာပေါ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ဟာ ဒီပွဲကို သရေမှန်းပြီး ကစားခဲ့တာ မဟုတ်သလို ၊ 0-0 ရလာဒ် အတွက်ပဲ ကစားတာ မဟုတ်ပါဘူး။ အိမ်ကွင်းမှာ ကစားခွင့် ရရဲ့ သားနဲ့ အုပ်စု နောက်ဆုံး ပွဲအထိ ရင်ခုန်နေရမယ့် ကိုယ့်ဒုက္ခမျိုးကို မလိုချင်ဘူးလေ ။

စိတ်ပျက်မိတဲ့ အကြောင်းအရင်းက ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကြောင့်တော့ မဟုတ်ပါဘူး ။ ကျနော်တို့ ဂိုးမသွင်းနိုင်ပဲ ဖြစ်နေခဲ့တာကြောင့်ပါ ။ နောက်ဆုံးတော့ ကျနော့် ကစားသမားတွေဟာ ရှိသမျှ ကာယအား ၊ ညာဏအားတွေ သုံးပြီး ကစားပေးခဲ့လို့ နိုင်ပွဲလဲ ရခဲ့သလို ၊ သူတို့လဲ တော်တော်လေး ပင်ပန်းသွားကြမယ် ထင်ပါတယ်။

ဒီပွဲမှာ ထူးထူးခြားခြား ဖော်ပြချင်တဲ့ အချက်တစ်ချက် ကတော့ ဒီဂီယာ ရဲ့ ဂိုးပေါက် ကာကွယ်လိုက်တဲ့ အခိုက်အတန့်ပါ ။ သူသာ မကာကွယ် နိုင်ခဲ့ဘူး ဆိုရင် ကျနော်တို့လဲ အနိုင်ဂိုးကို သွင်းယူ နိုင်မှာ မဟုတ်ပါဘူး။ အခုတော့ အုပ်စုကျပ် တစ်ခုကနေ လွတ်မြောက်ခဲ့ပြီ ဖြစ်သလို ၊ ပေးဆပ်မှုတွေကလဲ တော်တော်လေး များခဲ့ ပါတယ်” လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။

ဆက်လက်ပြီး ဒီဂီယာ ရဲ့ စာချုပ်သစ် အနေအထားနဲ့ ပတ်သက်လို့ မေးမြန်း ရာမှာတော့ မော်ရင်ဟို က “ ဒီဂီယာ ဟာ ကမ္ဘာ့အဆင့်မီ ဂိုးသမား တစ်ယောက်ပါ ။ အကောင်းဆုံး ဂိုးသမား လို့ပြောရင်လဲ ရပါတယ်။ ကျနော်တို့ ကလပ် အနေနဲ့ ဆုဖလားတွေကို စိန်ခေါ်ချင်တဲ့ အသင်းတစ်သင်း အဖြစ် တည်ဆောက်မယ် ဆိုရင် အကောင်းဆုံး ဂိုးသမား တစ်ယောက်တော့ လိုအပ်နေမှာ အသေအချာပါပဲ။

ပြီးတော့ သူဟာ အသင်းမှာ ဆက်နေချင်တယ် ဆိုတာ ကျနော် ကောင်းကောင်း သိသလို ၊ လက်ရှိ ကစားသမားတွေ နဲ့ အတူတူ လက်တွဲပြီး အောင်မြင်မှု ရှာဖွေဖို့ ဆန္ဒပြင်းပြ နေတယ်ဆိုတာ သိထားပြီးသားပါလို့” တုန့်ပြန် သွားခဲ့ ပါတယ်။

ဒါ့အပြင် သူ့အပေါ်ကို ယုံကြည်မှု အပြည့်နဲ့ အားပေးနေကြတဲ့ ပရိသတ်တွေကိုတော့ မော်ရင်ဟိုက “ ပထမဆုံး အနေနဲ့ အရမ်းကို ကျေးဇူးတင်ပါတယ်။ ကျနော့် နည်းပြဘ၀ တစ်လျှောက်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲကို 14 ကြိမ် ပါဝင် ကစားခဲ့ပြီး ၊ 14 ကြိမ် စလုံး ရှုံးထွက် အဆင့်ကို တက်ရောက်အောင် စွမ်းဆောင် ပြနိုင်ခဲ့တာပါ။ ကျန်တဲ့ 2 ကြိမ် မှာတော့ ယူရို ပါလိဂ် ပြိုင်ပွဲသာ ကစားခွင့် ရခဲ့ပေမယ့် နှစ်ကြိမ် စလုံး အဲဒီဖလားကို ရရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့ပါတယ်။

ဒါက ကျနော့် အပေါ် ယုံကြည်ပေးထားတဲ့ သူတွေကို သိထားစေချင်တဲ့ အကြောင်း အရာလေး တစ်ခုပါ။ အခု ရှုံးထွက် အဆင့်ကို တက်ရောက် နိုင်ခဲ့တာကလဲ ကြီးမားတဲ့ အောင်မြင်မှုလို့ ဆိုလို့ မရပေမယ့် ၊ အတိုင်းအတာ တစ်ခုထိတော့ ကျေနပ်စရာ တစ်ခု ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောဆို သွားခဲ့ ပါတယ်။

 

ယူနိုက်တက် ပရိသတ်တွေ အတွက် သတင်းကောင်း တစ်ခု ပြောကြား သွားတဲ့ #မော်ရင်ဟို

ယူနိုက်တက် ပရိသတ်တွေ အတွက် သတင်းကောင်း တစ်ခု ပြောကြား သွားတဲ့ #မော်ရင်ဟို

စပိန် လက်ရွေးစင် နံပါတ် တစ် ဂိုးသမား ဖြစ်တဲ့ ဒီဂီယာ ဟာ ရာသီ ကုန် မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး သွားဖို့ ရှိနေ ပါတယ် ။ ယူနိုက်တက် ဖက် ကတော့ ယခင် ချုပ်ဆို ထား ခဲ့တဲ့ စာချုပ် အရ ဒီဂီယာ ကို နောက်ထပ် တစ်နှစ် စာချုပ် သက်တမ်း တိုးမြှင့် ခွင့် ပိုင်ဆိုင် ထားခဲ့ ပါတယ် ။

သို့ပေမဲ့ ယူနိုက်တက် ဖက် ကတော့ အထူး လက်စွမ်းကောင်း တွေ ပိုင်ဆိုင် ထားတဲ့ ဒီဂီယာ ကို စာချုပ် သက်တမ်း တိုးမြှင့် ပြီး အသင်း မှာ ကာလ ရှည် နေလို စေနေ ပါတယ် ။ ယူနိုက်တက် နည်းပြ မော်ရင်ဟို ကိုယ်တိုင် က လည်း စပိန် လက်ရွေးစင် ကို အသင်း မှာ ရှေ့ဆက် ရှိနေ စေဖို့ လုပ်ဆောင် နိုင် လိမ့်မယ် လို့ ယုံကြည် နေ ပါတယ် ။

ယူနိုက်တက် ဖက် ကတော့ အသင်း အတွက် အမြဲ လက်စွမ်း ကောင်း ပြသ ရင်း ဂိုးပေါက် ကို အကောင်းဆုံး ကာကွယ် ပေးနေ ခဲ့တဲ့ ဒီဂီယာ ကို လက်လွတ် ဆုံးရှုံး ရမှာ စိုးရိမ် နေ ပါတယ် ။ လက်ရှိ အချိန် မှာ တော့ သူ့ကို ခေါ်ယူ ဖို့ အတွက် ပြင်သစ် ချန်ပီယံ PSG နဲ့ အီတလီ ချန်ပီယံ ဂျူဗင်တပ် တို့ က စိတ်ဝင်စား မှု တွေ ပြသ နေကြ ပါတယ် ။

ယူနိုက်တက် နည်းပြ ဟိုဆေး မော်ရင်ဟို ကတော့ ယန်းဘွိုင်း အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ ထိပ်တန်း လက်စွမ်း ကောင်း ပြသ ထားနိုင် ခဲ့တဲ့ ဒီဂီယာ ကို ပွဲ အပြီး သတင်းစာ ရှင်းလင်း ပွဲ မှာ ‘ သူဟာ ကမ္ဘာ့ အဆင့် ကစားသမား ပါ ‘ လို့ ထုတ်ဖော် ချီးကျူ သွားခဲ့ လိုက် ပါတယ် ။

” သူ ( ဒီဂီယာ ) ဟာ ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား တစ်ဦး ပါ ။ အကယ်လို့ ခင်ဗျား ဟာ ကမ္ဘာ့ အကြီးမား ဆုံး ကလပ် ဖြစ်ချင် ရင် ၊ အောင်မြင် မှု တွေ ရယူ နိုင်တဲ့ ကလပ် ဖြစ်ချင် ရင် ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား တစ်ဦး ကို မဖြစ် မနေ လိုအပ် ပါ လိမ့်မယ် ။ ဒါ့အပြင် အခြား ကမ္ဘာ့ အကောင်းဆုံး ကစားသမား အချို့ ကိုလည်း လိုအပ် ပါတယ် ”

” ကျွန်တော် တို့ အသင်း မှာ ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား ရှိနေ ပါပြီ ။ ကျွန်တော် က တော့ သူ အသင်း မှာ ပဲ ရှေ့ဆက် ရှိလိမ့် မယ် ဆိုတာ သိနေ ပါတယ် ။ သူရဲ့ အေးဂျင့် ကလည်း ဒီဂီယာ ရဲ့ လက်ရှိ အနေအထား အပေါ် ပျော်ရွှင် နေပြီး ကလပ် အသင်း ၊ ဘုတ် အဖွဲ့ ကလည်း သူ့ကို အသင်း မှာပဲ ရှေ့ဆက် ရှိနေ စေလို ကြ ပါတယ် ။ ကျွန်တော် တို့ အဲ့ဒီ ကိစ္စ နဲ့ ပတ်သက် ပြီး အလုပ်တွေ ဆက်လုပ် နေကြ ပါတယ် ”

” ဒါ့ကြောင့် သိပ် မကြာခင် ၊ ဒါမှာ မဟုတ် နောက်ပိုင်း မှာ ကျွန်တော် တို့ ဒါကို လုပ်ဆောင် နိုင် လိမ့်မယ် လို့ ကျွန်တော် မျှော်လင့် နေ ပါတယ် ” လို့ မော်ရင်ဟို က ဒီဂီယာ ရဲ့ အနာဂတ် နဲ့ ပတ်သက် ပြီး ပရိသတ် တွေ အတွက် ဝမ်းသာ ဖွယ် သတင်း တစ်ရပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒီဂီယာ ကတော့ အက်သလက်တီကို မက်ဒရစ် အသင်း မှ အိုးလ် ထရပ်ဖို့ ကို ရောက်ရှိ လာတဲ့ 2011 ခုနှစ် တုန်းက ရုန်းကန် ခဲ့ရ ပေမဲ့ နောက်ပိုင်း မှာ တော့ အခက်အခဲ တွေ ကို ကျော်လွန် ပြီး ထူးခြား ကောင်းမွန် တဲ့ လက်စွမ်း ကောင်းတွေ ဆက်တိုက် ပြသ နိုင်ခဲ့ ပါတယ် ။

ထို့အတူ သူဟာ ယူနိုက်တက် နဲ့ အတူ ပရီးမီးယား လိဂ် ၊ လိဂ်ဖလား ၊ FA ဖလား ၊ ကွန်မြူနတီ ဒိုင်း နဲ့ ယူရိုပါ လိဂ် ဖလား တို့ ကို ရယူ ဆွတ်ခူး နိုင်ခဲ့ ပါတယ် ။ ဒါတွင် မက သူဟာ ယူနိုက်တက် အသင်း ရဲ့ သမိုင်း တစ်လျောက် ဘယ်သူ မှ မရယူ နိုင်ခဲ့ ဖူးတဲ့ အသင်း ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု ကို လေးကြိမ် အထိ ရယူ ထားနိုင် ခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ နောက်ပိုင်း နှစ် တွေမှာ ယိုယွင်း နေတဲ့ ခံစစ် ကြောင်း ကို ပိုင်ဆိုင် ထားခဲ့ ပေမဲ့ ဒီဂီယာ ဟာ အဆိုပါ ယိုပေါက် တွေကို အကောင်းဆုံး လက်စွမ်း တွေနဲ့ ဖာထေး ပေးနိုင် ခဲ့ ပါတယ် ။

ဒါ့ အပြင် ဒီနေ့ နံနက် ချန်ပီယံ လိဂ် ပြိုင်ပွဲ အဖြစ် ယန်းဘွိုင်း အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ လည်း သူဟာ ကမ္ဘာ့ အဆင့် ထိပ်တန်း လက်စွမ်း ကောင်း တွေ ထပ်မံ ပြသ ထားနိုင် ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ တော့ ဖယ်လိုင်နီ ရဲ့ တစ်လုံး တည်းသော နောက်ကျ သွင်းဂိုး က ယူနိုက်တက် တို့ကို ချန်ပီယံ လိဂ် ပြိုင်ပွဲ မှာ နောက် တစ်ဆင့် တက်ရောက် စေနိုင် ခဲ့ပါတယ် ။

 

အမ်ဘာပေးဟာ နေမာရဲ့ အဆင့်အတန်းကို မရောက်သေးပါဘူးလို့ ဆိုလိုက်တဲ့ ဒန်နီအဲလ်ဗက်စ်

အမ်ဘာပေးဟာ နေမာရဲ့ အဆင့်အတန်းကို မရောက်သေးပါဘူးလို့ ဆိုလိုက်တဲ့ ဒန်နီအဲလ်ဗက်စ်

 

အသက် (၁၉) နှစ်အရွယ် အမ်ဘာပေးကို ကမ္ဘာ့အဆင့်ရှိတဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ထားကြပေမယ့်လည်း ၄င်းရဲ့ ပီအက်စ်ဂျီအသင်းဖော် ဒန်နီအဲဗက်စ်ကတော့ အမ်ဘာပေးအနေနဲ့ တိုးတက်လာဖို့အများကြီးလိုသေးတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒန်နီအဲလ်ဗက်စ်ဟာ အမ်ဘာပေးအနေနဲ့ သူ့ရဲ့တိုက်စစ်အသင်းဖော် နေမာရဲ့အဆင့်အတန်းမျိုးရောက်ရှိအောင် အများကြီးအလုပ်ကြိုးစားရဦးမယ်လို့ ဆိုလိုက်ပါတယ်။ အမ်ဘာပေးဟာ ၂၀၁၈ ခုနှစ်ထဲမှာပီအက်စ်ဂျီအသင်းနဲ့အတူ ပြည်တွင်းအောင်မြင်မှုတွေရရှိခဲ့ပြီး နိုင်ငံအသင်းနဲ့လည်း ကမ္ဘာ့ဖလားဆွတ်ခူးရရှိခဲ့တဲ့အပြင် လက်ရှိဘောလုံးရာသီမှာလည်း အကောင်းဆုံးပုံစံကို ပြသလျက်ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးသား အဲလ်ဗက်စ်ကတော့အမ်ဘာပေးအနေနဲ့ ဒီထက်ပိုမိုတိုးတက်လာဖို့ လုပ်ဆောင်သွားရဦးမယ်လို့ ယုံကြည်နေပါတယ်။

 

 

Goal သတင်းဌာနကိုပြောကြားရာမှာတော့ အဲလ်ဗက်စ်က “နေမာနဲ့ အမ်ဘာပေးတို့ဟာ လက်ရှိအချိန်မှာ မတူညီတဲ့အဆင့်အတန်းတွေမှာရှိနေကြတာပါ၊ အမ်ဘာပေးဟာ ဘောလုံးလောကမှာ သမိုင်းတွင်တဲ့ကစားသမားဖြစ်လာမှာပါ၊ ဒါပေမယ့်ကျွန်တော့်အထင်ကတော့ နေမာဟာ အဆင့်အတန်းတစ်ခုကို ရောက်ရှိပြီးဖြစ်ပါတယ်၊ အမ်ဘာပေးကတော့ နေမာ့လို အဆင့်အတန်းတစ်ခုကို ရောက်ဖို့အတွက် လမ်းခုလတ်မှာပဲ ရှိပါသေးတယ်၊ ဒါပေမယ့် အမ်ဘာပေးဟာ ထူးချွန်ပါတယ်၊ သူ့အနေနဲ့ နေမာဆီက သင်ယူလို့ရတဲ့ အခွင့်အလမ်းတွေကို ဖြုန်းတီးမယ်လို့ မထင်ပါဘူး၊ ဒီလိုပြောတာကလည်း နေမာဟာ လီယွန်နယ်(မက်ဆီ)
ဆီကနေ အများကြီးသင်ယူခဲ့လို့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

 

 

ဆက်လက်ပြီး အဲလ်ဗက်စ်က အမ်ဘာပေးကို သူတတ်နိုင်သလောက်ကူညီသွားမှာ ဖြစ်ကြောင်းပြောကြားသွားခဲ့ပါတယ်။’”ကျွန်တော်ဟာ ဘယ်သူမှ မရှိတဲ့အချိန်မျိုးမှာ ကူညီပေးဖို့ အသင့်ရှိချင်နေသူတစ်ဦးဖြစ်ပါတယ်၊ ကျွန်တော့်အနေနဲ့ အမ်ဘာပေးအတွက် အမြဲတမ်းပဲ ရှိနေမှာပါ၊ သူ့အနေနဲ့ စွမ်းဆောင်ရည်တွေ မကောင်းတဲ့အခါမျိုးမှာ ကျွန်တော့်အနေနဲ့ သူ့အတွက် အရေးကြီးတဲ့ သူမျိုးဖြစ်ချင်ပါတယ်၊ သူ့ကို ကျွန်တော်ကူညီနိုင်မယ်လို့ ထင်ပါတယ်၊ ဒီထက်ပိုပြီး ကောင်းမွန်တဲ့လူတစ်ဦးဖြစ်အောင်ပေါ့၊ ကစားသမားတစ်ယောက်အနေနဲ့ တစ်စုံတစ်ယောက်ကို တိုးတက်လာအောင်လုပ်ဖို့ခက်ပါတယ်၊ ဒါပေမယ့်လည်း ပိုကောင်းတဲ့လူတစ်ဦးဖြစ်လာအောင်တော့ လုပ်ဖို့ပိုမိုလွယ်ကူပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အဲဗာတန် အသင်း နဲ့ အပြောင်းအရွေ့ အပေါ် ဘယ်လို တုန့်ပြန် ခဲ့သလဲ ဆိုတာကို ထုတ်ဖော်လိုက်တဲ့ လီဗာပူးစတား ရှကီရီ

အဲဗာတန် အသင်း နဲ့ အပြောင်းအရွေ့ အပေါ် ဘယ်လို တုန့်ပြန် ခဲ့သလဲ ဆိုတာကို ထုတ်ဖော်လိုက်တဲ့ လီဗာပူးစတား ရှကီရီ

ဇာဒန် ရှကီရီ ဟာ လီဗာပူး အသင်း အတွက် နောက်ပိုင်း ပွဲစဉ် တွေမှာ ခြေစွမ်းပြ ကစား လာခဲ့ပြီး အန်ဖီး ပရိတ်သတ် တွေ ကြားမှာ ရေပန်းစား နေတဲ့ သူ အဖြစ် ကိုယ့်ကိုယ်ကို ရပ်တည် နေပါတယ်။

လက်ရှိ မှာတော့ ရှကီရီ က သူဟာ လီဗာပူး ရဲ့ မြို့ခံ ပြိုင်ဘက် ဖြစ်တဲ့ အဲဗာတန် ဘက်က အပြောင်းအရွေ့ အတွက် မေးမြန်းမှု ကို ခံခဲ့ ရချိန်မှာ ဘယ်လို တုန့်ပြန် ခဲ့သလဲ ဆိုတာ ကို ထုတ်ဖော် လိုက်ပြီး ရှကီရီ ရဲ့ တုန့်ပြန် ခဲ့မှုဟာ လီဗာပူး ပရိတ်သတ် တွေကြားမှာ ပိုမို ပေါ်ပြူလာ ဖြစ်သွား နိုင်ပါတယ်။

အသက် ၂၇ နှစ် အရွယ် ဆွစ်ဇာလန် လက်ရွေးစင် ရှကီရီ ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ က ပရီးမီးယားလိဂ် ကနေ တန်းဆင်း ခဲ့ရတဲ့ စတုတ်စီးတီး အသင်း ကနေ ပေါင် ၁၃ သန်း နဲ့ ရောက်လာ ခဲ့တာ ဖြစ်ပါတယ်။

ရှကီရီ ဟာ ကနဦး မှာတော့ အသင်း မှာ အထိုင် ကျဖို့ အတွက် အဓိက ကြိုးစား ခဲ့ရပြီး ပွဲကစားခွင့် နည်းပါး ခဲ့ပေမယ့်လည်း နောက်ပိုင်း ပွဲစဉ် တွေမှာတော့ ယာဂန်ကလော့ ရဲ့ ပထမ အသင်း မှာ နေရာ ရလာ ခဲ့ပြီး ကစားခွင့် ရခဲ့တဲ့ ပွဲတိုင်း နီးပါး ခြေစွမ်းပြ ကစား နိုင်ခဲ့ တာကြောင့် အသင်း ရဲ့ အဓိက ကစားသမား တစ်ဦး အဖြစ် ရပ်တည် လာနိုင်ပြီ ဖြစ်ပါတယ်။

ဆွစ်ဇာလန် လက်ရွေးစင် ဟာ ဒီရာသီ လီဗာပူး အတွက် ၁၂ ပွဲ ကစားခွင့် ရခဲ့ပြီး ၂ ဂိုး သွင်းကာ ၃ ဂိုး ဖန်တီးပေး နိုင်ခဲ့ ပါတယ်။ ရှကီရီ ဟာ လာမည့် ဗုဒ္ဓဟူးနေ့ ည ပီအက်ဂျီ နဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာ ပွဲကစားခွင့် ရနိုင်တဲ့ အပြင် လာမည့် တနင်္ဂနွေနေ့ အဲဗာတန် အသင်း နဲ့ အန်ဖီး မှာ ကစား ရမယ့် မာဆေးဆိုက် ဒါဘီ မှာလည်း ပွဲထွက် ပါဝင် လာဖို့ ရှိနေ ပါတယ်။

မာဆေးဆိုက် ဒါဘီ မတိုင်မီ ရှကီရီ က သူ ဟာ စတုတ် မှာ ကစား ခဲ့စဉ် တုန်းက ဂွတ်ဒီဆင်ပက် ကို ပြောင်းရွေ့ဖို့ ကိစ္စ နဲ့ ပက်သက်ပြီး မေးမြန်း ခံခဲ့ ရကြောင်း ပြောပြ သွားခဲ့ပြီး သူဟာ လီဗာပူး ရဲ့ မြို့ခံ ပြိုင်ဘက်ကို ပြောင်းရွေ့ဖို့ အတွက် စိတ်ကူး မရှိ ခဲ့ဘူးလို့ ထုတ်ဖော် သွားပါတယ်။

ရှကီရီ က “ဒါဟာ လီဗာပူး ကို ရောက်လာ ခဲ့ပြီးနောက် ကျွန်တော့်ရဲ့ ပထမဦးဆုံး ဒါဘီ ပွဲစဉ် ပါပဲ။ ဒါ့ကြောင့် ဒီပွဲဟာ ကျွန်တော့် အတွက် စပယ်ရှယ် ပွဲတစ်ပွဲ ဖြစ်လာ မှာပါ။ ဒီလို ဒါဘီ တွေရဲ့ အငွေ့အသက် တွေကို ကျွန်တော် မြင်ချင် ခံစားချင် ပါတယ်။ ကျွန်တော် ဒီပွဲ နဲ့ ပက်သက်ပြီး ရင်ခုန် စိတ်လှုပ်ရှား နေပါပြီ။

အဲဗာတန် ပရိတ်သတ် တစ်ဦး က ကျွန်တော် စတုတ်စီးတီး အသင်း မှာ ကစား နေစဉ် တုန်းက …ကျွန်တော့်ကို ပြောခဲ့ပါတယ်။ ‘မင်း အဲဗာတန် အသင်း ကို ပြောင်းလာ မလား?” ဆိုပြီး တော့ပါ။ ကျွန်တော် ပြန်ပြောင်းလိုက် ပါတယ်။ “No, အဲဗာတန် ကို လာမှာ မဟုတ်ဘူး”

အဲဗာတန် ပရိတ်သတ် တွေ ကတော့ ရှကီရီ ကို မခေါ်နိုင်တဲ့ အတွက် သိပ်ပြီးတော့ စိတ်ပျက် နေစရာ မရှိ ပါဘူး။ အဲဗာတန် ခေါ်ယူထားတဲ့ ကစားသမား သစ်တွေ ဖြစ်ကြတဲ့ ရစ်ချယ်လဆင် ၊ ဘားနက် တို့ဟာ ခြေစွမ်းပြ နေပြီး အခြား တိုက်စစ် ကစားသမား တွေ ဖြစ်ကြတဲ့ ၀ဲလ်ကော့ နဲ့ လွတ်မန်း တို့လည်း စွမ်းဆောင်ရည် ကောင်းမွန် နေပါတယ်။

အဲဗာတန် နောက်ခံလူ ရှိန်းမတ်စ် ကိုးမန်း ကတော့ မာဆေးဆိုက် ဒါဘီ မတိုင်မီ အဆိုပါ ပွဲအတွက် ယုံကြည်မှု ရှိနေ ပါတယ်။

ကိုးမန်း က “ကျွန်တော်တို့ အန်ဖီး မှာ အသင်းရဲ့ ကစားပုံ သာမက ဘာတစ်ခု မှ ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သူတို့ ဆီကို သရေ တစ်မှတ် အတွက် သွားမှာ မဟုတ် ပါဘူး။ မန်နေဂျာ ဟာ ပွဲတိုင်း ကို နိုင်ဖို့ အတွက် ပဲ လုပ်ဆောင် ပါတယ်။ အားလုံး အကောင်းဆုံး လုပ်ပြ နိုင်မယ်လို့ မျှော်လင့် ထားပါတယ်။ ကျွန်တော်တို့ ခေါ်ယူ ထားခဲ့တဲ့  ကစားသမား တွေကြောင့် ကျွန်တော်တို့ဟာ ဒါဘီ ကို လန်းဆန်းသစ်လွင် တဲ့ ချည်းကပ်မှု လုပ်သွား နိုင်မှာပါ။”

မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစားဖို့ ဆိုရင် သည်းခံမှုရှိမှရမယ်လို့ပြောလိုက်တဲ့ လုခ်ရှော

မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစားဖို့ ဆိုရင် သည်းခံမှုရှိမှရမယ်လို့ပြောလိုက်တဲ့ လုခ်ရှော

အင်္ဂလန် လက်ရွေးစင် ကစားသမား လေး ဖြစ်တဲ့ လုခ်ရှော ဟာ လွန် ခဲ့တဲ့ နှစ် အနည်းငယ် အတွင်း နည်းပြ ဟိုဆေး မော်ရင်ဟို လက်အောက် မှာ ပေါ်တူဂီ သား ရဲ့ ဝေဖန်မှု တွေ မကြာခန ဆိုသလို ရရှိ ထားခဲ့ ပေမဲ့ သူဟာ ဘယ်တုန်း ကမှ အငြိုး ထား တုန့်ပြန် ခြင်း မရှိ ခဲ့ ပါဘူး ။

အခု တော့ လုခ်ရှော က နည်းပြ မော်ရင်ဟို လက်အောက် မှာ ကစား ဖို့ အတွက် ဆိုရင် အရည်ထူ ဖို့ လိုအပ် ကြောင်း ၊ ကမ္ဘာ့ အကြီးဆုံး ကလပ် အတွက် အကောင်းဆုံး တိုက်ပွဲ ဝင် ကစား ပေးဖို့ ယူနိုက်တက် အသင်း ဖော် တွေ ကို တိုက်တွန်း သွားခဲ့ လိုက် ပါတယ် ။

အကယ်လို့ ယူနိုက်တက် က ဟာ ဒီနေ့ ည ပွဲစဉ် မှာ ယန်းဘွိုင်း ကို အနိုင် ယူပြီး အုပ်စု ပြိုင်ဖက် ဗလန်စီယာ အသင်း ဟာ အီတလီ ထိပ်သီး ဂျူဗင်တပ် ကို ရှုံးနိမ့် သွား ခဲ့ရင် ယူနိုက်တက် တို့ နောက် တစ်ဆင့် ကို အခက် အခဲ မရှိ သေချာ ပေါက် တက်ရောက် သွားနိုင် မှာ ပဲ ဖြစ် ပါတယ် ။

လုခ်ရှော ဟာ ယူနိုက်တက် မှာ မော်ရင်ဟို နဲ့ အတူ လက်တွဲ ပြီး ကစား ခဲ့တဲ့ ကာလ အတွင်း နည်းပြ ဖြစ်သူ ရဲ့ လူသိရှင်ကြား ဝေဖန် မှု တွေ ကို အကြိမ် များစွာ ခံ ခဲ့ရ ပေမဲ့ ဆောက်သမ်တန် ကစားသမား ဟောင်း ဟာ ဒီ ရာသီ အသင်း နဲ့ အတူ စာချုပ် သက်တမ်း ထပ်မံ တိုးမြှင့် သွားခဲ့ ပါတယ် ။

လုခ်ရှော ဟာ ဒီ ရာသီ ယူနိုက်တက် မှာ ခြေစွမ်း ကောင်း တွေ ပြန်လည် ပြသ နိုင် ခဲ့တဲ့ အတွက် အသင်း ဖက် က သူ့ကို စာချုပ် သက်တမ်း တိုးမြှင့် ခဲ့တာ ပဲ ဖြစ် ပါတယ် ။ အခု တော့ ယန်းဘွိုင်း အသင်း နဲ့ ကစား ရမဲ့ ချန်ပီယံ လိဂ် ပွဲစဉ် မတိုင်မီ လုခ်ရှော က ပြတ်သား တဲ့ ဆုံးဖြတ် ချက်တွေ အတွက် ခြေစွမ်း ကောင်း တွေ နဲ့ အတူ သက်သေ ပြ သွားဖို့ အသင်း ဖော် တွေကို တိုက်တွန်း သွားခဲ့ လိုက် ပါတယ် ။

” ဒီ မန်နေဂျာ နဲ့ ယူနိုက်တက် အတွက် ကစား ပေး ရမယ် ဆိုရင် ခင်ဗျား ဟာ အရည်ထူ ဖို့ လိုအပ် ပါတယ် ။ ကျွန်တော် တို့ အားလုံး ဟာ မန်နေဂျာ ၊ ကလပ် နဲ့ ပရိသတ် တွေ အတွက် တိုက်ပွဲ ဝင် ပေးဖို့ လိုအပ် နေ ပါပြီ ။ ကောင်းမွန် တဲ့ အရာ တွေ ဖြစ်လာဖို့ ရှိနေ တယ်လို့ သိနေ ခဲ့တဲ့ အတွက် ကျွန်တော် အသင်း နဲ့ အတူ စာချုပ် သက်တမ်း တိုးမြှင့် ခဲ့တာ ပါ ”

” ဒါဟာ ကမ္ဘာ့ အကြီးမား ဆုံး ကလပ် တစ်ခု ပါ ။ ဒါ့ကြောင့် ယူနိုက်တက် ကစားသမား တစ်ဦး ဖြစ်တဲ့ အနေ နဲ့ ကျရောက် လာတဲ့ ဝေဖန် မှု တွေကို ကျွန်တော် တို့ ခံယူ ရမှာ ဖြစ်ပြီး ဆက်လက် ကြိုးစား သွား ရမှာ ပါ ။ ကျွန်တော် တို့ ဟာ ကလပ် အတွက် ၊ ပရိသတ် တွေ အတွက် တိုက်ပွဲ ဝင်ဖို့ လိုအပ် နေ ပါပြီ ” လို့ လုခ်ရှော က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် ဟာ ပြီး ခဲ့တဲ့ စနေ နေ့ က ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ ခရစ္စတယ် ပဲလေ့စ် အသင်း နဲ့ ရင်ဆိုင် ခဲ့ ရပြီး ဂိုး မရှိ သရေ ရလဒ် ထွက်ပေါ် ခဲ့ ပါတယ် ။ ထို့ အတူ ယူနိုက်တက် နဲ့ ဟိုဆေး မော်ရင်ဟို ဟာ လည်း ကြီးမား တဲ့ ဖိအား တွေ အောက် ဆက်လက် ကျရောက် ခဲ့ ရပြီး ခက်ခဲ တဲ့ ရာသီ တစ်ခု ပိုင်ဆိုင် ခဲ့ရ ပါတယ် ။

” ဖြစ်ပျက် ခဲ့တဲ့ အရာ တွေက တစ်ကယ့် ကို လက်ခံ ရ ခက်ခဲ လှ ပါတယ် ။ ဒါကို စောင့်ကြည့် ရတာ တစ်ကယ့် ကို စိတ်ပျက် ဖွယ် ပါပဲ ။ ဒါပေမဲ့ အသင်း တစ်ခု အနေ နဲ့ ကျွန်တော် တို့ ဒီထက် အများကြီး ပိုကောင်း အောင် လုပ်ဆောင် ပြ နိုင်တယ် လို့ ယုံကြည် နေ ပါတယ် ”

” ကျွန်တော် တို့ ဒီ တစ်ပါတ် အတွင်း တစ်ကယ် ပဲ ကြိုးကြိုးစားစား လေ့ကျင့် ခဲ့ကြ ပါတယ် ။ ကျွန်တော် တို့ တစ်ဦး အပေါ် တစ်ဦး တစ်ကယ် ပဲ ဖေးဖေးမမ အလုပ် လုပ်နေ ကြတာ ပါ ။ အချို့ ပွဲတွေ မှာ ဆိုရင် ကျွန်တော် တစ်ကယ် ပဲ ကောင်းကောင်း မကစား ပြနိုင် ခဲ့ ပါဘူး ”

” ကျွန်တော် တို့ ဒီကို လာပြီး ကောင်းမွန် တဲ့ စကား တွေ ပြောတာ က တစ်ကယ် ပဲ လွယ်ကူ လှ ပါတယ် ။ ဒါပေမဲ့ ကျွန်တော် တို့ ပြော ခဲ့တာ တွေကို ကွင်းထဲ မှာ သက်သေ ပြသွား နိုင်ဖို့ အမှန်တကယ် လိုအပ် ပါတယ် ”

” အသင်း ရဲ့ အဝတ်လဲ ခန်း ထဲမှာ ရှိနေ တဲ့ သူတိုင်း က ဖိုက်တာ တွေ ဆိုတာ ကျွန်တော် သိ ပါတယ် ။ ဆု ဖလား တွေ ဆွတ်ခူး လို ကြတဲ့ ကျွန်တော် တို့ အားလုံး တစ်ဦး အပေါ် တစ်ဦး ဖေးဖေးမမ အလုပ် လုပ်ရ ပါ့မယ် ”

” ကျွန်တော် တို့ ဖိုက်တာ မဟုတ် ဘူး လို့ ခင်ဗျားလာ ပြောလို့ မရ နိုင် ပါဘူး ။ ကျွန်တော် တို့ အားလုံး က ဒီ လိဂ် ရဲ့ အကောင်းဆုံး အသင်း ဖြစ်ချင် နေကြ တဲ့ သူတွေ ချည်း ပါပဲ ” လို့ လုခ်ရှော က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယခုနှစ် ချယ်လ်ဆီး အသင်း ရဲ့ အဓိက ရည်ရွယ်ချက် ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အတွက်သာ ဖြစ်ကြောင်း ဖွင့်ဟ ခဲ့တဲ့ #ဒရော့ဘာ

ယခုနှစ် ချယ်လ်ဆီး အသင်း ရဲ့ အဓိက ရည်ရွယ်ချက် ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အတွက်သာ ဖြစ်ကြောင်း ဖွင့်ဟ ခဲ့တဲ့ #ဒရော့ဘာ

ချယ်လ်ဆီး အသင်း ရဲ့ ဂန္တဝင် တိုက်စစ်မှူး ဟောင်း ဒီဒီယာ ဒရော့ဘာ က ၄င်းရဲ့ အသင်း ဟောင်း ဟာ ပြီးခဲ့တဲ့ တော့တင်ဟမ် နဲ့ ပွဲစဉ် မှာ ရှုံးနိမ့် ခဲ့ပေမယ့် မကြာခင် မှာ အနိုင် ရဖို့ ကြိုးစား မှာ ဖြစ်ကြောင်း နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို စိန်ခေါ် မှာ ဖြစ်ကြောင်း တိုကျို မှာ ပြုလုပ် တဲ့ ချယ်လ်ဆီး ပရိသတ် များ နဲ့ တွေ့ဆုံ ပြီး အမေးအဖြေ များ ပြုလုပ် ခဲ့တဲ့ အစီအစဉ် မှာ ဖြေကြား ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ တော့တင်ဟမ် နဲ့ ပွဲစဉ် မတိုင်ခင် အထိ မန်စီးတီး ၊ လီဗာပူး တို့ နည်းတူ ပရီးမီးယားလိဂ် ရှုံးပွဲ မရှိ ခဲ့ပေမယ့် တော့တင်ဟမ် နဲ့ ပွဲ မှာတော့ ထို မှတ်တမ်း ဟာ ပျက်ပြယ် ခဲ့ရတာ ဖြစ်ပါတယ် ။ ထို့ အတွက် ကြောင့် ချယ်လ်ဆီး အသင်း ဟာ အမှတ် ပေး ဇယား မှာလည်း အဆင့် ၄ နေရာ ကို ဆင်းပေး ခဲ့ရ ပါတယ် ။

ထို ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ဟာ တော့တင်ဟမ် အသင်း ကို ခြေစွမ်းပိုင်း အရ ၊ ရလဒ်ပိုင်း အရ ယှဉ်နိုင်စွမ်း မရှိ ခဲ့ပဲ ရှုံးနိမ့် ခဲ့တာ ဖြစ်ပါတယ် ။ သို့ ပေမယ့် လည်း ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ်မှူး ဟောင်း ဒီဒီယာ ဒရော့ဘာ က တော့ ၄င်း ရဲ့ အသင်းဟောင်း ဟာ မကြာခင် မှာ ရလဒ် ကောင်း တွေ ပြန်လည် ရယူ နိုင်လိမ့်မယ် လို့ မျှော်လင့် ထားကြောင်း ပြောကြား ခဲ့ပါတယ် ။

ဒရော့ဘာ က ” ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ စွမ်းရည်ကောင်း တွေ ပြသ ထားနေ ပါတယ် ။ အခုလို ရှုံးပွဲ ကြုံတွေ့ ရတယ် ဆိုတာ ဘောလုံး လောက မှာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ အနေအထား တွေပါ ။ ပြီးခဲ့တဲ့ ပွဲစဉ် မှာ ရှုံးပွဲ မကြုံတွေ့ ရခဲ့ဘူး ဆိုရင် တောင် နောင်တချိန် မှာ ရှုံးနိုင် တဲ့ ပွဲစဉ် တွေ ရှိနိုင် ပါတယ် ။ ”

” တော့တင်ဟမ် ကို ရှုံးနိမ့် ခဲ့ရတာ ကတော့ ဘယ်တော့ မှ ကောင်းတဲ့ အရာ ဖြစ်လာ မှာ မဟုတ်ပါဘူး ။ ဘာကြောင့် လဲ ဆိုတော့ ဒါ ဟာ ဒါဘီ ပွဲစဉ် ဖြစ်သလို အဲ့ဒီ ပွဲစဉ် မှာ သူတို့ က ကျွန်တော် တို့ အသင်း ကို အသာ ရခဲ့လို့ ပါပဲ ။ ကျွန်တော် ကတော့ ချယ်လ်ဆီး အနေနဲ့ ဒီ အရှုံး ရလဒ် ကနေ အမြန်ဆုံး ပြန်လာ နိုင်ဖို့ မျှော်လင့် ထားပါတယ် ။ ”

” ဒီ အရှုံး ရလဒ် ကနေ အကောင်းဆုံး သင်ခန်းစာ ပြန်ယူ ပြီး နောက်ပိုင်း မှာ နိုင်ပွဲ တွေ ဆက်တိုက် ပြန်ရ အောင် စွမ်းဆောင် နိုင်ဖို့ လိုပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ ရည်မှန်းချက် ပန်းတိုင် က ပရီးမီးယားလိဂ် ချန်ပီယံ ဆု ကို ရရှိ ဖို့ပါ ။ ခင်ဗျား အနေနဲ့ ချယ်လ်ဆီး လို အသင်းကြီး တသင်း အတွက် ကစား ပေးနေ ရပြီ ဆိုရင် နှစ်စဉ် နှစ်တိုင်း ဆုဖလား တခုခု ရယူ ဖို့ မျှော်လင့်ချက် ထားရမှာ ပါပဲ ။ ”

” ဒီနှစ် ဘောလုံး ရာသီ မှာ အသင်း ဟာ ကောင်းသော စတင်မှု နဲ့ စတင် ထားတာ ကြောင့် မကြာခင် မှာ ဒီ အရှုံးရလဒ် ကနေ ပြန်လာ မှာ အသေအချာ ပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဆက်လက်ပြီး ဒရော့ဘာ က သူ့ရဲ့ ရှေ့ဆက် ရမယ့် ဘဝ ခရီး အတွက် ဘယ်လို ပုံစံ နဲ့ ဖြတ်သန်း ဖို့ စဉ်းစား ထားသလဲ ဆိုတာ နဲ့ ပတ်သက်ပြီး လည်း ဖွင့်ဟ ခဲ့ပါတယ် ။

ဒရော့ဘာ က ” ကျွန်တော့ ရဲ့ ရှေ့ဆက် ရမယ့် ခရီး အတွက် ကျွန်တော် ပုံစံ ၂ မျိုး ရာထား ပါတယ် ။ တခု က မန်နေဂျာ လောက ထဲ ဝင်ဖို့ ။ တခု က ကျွန်တော် ဟာ ကစားသမား ဘဝ နဲ့ ဆက် သွားချင် ပါသေးတယ် ။ ကျွန်တော် ဟာ လိဂ် အမျိုးမျိုး မှာ ကစား ခဲ့ဖူး သလို ရောက်ခဲ့တဲ အသင်း တွေမှာ လည်း မှတ်တမ်းကောင်း တခုခု ချန်ထား တတ်ပါတယ် ။ ”

” ကျွန်တော့ အတွက် သာမန် လူသား တယောက် အနေနဲ့ မတူညီ တဲ့ နိုင်ငံ တွေမှာ အခုလို ကစား ရတာ ဟာ အတွေ့အကြုံ ကောင်း တခု ကို ရရှိ လိုက်ခြင်း ပါပဲ ။ ကျွန်တော် ဟာ ဒီ ကမ္ဘာ ကြီး ပေါ် က လူသား တယောက်လို့ ကိုယ့်ကိုယ်ကို ခံယူ နိုင်ဖို့ က အရေးကြီး ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

လက်ရှိ အချိန် ယူနိုက်တက် အတွက် အသင့်တော်ဆုံး နည်းပြ က ဘယ်သူလဲ ဆိုတာ ထုတ်ဖော် ပြောကြား သွားတဲ့ #ဘန်နီမက္ကာသီ

လက်ရှိ အချိန် ယူနိုက်တက် အတွက် အသင့်တော်ဆုံး နည်းပြ က ဘယ်သူလဲ ဆိုတာ ထုတ်ဖော် ပြောကြား သွားတဲ့ #ဘန်နီမက္ကာသီ

2018 – 19 ရာသီ ဟာ ယူနိုက်တက် နည်းပြ ဟိုဆေး မော်ရင်ဟို အတွက် အစမ်းသပ် ခံ ရတဲ့ ကာလ ဖြစ်ပြီး ပေါ်တို မှာ တုန်း က ပေါ်တူဂီ သား နဲ့ အတူ လက်တွဲ အလုပ် လုပ်ခဲ့ ဖူးတဲ့ ဘန်နီ မက္ကာသီ က လက်ရှိ အချိန် မှာ သရဲနီ တို့ အတွက် ဟိုဆေး သာ အသင့်တော် ဆုံး နည်းပြ ဖြစ်တယ် လို့ ထောက်ခံ စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

လက်ရှိ အချိန် မှာ တော့ ယူနိုက်တက် ပရိသတ် အချို့ ဟာ မော်ရင်ဟို ရဲ့ နေရာ ကို အခြား ထိပ်တန်း နည်းပြ တစ်ဦး နဲ့ အစားထိုး လို ကြ ပေမဲ့ မက္ကာသီ က ယူနိုက်တက် အနေ နဲ့ လက်ရှိ အချိန် မှာ ဟိုဆေး ထက် ပိုကောင်း တဲ့ နည်းပြ တစ်ဦး ရှာဖွေ ရရှိ နိုင်မှာ မဟုတ်ဘူး လို့ အခိုင်အမာ ပြောကြား သွားလိုက် ပါတယ် ။

လက်ရှိ အချိန် ပရီးမီးယား လိဂ် ပွဲစဉ် 12 ပွဲ ကစား အပြီး မှာ ယူနိုက်တက် ဟာ အမှတ်ပေး ဇယား အဆင့် 8 နေရာ မှာ သာ ရှိနေ ပြီး ထိပ်ဆုံး နေရာ က မန်စီးတီး အသင်း အောက် 12 မှတ် အကွာ ၊ နံပါတ် လေး နေရာ က တော့တင်ဟမ် ဟော့ စပါး အောက် 7 မှတ် အကွာ မှာ ရှိနေ ပါတယ် ။

ဒါ့ကြောင့် ရလဒ် တွေ အပေါ် မကျေမနပ် ဖြစ်နေ ကြတဲ့ ယူနိုက်တက် ပရိသတ် အချို့ က နည်းပြ အပြောင်းအလဲ ဖြစ်စေ လို နေ ကြပြီး အခြား ထိပ်တန်း နည်းပြ တစ်ဦးကို မျှော်လင့် နေကြ တာပဲ ဖြစ် ပါတယ် ။

လက်ရှိ နည်းပြ မော်ရင်ဟို က တော့ ယခင် ကတည်းက ပရီးမီးယား လိဂ် မှာ သူ့ရဲ့ အစွမ်းအစ တွေ ကို ပြသ ထား ခဲ့သူ ဖြစ် ပြီး ချဲလ်ဆီး နဲ့ အတူ အမှတ်ပေး ဖလား သုံးကြိမ် အထိ ဆွတ်ခူး ပြထား နိုင်ခဲ့ ပါတယ် ။ လက်ရှိ အချိန် မှာတော့ ဂန္ဓဝင် နည်းပြ ဆာ အဲလပ်စ် ဖာဂူဆန် မရှိ တော့တဲ့ နောက် အပြောင်းအလဲ ကာလ အတွင်း ရလဒ် မတည်မငြိမ် ဖြစ်နေ ခဲ့တဲ့ ယူနိုက်တက် အသင်း ကို မော်ရင်ဟို ကိုင်တွယ် ခွင့် ရရှိ ထားခဲ့ တာပဲ ဖြစ် ပါတယ် ။

ဒါပေမဲ့ မော်ရင်ဟို အိုးလ် ထရပ်ဖို့ ကို ရောက်ရှိ လာခဲ့ တာ သုံး ရာသီ ရှိ ခဲ့ပြီ ဖြစ် ပေမဲ့ ယူနိုက်တက် ဟာ သိသိသာသာ တိုးတက် ကောင်းမွန် လာ ခဲ့ခြင်း မရှိ သေးတဲ့ အတွက် ဝေဖန် မှု တွေ များပြား နေ ခဲ့တာ ပဲ ဖြစ် ပါတယ် ။ ဒါပေမဲ့ မက္ကာသီ က တော့ မော်ရင်ဟို လို ပုဂ္ဂိလ် ရဲ့ နေရာ မှာ အစား ထိုးဖို့ အတွက် သိသာ ကောင်းမွန် တဲ့ နည်းပြ ရှိ မနေ ဘူး လို့ ယုံကြည်ကြောင်း ဖွင့်ဟ သွားလိုက် ပါတယ် ။

” တစ်ခါတရံ ခင်ဗျား တို့ ဘဝ မှာ တစ်ကယ့် ကို ဆိုးရွား လှတဲ့ အခိုက် အတန့် တွေ ပိုင်ဆိုင် ရလေ့ ရှိတက် ပါတယ် ။ အခု လည်း မော်ရင်ဟို က အဲ့ဒီ လို အချိန် မျိုး ပိုင်ဆိုင် နေတာ ပါ ။ ဟိုဆေး ဟာ အကောင်းဆုံး ပုံစံ နဲ့ ပြန်လာ လိမ့်မယ် ဆိုတာ 100 ရာခိုင်နှုန်း သေချာ ပါတယ် ”

” ယူနိုက်တက် အနေ နဲ့ ကမ္ဘာ့ အကောင်းဆုံး နည်းပြ တစ်ဦး ကို လွယ်လင့် တကူ မထုတ်ပယ် သင့်ဘူး လို့ ကျွန်တော် ထင် ပါတယ် ။ ထုတ်ပယ် မယ် ဆိုရင် ရော ဘယ်သူ နဲ့ အစား ထိုး မလဲ ? ခင်ဗျား တို့ ခေါ်လို့ ရနိုင် မဲ့ အထဲ မှာ ဟိုဆေး ထက် ပို ကောင်းတဲ့ နည်းပြ မရှိ ဘူး လို့ ကျွန်တော် ထင် ပါတယ် ”

” သူ့ ရဲ့ ပင်ကိုယ် စရိုက် နဲ့ သွင်ပြင် လက္ခဏာ တွေ က သူ ဟာ ဒါတွေ ကို ရင်ဆိုင် ဖြေရှင်း နိုင်တယ် ဆိုတာ သိသာ ထင်ရှား လှ ပါတယ် ။ ကျွန်တော် အတွက် တော့ သူဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အကောင်းဆုံး ၊ အသင့် တော်ဆုံး နည်းပြ ပါပဲ ”

” သူ့ အနေ နဲ့ အချိန် တွေ ဟာ ပြောင်းလဲ လာခဲ့ပြီ ဆိုတာ သိရှိ နားလည် ဖို့ လိုအပ် ပါတယ် ။ သူ့ အနေနဲ့ ကစားသမား တွေရဲ့ အတ္တ ၊ မာန တွေကို အနည်း နဲ့ အများ သိရှိ နားလည် ရ ပါ့မယ် ။ လူငယ် ကစားသမား တွေ ဆိုတာ ချစ်ခင် မှု ၊ ဂရုတစိုက် စောင့်ရှောက် မှု တွေကို အလို ရှိတက် ကြ ပါတယ် ”

” ဒါပေမဲ့ သူ ကတော့ ကစားသမား တွေ ရဲ့ အတ္တ မာန တွေ ကို သိပ်ပြီး နားလည် ပေးချင် တဲ့ သူ မျိုး မဟုတ် ပါဘူး ။ သူ ယုံကြည် တာ က ကစားသမား တွေ ကွင်းထဲ ရောက်ပြီ ဆိုတာ နဲ့ ပရော်ဖက်ရှင်နယ် ဆန်ဆန် ကစား ဖို့ ၊ တက်စွမ်း သမျှ ပေးဆပ် ကြဖို့ ပါပဲ ။ ဘာဖြစ်လို့လဲ ဆို တော့ ဒီ ကစားသမား တွေ က အဲ့ဒီ လို လုပ် ပြဖို့ အတွက် ထိုက်တန် တဲ့ လစာငွေ အများကြီး ရရှိ ထားကြ လို ပါပဲ ။ ကွင်း ထဲမှာ အကောင်းဆုံး ခြေစွမ်း တွေ ပြသ ဖို့ ဆိုတာ သူတို့ ရဲ့ တာဝန် ပဲလေ ။ မော်ရင်ဟို က အလုပ် ကို အဲ့ဒီ လိုပဲ လုပ်ချင် တဲ့ သူ မျိုး ပါ ” လို့ မက္ကာသီ က မော်ရင်ဟို ရဲ့ အလုပ် အပေါ် ထား ရှိတဲ့ အတွေး အခေါ် ၊ အယူအဆ တွေ ကို ရှင်းလင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အင်္ဂလန်ကို (၂-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ခရိုအေးရှားနည်းပြ ဒါလစ်ရဲ့ ပွဲပြီးမှတ်ချက်စကား

အင်္ဂလန်ကို (၂-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ခရိုအေးရှားနည်းပြ ဒါလစ်ရဲ့ ပွဲပြီးမှတ်ချက်စကား

 

ခရိုအေးရှားနည်းပြ ဇလက်ကိုဒါလစ်က မနေ့ညက အင်္ဂလန်နဲ့ ကစားခဲ့တဲ့ UEFA Nations League အုပ်စုအဆင့်ပွဲစဉ်မှာ (၂-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် နည်းပြဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းကို ချီးကျူးသွားခဲ့ပါတယ်။ ခရိုအေးရှားအနေနဲ့ကရာမာရစ်ရဲ့ သွင်းဂိုးနဲ့ အင်္ဂလန်ကို ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း လင်ဂတ်၊ ဟယ်ရီကိန်းတို့ရဲ့ ခြေပဂိုး၊ အနိုင်ဂိုးတို့ကို ခွင့်ပြုပေးခဲ့ရပြီး ဝင်ဘလေမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အင်္ဂလန်အတွက်တော့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တုန်းက ရှုံးကြွေးကို ပြန်လည် ခြေပနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ ခရိုအေးရှားနည်းပြဟာ ပြိုင်ဘက်အသင်းဟာ အနိုင်နဲ့ ထိုက်တန်ကြောင်းကို ဦးစွာချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

 

 

“ပထမဦးဆုံးအနေနဲ့ ဒီလိုထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်သွားတဲ့ အင်္ဂလန်အသင်းကို ဂုဏ်ပြုပါတယ်၊ ပြီးတော့နောက်ဆုံးလေးသင်းစာရင်းထဲ ဝင်သွားတဲ့အတွက်ရောပေါ့၊ ကျွန်တော်တို့အသင်းဟာ ပထမပိုင်းမှာ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး၊ ဒုတိယပိုင်းမှာတော့ ပိုကောင်းအောင်ကစားနိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့အနေနဲ့ ဦးဆောင်ဂိုးသွင်းယူပြီးတဲ့အချိန်မှာ အခွင့်အရေး အချို့ထပ်ရခဲ့ပေမယ့်လည်း အလွတ်တည်ကန်ဘောနှစ်လုံးကို ခွင့်ပြုပေးခဲ့ရပါတယ်၊ နောက်ဆုံးမှာတော့ သူတို့ဟာ ပွဲရဲ့တစ်စိတ်တစ်ပိုင်းကို ကြီးစိုးကစားသွားနိုင်ပြီး မျှတတဲ့ ရလဒ်တစ်ခုကို ဖော်ဆောင်သွားနိုင်ခဲ့ပါတယ်၊ ကျွန်တော် စိတ်မကောင်းတာတွေ မဖြစ်မိပါဘူး၊ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့လို့ ဂုဏ်ယူပါတယ်၊ အင်္ဂလန်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့လည်းကျွန်တော် ဂုဏ်ပြုပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

 

ဆက်လက်ပြီး “အင်္ဂလန်ဟာ ကမ္ဘာ့ဖလားမှာကတည်းက အကောင်းဆုံးသက်သေ ပြထားခဲ့ပြီးသားပါ၊ သူတို့ဟာမျှော်လင့်ချက်တွေကို ကျော်လွန်သွားစေခဲ့ပါတယ်၊ သူတို့ဟာ တကယ့်ကို ငယ်ရွယ်ပြီး လျင်မြန်ဖြတ်လတ်တဲ့ အသင်းဖြစ်ပါတယ်၊ဒါဟာ မော်ဒန်ဘောလုံးလောကမှာ အရေးကြီးတဲ့အရာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒါလစ်က အင်္ဂလန်အသင်းရဲ့ သံပြိုင်သီချင်းကို ရည်ညွှန်းပြီး “သိပ်မကြာတော့တဲ့ အချိန်မှာ အိမ်ကိုရောက်လာတော့မှာပါ (It’s coming home, very soon)” လို့ ဟာသနှောကာ ပြောကြားသွားခဲ့ပါသေးတယ်။

လီဗာပူး နဲ့ ခရိုအေးရှားစတား ဒီဂျန် လော့ဗရန် အပေါ် သူ့ရဲ့ ထင်မြင်ချက်ကို ပေးလိုက်တဲ့ ယူနိုက်တက် ဂန္တ၀င် ဂယ်ရီနဗီး

လီဗာပူး နဲ့ ခရိုအေးရှားစတား ဒီဂျန် လော့ဗရန် အပေါ် သူ့ရဲ့ ထင်မြင်ချက်ကို ပေးလိုက်တဲ့ ယူနိုက်တက် ဂန္တ၀င် ဂယ်ရီနဗီး

မန်ချက်စတာ ယူနိုက်တက် ဂန္တ၀င် ကစားသမား ဖြစ်သူ ဂယ်ရီနဗီး က သူဟာ ဒီဂျန် လော့ဗရန် လီဗာပူး အသင်း ကို မပြောင်းရွေ့လာခင် တုန်းက အရမ်းကို နှစ်သက် ခဲ့တယ်လို့ ထုတ်ဖော် ပြောဆို သွားပါတယ်။ဒါပေမယ့် လော့ဗရန် ဟာ လီဗာပူး ကို ပြောင်းရွေ့ လာခဲ့ပြီးနောက် တည်ငြိမ်တဲ့ ခြေစွမ်းကို မပြသ နိုင်ခဲ့တာကြောင့် လီဗာပူး ပရိတ်သတ် တွေ ပါးစပ်ဖျားမှာ ရေပန်း အစားဆုံး ကစားသမား တော့ မဖြစ်ခဲ့ ပါဘူး ။

ခရိုအေးရှား နောက်ခံလူဟာ လွန်ခဲ့တဲ့ ၂၀၁၄ က ဆောက်သမ်တန်မှာ လီဗာပူး ကို ပေါင်သန်း ၂၀ နဲ့ ပြောင်းရွေ့ လာခဲ့ပြီး လက်ရှိ အချိန်မှာ လီဗာပူး အသင်းအတွက် ပွဲပေါင်း ၁၅၀ ကျော် ကစား ပေးခဲ့ပြီး ဖြစ်ပါတယ်။

လော့ဗရန် ဟာ ပြီးခဲ့တဲ့ ရာသီက လီဗာပူး အသင်းကို ချန်ပီယံလိဂ် ဖိုင်နယ် တက်ရောက် နိုင်ခဲ့အောင် အကောင်းဆုံး ကူညီ ပေးခဲ့တဲ့ အပြင် ပြီးခဲ့တဲ့ နွေရာသီ ကမ္ဘာ့ဖလား က ဒုတိယဆု ရရှိခဲ့တဲ့ ခရိုအေးရှား အသင်းကိုလည်း သမိုင်း တစ်လျှောက် ပထမဦးဆုံး အကြိမ် ဗိုလ်လုပွဲ ရောက်အောင် အဓိက စွမ်းဆောင် ပေးခဲ့ပါတယ်။

လော့ဗရန် ဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် မှာ အင်္ဂလန်အသင်းကို အနိုင် ရရှိခဲ့ပြီးနောက် သူဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ တွေထဲကက တစ်ဦး ဖြစ်တယ်လို့ အခိုင်အမာ ဆိုခဲ့ပါတယ်။ နဗီးကတော့ အသက် ၂၉ နှစ် အရွယ် လီဗာပူး နောက်ခံလူဟာ သူရဲ့ စွမ်းရည်ကို လုံးဝ ယုံကြည်မှု ရှိတာ ရှင်းလင်းတယ်လို့ ဆိုသွား ပါတယ်။

စကိုင်းစပေါ့ရဲ့ အစီအစဉ် တင်ဆက်သူ နဗီး က လော့ဗရန် ဟာ ဆောက်သမ်တန်မှာ တုန်းက ပြသခဲ့တဲ့ အကောင်းဆုံး ခြေစွမ်းကို ခုချိန်မှာ ပြန်လည် ပြသနေပြီ လို့ ထောက်ခံ သွားပါတယ်။

နဗီး က “သူဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား မှာတုန်းက အနည်းငယ် လေကြီး ခဲ့တယ် မဟုတ်လား ? လော့ဗရန် နဲ့ ပက်သက်ပြီး ကျွန်တော် ပြောချင် တာကတော့ သူ ဆောက်သမ်တန် မှာတုန်းက ပြသခဲ့တဲ့ ခြေစွမ်းကို ကျွန်တော် အရမ်းကို နှစ်သက် ခဲ့ရတယ်လို့ ပြောရမှာပါ။ ပြီးတော့ လီဗာပူး အသင်း သူ့ကို ခေါ်ယူ လိုက်တုန်းက ကျွန်တော် ဒီအပြောင်းအေ၇ွ့ကို လုံးဝ မအံ့သြ မိပါဘူး။

လော့ဗရန် အနေနဲ့ အန်ဖီးမှာ အထိုင်ကျဖို့ အတွက် အချိန် ယူခဲ့ရတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့် အမြင်ကတော့ သူဟာ ဒီအချိန်မှာ အကောင်းဆုံး ပုံစံကို ပြန်ရလာ ပါပြီ။ သူဟာ နိုင်ငံအသင်းအတွက် ကစားပေးတဲ့ အခါမှာ တကယ့်ကို ပြင်းပြတဲ့ ဆန္ဒ နဲ့ ကစားတဲ့ သူပါ။

ကမ္ဘာ့ဖလား မတိုင်မီ တုန်းက သူနဲ့ ဗီဒါတို့ အတွဲ အဲဒီ ပြိုင်ပွဲမှာ ရုန်းကန် ရမယ်လို့ ကျွန်တော် တွေးခဲ့ပါတယ်။ လော့ဗရန် ဟာ ပိုပြီး ပြသနာ ပေးမယ်လို့တောင် ထင်ခဲ့တာပါ။ ဒါပေမယ့် သူတို့ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ နောက်ဆုံး အချိန်ထိ အကောင်းဆုံး လုပ်ပြ သွားခဲ့ ပါတယ်။

လော့ဗရန် ဟာ သူ့ အရည်အသွေးကို သူ ယုံကြည်မှု ရှိပါတယ်။ သူဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ရှိနေပါတယ်။ ရှင်းရှင်း ပြောရရင် သူ အကောင်းဆုံး ကစား နိုင်တဲ့ ပွဲမှာ သူဟာ တကယ့်ကို ထိပ်တန်း နောက်ခံလူ ဖြစ်ပါတယ်။” လို့ ပြောသွား ပါတယ်။

လော့ဗရန် ဟာ မနေ့ညက ခရိုအေးရှား က အင်္ဂလန် အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့် ခဲ့တဲ့ Nations League ပွဲစဉ် မှာ ပွဲချိန်ပြည့် ပါဝင် ခြေစွမ်းပြ ကစား သွားခဲ့ပေမယ့်လည်း ခရိုအေးရှား အသင်းဟာ League A Group 4 မှာ အောက်ဆုံး နေရာသာ ရရှိခဲ့တာကြောင့် League B ကို တန်းဆင်း ခဲ့ရပါတယ်။

ဘာစီလိုနာကို ငြင်းပယ်ခဲ့တာနဲ့ ပတ်သက်လို့ ဝန်ခံမှုတစ်ခုပြုလုပ်ခဲ့တဲ့ ပြင်သစ်ကြယ်ပွင့် အန်တိုနီဂရစ်ဇ်မန်း

ဘာစီလိုနာကို ငြင်းပယ်ခဲ့တာနဲ့ ပတ်သက်လို့ ဝန်ခံမှုတစ်ခုပြုလုပ်ခဲ့တဲ့ ပြင်သစ်ကြယ်ပွင့် အန်တိုနီဂရစ်ဇ်မန်း

 

အက်သလက်တီကို တိုက်စစ်မှူး အန်တိုနီဂရစ်ဇ်မန်းက သူ့အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာတုန်းက ဘာစီလိုနာ အသင်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တာနဲ့ ပတ်သက်လို့ အရမ်းကို ခက်ခဲကြောင်း ဝန်ခံသွားခဲ့ပါတယ်။ ဒါပေမယ့်လည်းသူ့အနေနဲ့ အက်သလက်တီကိုမှာ အားပေးထောက်ခံမှုအပြည့်ရရှိထားတာတွေက အသင်းမှာ ဆက်နေစေဖို့ အကူအညီဖြစ်စေခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် (၂၇) နှစ်အရွယ်ပြင်သစ်သား ဂရစ်ဇ်မန်းကို ခေါ်ယူဖို့အတွက် ဘာစီလိုနာဟာ ၄င်းရဲ့ စာချုပ်ပါလျော်ကြေး ယူရိုသန်း (၁၀၀) ပေးချေဖို့ ကြိုးစားခဲ့တာ ဖြစ်ပေမယ့်လည်း ကမ္ဘာ့ဖလားအပြီးမှာတော့ ဂရစ်ဇ်မန်းဟာအက်သလက်တီကိုမှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

 

 

Canal Plus နဲ့ ပြောကြားရာမှာတော့ ဂရစ်ဇ်မန်းက “ဘာကာကို ငြင်းဖို့ခက်ခဲခဲ့သလားလို့ မေးရင်တော့ အရမ်းခက်ခဲတယ်လို့ပဲ ပြောရမှာပေါ့၊ ဘာစီလိုနာဟာ ကျွန်တော့်ကို လိုချင်ခဲ့ပြီး ဖုန်းတွေခေါ် မက်ဆေ့ခ်ျတွေပို့ခဲ့တဲ့ အသင်းဖြစ်ပါတယ်၊ တစ်ဖက်မှာလည်း ကျွန်တော့်ကို အရေးကြီးတဲ့ကစားသမားအဖြစ်သတ်မှတ်ထားပြီး စီမံကိန်းတစ်ခုရှိတဲ့ အသင်းက ရှိနေပါတယ်” လို့ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင်ဂရစ်ဇ်မန်းက မက်ဆီရဲ့ ဒုတိယပေးကစားသမားဖြစ်မှာဟာ သူ့အတွက်စဉ်းစားစရာ အချက်ဖြစ်ခဲ့သလိုအက်သလက်တီကိုအသင်းဖော်တွေရဲ့ အထောက်အပံ့ပေးနေမှုကြောင့်လည်း ငြင်းပယ်တာလိုက်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

 

 

“မက်ဆီရဲ့ နောက်မှာမှ ဦးစားပေးဖြစ်လာမှာဟာလည်း ကျွန်တော့်အတွက် စဉ်းစားစရာဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့်ဒီမှာကျတော့ ကျွန်တော့်ရဲ့ အသင်းဖော်တွေ၊ ကလပ်က ဝန်ထမ်းတွေအားလုံးဟာ ကျွန်တော့်ဆီစကားတွေလာပြောကြပါတယ်၊ လစာလည်း တိုးပေးခဲ့တယ်၊ ကျွန်တော်ဒီမှာပဲ ဆက်နေဖြစ်အောင် သူတို့ တတ်နိုင်သမျှလုပ်ဆောင်ခဲ့ကြပါတယ်၊ အက်သလက်တီကိုဟာ ကျွန်တော့်ရဲ့ အိမ်ပဲဖြစ်ကြောင်းနဲ့ ကျွန်တော် မထွက်ခွာသင့်ကြောင်း သူတို့ ပြသခဲ့ကြပါတယ်၊ ကျွန်တော့်အတွက်တော့ တော်တော်လေးကို ဗျာများခဲ့ရတဲ့ အချိန်တွေပါပဲ၊ အထူးသဖြင့် ကျွန်တော့်ဇနီးအတွက်ပေါ့၊ တစ်ခါကဆိုရင် မနက်သုံးနာရီလောက်  ကြီး သူ့ကိုနိုးပြီး ကျွန်တော်အဲဒီအကြောင်းတွေ တိုင်ပင်ဖြစ်ခဲ့တာပါ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ခရိုအေးရှားနဲ့ ပွဲမှာ ပရိသတ်တွေ စိတ်ဝင်စားခဲ့တဲ့ ပစ်ဖိုဒ့် ရဲ့ ရေဗူး

ခရိုအေးရှားနဲ့ ပွဲမှာ ပရိသတ်တွေ စိတ်ဝင်စားခဲ့တဲ့ ပစ်ဖိုဒ့် ရဲ့ ရေဗူး

အင်္ဂလန် အသင်း ဟာ ယမန် နေ့ ညက ဥရော ပ နေးရှင်း လိဂ် အုပ်စု နောက် ဆုံး ပွဲစဉ် အဖြစ် ခရို အေးရှား အသင်း ကို အိမ် ကွင်း မှာ လက်ခံ ကစား ခဲ့ ပါတယ် ။ အင်္ဂလန် အသင်း ဟာ ခရို အေး ရှား ရဲ့ ၅၇ မိနစ် မှာ သွင်း ယူ ခဲ့တဲ့ ဂိုး ကြောင့် နောက် က လိုက် ကစား ခဲ့ရ ပေမယ့် ခြေပ ဂိုး နဲ့ အနိုင် ဂိုး တွေ ပြန်လည် သွင်း ယူ နိုင် ခဲ့ ပါတယ် ။

ဒါကြောင့် အင်္ဂလန် အသင်း ဟာ အုပ်စု ပွဲစဉ် တွေ ပြီး ဆုံး ချိန် မှာ ရမှတ် ၇ မှတ် နဲ့ အုပ်စု ပထမ နေရာ ကနေ ပြိုင် ပွဲ ရဲ့ နောက် ဆုံး အဆင့် ( ဆီ မီး ဖိုင် နယ် ) ကို တက် ရောက် သွားခဲ့ ပြီ ဖြစ် ပါတယ် ။ ယခု ပွဲ ရဲ့ ရလဒ် ဟာ အင်္ဂလန် နဲ့ ခရိုအေး ရှား တို့အတွက် ကြီးမား တဲ့ ခြားနား မှု ကို ဖြစ် စေ မှာ ဖြစ် တာ ကြောင့် ၂ သင်း စလုံး အမှား အယွင်း မရှိ အောင် အထူး သတိ ပြု ကစား သွားခဲ့ ကြပါတယ် ။

ဒီလို ကစား ကြ ရာ မှာ တော့ အင်္ဂလန် ဂိုး သမား ဂျော် ဒန် ပစ် ဖိုဒ့် ရဲ့ ပြင် ဆင် မှု တစ်ခု ဟာ ပရိသတ် တွေ ကို စိတ် ၀င် စား နှစ် သက် စေခဲ့ ပါတယ် ။ ပစ် ဖိုဒ့် ဟာ သူ သောက် သုံး တဲ့ ရေဗူး မှာ ခရိုအေး ရှား ကစား သမား တွေ ရဲ့ ပင်နယ်တီ ကန် သွင်း ပုံ တွေ ကို ရေးမှတ် ထားခဲ့ တာ ကို မြင်တွေ့ ခဲ့ ရ ပါတယ် ။

အကယ်၍ ပွဲ ချိန် အတွင်း ပင်နယ်တီ ပေး ခဲ့ ရ ပါက ကန် သွင်းမယ့် ကစား သမား အပေါ် မူတည် ပြီး ကာကွယ် ရမယ့် ဘက် ကို ရေးမှတ် ထား တဲ့ ရေဗူး ကို ပစ်ဖိုဒ့် ယူဆောင် လာခဲ့ တာ ဖြစ် ပါတယ် ။ ပစ်ဖိုဒ့် အတွက် တော့ ဒီလို ပြင်ဆင် မှု ဟာ ပထမ ဆုံး အကြိမ် မဟုတ် ခဲ့ ပါဘူး ။

ခရိုအေးရှား နဲ့ မကစား မီ အမေ ရိကန် အသင်း နဲ့ ခြေစမ်း ပွဲ မှာ လည်း ပစ်ဖိုဒ့် ဟာ ရေဗူး မှာ အခုလို မျိုး ရေးမှတ် မှု ပြုလုပ် ခဲ့ ပါတယ် ။ ဒါ့ အပြင် ပစ်ဖိုဒ့် ဟာ အင်္ဂလန် အသင်း ရဲ့ နံပါတ် ၁ အဖြစ် နဲ့ ကမ္ဘာ့ ဖလား ပြိုင်ပွဲ ကို ပါဝင် ခဲ့ ပြီး ကိုလံ ဘီယာ အသင်း နဲ့ ပင်နယ်တီ အဆုံး အဖြတ် ယှဉ် ပြိုင် ချိန် မှာ လည်း ရေဗူး မှာ ရေးမှတ် ထား တဲ့ အချက် အလက် တွေ က အကူ အညီ ပေးခဲ့ တယ် လို့ သိရ ပါတယ် ။

ပစ် ဖိုဒ့် ရဲ့ ပြောဆို ချက် အရ ကိုလံ ဘီယာ ပင်နယ်တီ ကန်သူ တွေ အနက် ဖယ်ကာအို တစ်ဦး သာ သူ တွေးထင် ထားတဲ့ ဘက် နဲ့ ဆန့်ကျင် ပြီး ကန်သွင်း ခဲ့ ကြောင်း နဲ့ ပစ်ဖိုဒ့် ကာကွယ် နိုင် ခဲ့တဲ့ ကားလိုစ့် ဘက်ကာ ရဲ့ ပင်နယ်တီ ဟာ သူ လေ့လာ မှတ်သား ထားခဲ့ တဲ့ အထဲ က ဘက် ကို အတိ အကျ ကန် သွင်း ခဲ့ တာ ဖြစ် တယ် လို့ သိရ ပါတယ် ။

ဂျော်ဒန် ပစ်ဖိုဒ့် ဟာ အရပ် အမောင်း မမြင့် မား ပေမယ့် ပင်နယ်တီ ကာကွယ် ရာမှာ တော့ ကောင်းမွန် သူ တစ်ဦး ဖြစ် ပါတယ် ။ အဲဗာတန် အသင်း ဂိုး သမားလေး ဟာ ယခု ရာသီ မှာ ပင်နယ်တီ ၃ လုံး ကို ကာကွယ် ထားနိုင် ခဲ့ပြီး အင်္ဂလန် လက် ရွေး စင် အသင်း အတွက် လည်း အားထား ရ သူ တစ်ဦး အဖြစ် ရှိ နေ ပေးခဲ့ ပါတယ် ။

3 ပတ်ကျော် အနားယူရတော့မယ့် ရာကီတစ် နဲ့ နံနက်ခင်း သတင်းတိုများ

3 ပတ်ကျော် အနားယူရတော့မယ့် ရာကီတစ် နဲ့ နံနက်ခင်း သတင်းတိုများ

* အေစီမီလန် အသင်းဟာ ဒဏ်ရာ ပြသနာတွေ နဲ့ ဆက်တိုက် ကြုံနေရာတာကြောင့် ချဲဆီး ကနေ ထွက်ခွာဖို့ ဟန်ပြင်နေတဲ့ ကွင်းလယ် ကစာသမား ဖာဘရီဂတ်ကို ခေါ်ယူဖို့ အတွက် ကနဦး ဆက်သွယ်မှုတွေ ပြုလုပ် ထားခဲ့ပြီး ဖြစ်ပါတယ် ၊ သို့သော် သူ့ရဲ့ မြင့်မားတဲ့ လစာ ပမာဏကတော့ အပြောင်းအရွှေ့ ကိစ္စတွေအတွက် အဓိက ဆွေးနွေးရမယ့် အချက် တစ်ချက် ဖြစ်လာဖွယ် ရှိနေပါတယ်။

* ယူနိုက်တက်ဟာ ရိုးမား အသင်းရဲ့ အသက် 22 နှစ် အရွယ် ကွင်းလယ် ကစားသမားလေး ပယ်လီဂရီနီကို ပြောင်းရွှေ့ကြေး ပေါင် 26 သန်း ပေးပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ အီတလီ သတင်းတွေက ဖော်ပြ နေကြပါတယ်။ ကစားသမား ရဲ့ လက်ရှိ စာချုပ်ဟာ 2022 ခုနှစ် အထိ ရှိနေသေးသော်လဲ ၊ သူ့ရဲ့ လုပ်ခ က တစ်နှစ်မှ ယူရို 1 သန်း သာ ရှိနေတာကြောင့် ၊ အဲဒီ လစာ ပမာဏရဲ့ နှစ်ဆ အထိ တိုးပေးပြီး ခေါ်ယူဖို့ ယူနိုက်တက် ဘက်က ကြိုးစားလာခဲ့ တာပါ။

* ဂါရတ်ဘေးလ် ရဲ့ စွမ်းဆောင်ရည်တွေကို အပေါ် ကျေနပ် အားရခြင်း မရှိခဲ့သည့် နောက်ပိုင်း ၊ ရီးရဲ မက်ဒရစ် အသင်းဟာ ဇန်န၀ါရီ ကာလမှာ တိုက်စစ်မှုး တစ်ဦး ခေါ်ယူဖို့ အတွက် ဈေးကွက်ထဲကို စတင် ၀င်ရောက် လာခဲ့ပြီ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

* မနေ့ညက ကစားခဲ့တဲ့ အင်္ဂလန် နဲ့ ခရိုရေးရှား တို့ ပွဲစဉ်မှာ ပွဲထွက် ကစားသမား စာရင်းမှာ ပါဝင်လာခြင်း မရှိတဲ့ ကွင်းလယ် ကစားသမား ဟန်ဒါဆင်ဟာ တံကောက်ကြော ဒဏ်ရာရရှိနေတာ ကြောင့် ၊ ဒဲ့ဖ်နဲ့ အစားထိုး လိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ မန်စီးတီး ကစားသမား ဒဲ့ဖ်ဟာ ပွဲအစပိုင်း အမှား လုပ်မိတာက လွဲရင် ၊ ပထမပိုင်းမှာ တော်တော်လေး ခြေစွမ်းပြ ကစားသွားနိုင်ခဲ့ ပါတယ်။

* ယူနိုက်တက် နောက်တန်း ကစားသမား နဗီးလ် ကတော့ သူ့ အသင်းဟောင်းက ဒီဂီယာ ရဲ့ နေရာကို ပစ်ဖို့ဒ် နဲ့ အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ ထွက်ပေါ်လာတဲ့ သတင်းတွေ နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပေမယ့် ၊ ပစ်ဖို့ဒ်ဟာ ဂိုးသမားကောင်း တစ်ယောက် ဖြစ်သည့်တိုင်အောင် ၊ ပီတာ ရှမိုက်ကယ် တို့လို အရှိန် အဟုန် ကြီးမားတဲ့ ဂိုးသမား မဟုတ်သေးဘူးလို့ ပြောဆို သွားခဲ့ ပါတယ်။

* ရမ်ဆေးဟာ ဘိုင်ယန် မြူးနစ် ရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး ၊ ဂျူဗီကို ပြောင်းရွှေ့မယ် ဆိုပါက တစ်နှစ်လုပ်ခ ပေါင် 10.4 သန်း ၀န်းကျင် ရရှိဖွယ် ရှိနေပါတယ်။

* Express သတင်း ဌာန ကတော့ မန်စီးတီး အသင်းဟာ အေဂျက် ကွင်းလယ် ကစားသမားလေး ဒီဂျောင်ကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာ ၊ စပါး အသင်းတို့ကို အသာစီး ရယူနိုင်ခဲ့ပြီ ဖြစ်တယ်လို့ ဖော်ပြ သွားခဲ့ ပါတယ်။

* တစ်ချိန်တည်းမှာပဲ တိုက်စစ် အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတဲ့ ချဲဆီးဟာ ဂျီနိုအာ အသင်းရဲ့ ဂိုးသွင်းစက် ပီယာတီကို ဇန်န၀ါရီ ကာလမှာ ခေါ်ယူဖို့ ကနဦး အားထုတ်မှုတွေ ပြုလုပ်လျှက် ရှိနေပါတယ်။

* မနေ့ညက ကစားခဲ့တဲ့ စပိန် နဲ့ ဘော့စနီးယား တို့ရဲ့ ခြေစမ်းပွဲစဉ်မှာ ၊ ရီးရဲ ကင်းထောက်တွေဟာ ရိုးမား အသင်းရဲ့ တိုက်စစ်မှုး ဇက်ကိုရဲ့ ခြေစွမ်းကို စောင့်ကြည့်ခဲ့ကြတယ်လို့ မက်ဒရစ် အခြေစိုက် သတင်းတွေက ထုတ်ဖော် ရေးသား လိုက်ပါတယ်။

* ဒဏ်ရာပြသနာကြောင့် တစ်လနီးပါး အနားယူ ရတော့မယ့် ရီးရဲ မက်ဒရစ် အသင်းရဲ့ ကွင်းလယ် ကစားသမား ကက်စမဲရိုးဟာ နိုဝင်ဘာလ 27 ရက်နေ့မှာ ကစားမယ့် ရိုးမား နဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကိုလဲ ပါဝင် ကစားပေး နိုင်ဖွယ် မရှိပါဘူး။

* ဖီအိုရင်တီးနား အသင်းရဲ့ ကြယ်ပွင့် ကစားသမားလေး ချီစီယာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းထဲမှာ အင်တာ ၊ ဂျူဗီ တို့ အပြင် အင်္ဂလန်က ချဲဆီး နဲ့ လီဗာပူး အသင်းတို့လဲ ပါဝင်လာခဲ့ပြီ ဖြစ်တယ်လို့ အီတလီ သတင်းတွေက ဖော်ပြလိုက် ပါတယ်။

* La Repubblica သတင်း မှာတော့ ယူနိုက်တက်ဟာ ကူလီဘယ်လီ အတွက် ယူရို သန်း 90 နဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ၊ နာပိုလီ ဘက်က ပယ်ချသွားခဲ့တာ ဖြစ်တယ်လို့ ဖော်ပြလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကစားသမားဟာ 2023 ခုနှစ် အထိ စာချုပ် သက်တမ်း တိုးထားခဲ့ပေမယ့် ၊ အဲဒီ စာချုပ်မှာ ယူရို သန်း 100 နဲ့ ကမ်းလှမ်းမှုတွေ ရှိရင် အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ သဘောတူညီချက်ကို ထည့်သွင်းထားတယ်လို့ ဆိုပါတယ် ။

* ဘာစီလိုနာ အသင်းဟာ သူတို့ ရဲ့ ကစားသမား ရာကီတစ် ရဲ့ ဒဏ်ရာ နဲ့ ပတ်သက်ပြီး တရားဝင် ကြေငြာချက် ထုတ်ပြန်လိုက်ရာ ၊ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့တာ ဖြစ်တယ်လို့ အတည်ပြုသွားခဲ့ပြီး အနည်းဆုံး 3 ပတ် နဲ့ အထက် အနားယူ ရတော့မှာ ဖြစ်တယ်လို့ ခန့်မှန်း နေကြပါတယ်။

* ဘရာဇီး လူငယ် ကစားသမားလေးတွေကို အဓိကထား ခေါ်ယူလျှက် ရှိနေတဲ့ ရီးရဲ မက်ဒရစ် အသင်းဟာ လက်ရှိမှာလဲ ကိုရင်သီယန် အသင်းက လူငယ် ခြေတက် ကစားသမားလေး ပီဒရင်ဟို ကို ခေါ်ယူဖို့ အတွက် ကနဦး ဆက်သွယ်မှုတွေ စတင် ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။

* စပိန် နဲ့ ဘော့စနီးယား တို့ ကစားခဲ့တဲ့ ပွဲစဉ် မတိုင်မီမှာတော့ ၊ စပိန် ဘောလုံး အဖွဲ့ချုပ်ဟာ မကြာခင်ကမှ လက်ရွေးစင် ကစားသမား ဘ၀ကနေ အနားယူထားခဲ့တဲ့ ကွင်းလယ် ကစားသမား ဒေးဗစ် ဆေးဗားကို ဂုဏ်ပြုတဲ့ အခမ်အးနားလေး ကျင်းပ ပေးသွားခဲ့ ပါတယ်။ ဆေးဗားဟာ စပိန် လက်ရွေးစင် အသင်းအတွက် စုစုပေါင်း 125 ပွဲ အထိ ကစားပေးခဲ့သူ ဖြစ်ပါတယ်။

* PSG ဥက္ကဌဟောင်း ချာလက် ကတော့ ရီးရဲ မက်ဒရစ်ဟာ အာဆင်နယ် နည်းပြ အဖြစ် ဆောင်ရွက်နေခဲ့တဲ့ ၀င်းဂါးကို သူတို့ အသင်းဆီ ခေါ်ဆောင်ဖို့ ၊ သူ့ရဲ့ ရှေ့မှာပဲ နှစ်ဦး နှစ်ဖက် ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပြီး ၊ ပြင်သစ် သားကြီးက အာဆင်နယ်မှာသာ ဆက်နေဖို့ ဆုံးဖြတ်သွားခဲ့တာ ဖြစ်တယ်လို့ အင်တာဗျူး တစ်ခုမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။

* ကိုင်လီယံ ဘာပေ ကတော့ ဒီနှစ်အတွက် ဘလွန်းဒီအော်ဆု ဟာ ဘယ်သူ ရမလဲ ဆိုတာ မခန့်မှန်း တတ်ပေမယ့် ၊ ပြင်သစ် ကစားသမား တစ်ယောက်ယောက်တော့ ဖြစ်သင့်တယ်လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

အာဆင်နယ်သတင်းတိုများ

အာဆင်နယ်သတင်းတိုများ

* အာဆင်နယ် အသင်း တောင်ပံ ကစားသမား အီဝိုဘီ ဟာ နိုင်ဂျီးရီးယား အသင်း နဲ့ တောင်အာဖရိက အသင်း တို့ရဲ့ ပွဲစဉ်မှာ ပွဲချိန်ပြည့် ပါဝင် ကစားပြီး နိုင်ဂျီးရီးယား အသင်းကို ၂၀၁၉ အာဖရိက ဖလား ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ် ။ အဆိုပါ ပွဲ မှာ နိုင်ဂျီးရီးယား အသင်း နဲ့ တောင်အာဖရိက အသင်း တစ်ဂိုးစီ သရေ ကျသွားခဲ့ပါတယ် ။

* အာဆင်နယ် အသင်း ဟာ အက်သလက် တီကို မင်နဲရိုး ရဲ့ ညာနောက်ခံလူ အီမာဆင် ကို ဘယ်လာရင် ရဲ့ အရန် ကစားသမား အဖြစ် ထားဖို့ အတွက် ခေါ်ယူ ဖို့ စိတ်ဝင်စား နေပါတယ် ။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ တုန်းက ခေါ်ယူခဲ့တဲ့ နောက်ခံလူ လက်ခ်ျစတိုင်နာ ဟာ ရာသီကုန်ရင် စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်တာကြောင့် ဘယ်လာရင် ရဲ့ အရန် အဖြစ် အီမာဆင် ကို ခေါ်ယူလိုနေတာပါ ။ အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ အီမာဆင် ကို ချဲလ်ဆီး အသင်းကလည်း ခေါ်ယူချင် နေပါတယ် ။

* အာဆင်နယ် အသင်း လူငယ် တိုက်စစ်မှူး တိုင်ရီဂျွန်ဂျူးစ် ဟာ အင်္ဂလန် ယူ-၁၈ အသင်း အိုင်ယာလန် ယူ-၁၈ အသင်းကို ၃-၁ နဲ့ အနိုင် ရတဲ့ ပွဲမှာ အရန်ခုံကနေ ထလာပြီး နှစ်ဂိုး သွင်းပေး နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် အာဆင်နယ် အသင်း ရဲ့ နောက်ထပ် လူငယ်တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ ဘာလိုဂန် ကလည်း နာကျင် အချိန်ပိုမှာ အနိုင် ပြတ်သားစေမယ့် တတိယဂိုး ကို သွင်းယူ ပေးခဲ့ပါတယ် ။

* အာဆင်နယ် အသင်းဟာ လစ်သူ ယေးနီးယား လူငယ် တိုက်စစ်မှူး ဗီလီယက်စ် ပီလူကိုင်တစ်စ် ( Vilius Piliukaitis ) ကို ခေါ်ယူဖို့ စောင့်ကြည့် နေတယ်လို့ သိရပါတယ် ။ ဘလက်ဘန်း အသင်းမှာ အငှားလာရောက် ကစားနေတဲ့ အသက် ၁၇ နှစ် အရွယ် တိုက်စစ်မှူး လေးကို အနာဂတ် မှာ တောက်ပလာမယ့် ကြယ်ပွင့် ကစားသမား အဖြစ် သတ်မှတ် ထားကြပါတယ် ။

* အာဆင်နယ် အသင်း ရဲ့ လူငယ် ကစားသမား နှစ်ဦး ဖြစ်တဲ့ စမစ်ရို နဲ့ ဆာကာ တို့ နှစ်ဦးဟာ အင်္ဂလန် ယူ-၁၉ အသင်း အိုင်စလန် ယူ-၁၉ အသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင် ရ တဲ့ ပွဲ မှာ ပါ ဝင် က စား ခွင့် ရ ခဲ့ ပါ တယ် ။

* အာဆင်နယ် အသင်း ကစားသမားဟောင် ချိန်ဘာလိန်က အာဆင်နယ် အသင်း ပရိသတ် တွေဟာ သူ ဒဏ်ရာ ရနေတဲ့ အချိန်မှာ ယုံကြည်မှု မပေးဘဲ ဖိအား တွေပဲ ပေးခဲ့ကြောင်း ဖွင့် ဟ ပြော ကြား သွား ခဲ့ ပါ တယ် ။

* အာဆင်နယ် အသင်း ကွင်းလယ်လူ ရှာကာ က နည်းပြ အမ်မရီ လက်အောက်မှာ ကစားရတာနဲ့ ပက်သက်ပြီး ” ကျွန်တော့် အတွက် အကောင်းဆုံး ရာသီ လို့ ဆိုရမှာပါ ။ သံသယ ဖြစ်စရာမရှိ အောင် ကျွန်တော် နောက်တစ်ဆင့် ကို လျှောက်လှမ်း နိုင်နေပါပြီ ။ အာဆင်နယ် အသင်းကို စရောက်ကတည်းကထက် အခု အကောင်းဆုံး ဖြစ်လာတယ်လို့ ခံစားရပါတယ် ။ နည်းပြ အမ်မရီ ရဲ့ လွှမ်းမိုးမှုလည်း အရမ်းကြီးပါတယ် ။ ” လို့ ဆိုပါတယ် ။

* ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၈ ရက် နေ့မှာအာဆင်နယ် အသင်း ဟာ မြို့ ခံ ပြိုင်ဘက် စပါး အသင်းကို မူစတာဖီ ၊ ဆန်းချက်ဇ် တို့ရဲ့ သွင်းဂိုး တွေနဲ့ နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင် ရခဲ့ပါတယ် ။

* အာဆင်နယ် အသင်း ဟာ နောက်ခံလူ ဟိုးလ်ဒင်း နဲ့ တွဲကစားဖို့ အတွက် အက်စ်ပန်ညို နောက်ခံလူ ဟာမိုဆို ကို ခေါ်ယူဖို့ ပစ်မှတ် ထားနေတယ်လို့ သိရပါတယ် ။ အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဟာမိုဆို ကို ခေါ်ယူဖို့ ရီးရဲလ် မက်ဒရစ် အသင်းကလည်း စိတ်ဝင် စားနေပါတယ် ။

ဇန်နဝါရီ မှာ ယူနိုက်တက် အသင်းကနေ ထွက်ခွာပြီး ထိပ်တန်း တိုက်စစ် အတွဲအဖက် ကို ပိုင်ဆိုင်ထားတဲ့ အသင်းကို ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ဆန်းချက်ဇ်

ဇန်နဝါရီ မှာ ယူနိုက်တက် အသင်းကနေ ထွက်ခွာပြီး ထိပ်တန်း တိုက်စစ် အတွဲအဖက် ကို ပိုင်ဆိုင်ထားတဲ့ အသင်းကို ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ဆန်းချက်ဇ်

အသက် ၂၉ နှစ် အ ရွယ် ရှိ နေ ပြီ ဖြစ် တဲ့ ဆန်းချက်ဇ် ဟာ ယ ခု နှစ် ရာ သီ ဇန် န ဝါ ရီ အ ပြောင်း အ ရွှေ့ တုန်း က မှ အာ ဆင် နယ် အ သင်း က နေ ယူ နိုက် တက် အ သင်း ကို ရောက် ရှိ လာ တာ ပါ ။

ချီ လီ လက် ရွေး စင် တိုက် စစ် မှူး ဆန်း ချက်ဇ် ဟာ အာ ဆင် နယ် အ သင်း မှာ ပြိုင် ပွဲ စုံ ပွဲ ပေါင်း ၁၆၆ ပွဲ က စား ခဲ့ ပြီး ဂိုး ၈၀ သွင်း ယူ နိုင် ခဲ့ ပါ တယ် ။ ဆန်း ချက်ဇ် ဟာ ပြီး ခဲ့ တဲ့ ဇန် န ဝါ ရီ အ ပြောင်း အ ရွှေ့ က မှ ယူ နိုက် တက် အ သင်း ကို မီခီတာရန်း နဲ့ က စား သ မား ချင်း တိုက် ရိုက် အ လှဲ အ ထပ် နဲ့ ရောက် ရှိ သွား တာ လည်း ဖြစ် ပါ တယ် ။

အသက် ၂၉ နှစ် အ ရွယ် ရှိ ပြီ ဖြစ် တဲ့ ဆန်း ချက်ဇ် ဟာ ယူ နိုက် တက် အ သင်း မှာ ၂၈ ပွဲ က စား အ ပြီး မှာ လေး ဂိုး သွင်း ယူ ထား ကာ ခု နှစ် ဂိုး ဖန် တီး ပေး ထား ပြီး ပြီး နည်း ပြ မော် ရင် ဟို လက် အောက် မှာ ပုံ မှန် ပွဲ ထွက် ခွင့် ရ ဖို့ ရုန်း ကန် နေ ရ တာ ပါ ။

ဆန်း ချက် ဟာ ဂျု ဗင် တပ် စ် အ သင်း နဲ့ ပွဲ မှာ ပွဲ ထွက် က စား ခွင့် ရ ပေ မယ့် ဒု တိ ယ ပိုင်း မှာ မာ တာ နဲ့ လူ စား လဲ ခံ ခဲ့ ရ ပါ တယ် ။ မန် ချက် စ တာ ဒါ ဘီ မှာ လည်း ဆန်း ချက်ဇ် ဟာ ပွဲ ပြီး ခါ နီး ဆယ် မိ နစ် ကျော် အ လို လောက် မှာ သာ လူ စား ဝင် က စား ခဲ့ ရ ပါ တယ် ။

Times ရဲ့ ဖော် ပြ ချက် အ ရ ဆန်း ချက်ဇ် ဟာ ယူ နိုက် တက် အ သင်း က နေ ထွက် ခွာ ပြီး မက်ဘာပေး ၊ နေမာ ၊ ကာဗာနီ တို့ ရှိတဲ့ ပီအက်စ်ဂျီ အသင်းကို ပြောင်း ရွှေ့ ချင် နေ တယ် လို့ သိ ရ ပါ တယ် ။ ပီ အက်စ် ဂျီ အ သင်း မှာ ဆန်း ချက်ဇ် ရဲ့ ဘာ စီ လို နာ အ သင်း ဖော် ဟောင်း အဲလ် ဗက်စ် ရှိ နေ တာ က လည်း အ ဓိ က အ ကြောင်း အ ရင်း တစ် ချက် ဖြစ် တယ် လို့ ဆို ပါ တယ် ။

ဒါ့ အ ပြင် ဆန်းချက်ဇ် ယူ နိုက် တက် အ သင်း က နေ ထွက် ခွာ ချင် တဲ့ အ ကြောင်း ပြ ချက် သုံး ချက် ရှိ ကြောင်း လည်း ဖော် ပြ လိုက် ပါ တယ် ။ ပ ထ မ ဆုံး တစ် ချက် က တော့ ဆန်း ချက်ဇ် ဟာ ယူ နိုက် တက် အ သင်း ဖော် တွေ အ တော် များ များ နဲ့ ရင်း နှီး တဲ့ ဆက် ဆံ ရေး မ ရှိ တာ က တစ် ကြောင်း ၊ မော် ရင် ဟို ရဲ့ နည်း စ နစ် ပိုင်း ကို သ ဘော မ ကျ တာ ကြောင့် ဖြစ် တယ် လို့ ဆို ပါ တယ် ။

လာ မည့် ဇန် န ဝါ ရီ အ ပြောင်း အ ရွှေ့ ဆို ဆန်း ချက်ဇ် ယူ နိုက် တက် အ သင်း ကို ပြောင်း ရွှေ့ လာ တာ တစ် နှစ် ပြည့် တော့ မှာ ဖြစ် ပြီး ပီ အက်စ် ဂျီ အ သင်း က လည်း သူ တို့ တိုက် စစ် အင် အား တောင့် တင်း ဖို့ အ တွက် ဆန်း ချက်ဇ် ကို ခေါ် ယူ ချင် နေ တာ ဖြစ် တယ် လို့ သ တင်း တွေ က ဖော် ပြ နေ ကြ တာ ပါ ။

ဆန်း ချက် ဇ် ဟာ မ နေ့ က ယှဉ် ပြိုင် က စား ခဲ့ တဲ့ ချီ လီ အ သင်း နဲ့ ကော် စ တာ ရီ ကာ အ သင်း တို့ ချစ် ကြည် ရေး ခြေ စမ်း ပွဲ မှာ လည်း ပင် နယ် တီ အ ခွင့် အ ရေး ကို အ သုံး မ ချ နိုင် ခဲ့ ဘဲ ချီ လီ အ သင်း က လည်း သုံး ဂိုး နှစ် ဂိုး နဲ့ ရှုံး နိမ့် သွား ခဲ့ ပါ တယ် ။

လက်ရှိအင်္ဂလန်ကြယ်ပွင့်တွေရဲ့စွမ်းဆောင်ထားနိုင်မှုအပေါ်ကစားသမားဟောင်းကြီးအချို့ကတောင်မနာလိုဖြစ်နေရတယ်လို့ထုတ်ပြောလိုက်တဲ့ #ဝိန်းရူးနီ

လက်ရှိအင်္ဂလန်ကြယ်ပွင့်တွေရဲ့စွမ်းဆောင်ထားနိုင်မှုအပေါ်ကစားသမားဟောင်းကြီးအချို့ကတောင်မနာလိုဖြစ်နေရတယ်လို့ထုတ်ပြောလိုက်တဲ့ #ဝိန်းရူးနီ

အင်္ဂလန် အသင်းခေါင်းဆောင် ဟောင်းတဦးဖြစ်တဲ့ ဝိန်းရူးနီက လက်ရှိအင်္ဂလန်နည်းပြကြီးဆောက်ဂိတ်ဦးဆောင်မှုနဲ့ ကမ္ဘာ့ဖလားမှာသူရဲကောင်းဖြစ်ခဲ့တဲ့ အသင်းသားတွေကို ကစားသမားဟောင်းကြီး အချို့က မနာလိုမှုအချို့ရှိနေတယ် လို့ဆိုလိုက်ပါတယ်။

အင်္ဂလန် အသင်းဟာ ယနေ့ည မှာUEFA NATIONS LEAGUE ပွဲစဉ်အဖြစ် ခရိုအေးရှားအသင်းကိုအိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အနိုင်ရခဲ့ပါက ဆီမီးဖိုင်နယ်အဆင့်ကိုတက်လှမ်းသွားနိုင်တော့မှာဖြစ်ပါတယ်။

အင်္ဂလန် အသင်းဟာ ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လည်း ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်ထားနိုင်ခဲ့သေးတာဖြစ်ပါတယ်။ဒါကြောင့် ခြင်္သေ့သုံးကောင်လို့ အမည်ပြောင်ပေးခံထားရတဲ့ အင်္ဂလန် တို့ ဆောက်ဂိတ်ရဲ့ လက်အောက်မှာဟိန်းဟောက်သံခြိမ်းခြိမ်းညံနေပြီလို့ အများက ယူဆနေကြတာဖြစ်ပါတယ်။

အင်တာဗျူးတခုမှာ ဝိန်းရူးနီက- – – ” ကျွန်တော်နဲ့ စကားပြောဆိုခဲ့တဲ့ ကစားသမားဟောင်းအချို့ဟာလက်ရှိအင်္ဂလန် အသင်းစွမ်းဆောင်နေတဲ့အရာတွေကို သဘောကျဟန်မတူပါဘူး။ဒါဟာတကယ်တော့ လွဲမှားနေတာပါပဲ။

ကျွန်တော်ဟာ သူတို့နဲ့မတူပါဘူး။ကျွန်တော်ဟာ အခုချိန်မှာလက်ရှိအသင်းသားတွေရဲ့ပရိသတ်ဖြစ်နေပြီး သူတို့ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ကိုပဲ အလိုရှိနေပါတယ်။အင်္ဂင်္လန် အသင်းမှာ ကျွန်တော် အကြိမ်ပေါင်းများစွာ ပါဝင်ကစားထားခဲ့ရလို့ လည်းဂုဏ်ယူမိပါတယ်။ဒါပေမယ့် ကျွန်တော့်ရဲ့ ခေတ်ကကုန်သွားပါပြီ။

အသင်းနဲ့ အတူ ပါဝင် ပတ်သက်စွမ်းဆောင်ပေးနိုင်ခဲ့တာတွေကြောင့်ကျေနပ်နေမိသလိုပဲ လက်ရှိအသင်းသားတွေရဲ့ တိုးတက်မှုတွေကိုလာမယ့်နှစ်အနည်းငယ်အတွင်းမြင်တွေ့ခွင့်ရချင်နေပါပြီ။

ဒီအသင်းဟာ အမိမြေအတွက် ဆုဖလား ၁လုံးလောက်တော့ သယ်ဆောင်လာပေးနိုင်မယ် လို့ ကျွန်တော် မျှော်လင့်ထားပါတယ်” လို့ပြောခဲ့ပါတယ်။ဝိန်းရူးနီ ဟာအသက် ၁၇နှစ်သားအရွယ်မှာပဲ နိုင်ငံ အသင်းအတွက်ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး ၁၅နှစ်ခွဲကြာ ကစားပေးအပြီးမှာအနားယူခဲ့တာဖြစ်ပါတယ်။

သူအနားယူချိန် နိုင်ငံအသင်းမှာပါရမီရှင် မျိုးဆက်တခုကျန်ရှိနေခဲ့ပြီး ဒေါ့မွန်အသင်းနဲ့အတူတောက်ပနေတဲ့ အသက်၁၈နှစ်အရွယ်တောင်ပံကစားသမားလေး ဆန်ချိုက အထင်ရှားဆုံး လူငယ်သွေးသစ်အဖြစ်ရှိနေပါတယ်။

ဆန်ချိုနဲ့ ပတ်သက်ပြီး ရူးနီက – – – ” ဆန်ချိုဟာ အံ့မခန်း ပါရမီရှင်တဦးဖြစ်လို့ သူလုပ်ပြထားနိုင်နေတာတွေကိုကျွန်တော် မအံ့သြပါဘူး။မနာလိုစိတ်လည်းမရှိပါဘူး။အခုဆို သူ့ရဲ့ ပရိသတ်တောင်ဖြစ်နေပါပြီ။ကျွန်တော်ကိုယ်တိုင်လည်းအောင်မြင်ခဲ့တဲ့ အချိန်တွေရှိထားခဲ့ပြီး အခုတော့သူ့အတွက် စိတ်လှုပ်ရှားနေမိပါတယ်။

ကျွန်တော် သူတို့ အသင်းသားတွေအားလုံး အတွက်ကော အင်္ဂလန် အတွက်ပါ စိတ်လှုပ်ရှားနေပါတယ်။ဒါဟာ ဒီအစုအဖွဲ့ နောက်ထပ်မြင့်မားတဲ့ အဆင့်တခုကိုတက်လှမ်းနိုင်ဖို့ အခွင့်အရေးလည်းဖြစ်ပါတယ်။

သူတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးအဆင့်အထိတက်ရောက်ထားနိုင်ခဲ့ပြီး ဒါဟာ ၁၉၉၀ပြည့်နှစ်မှာစွမ်းဆောင်ထားနိုင်ခဲ့တာမျိုးကိုပြန်လုပ်ပြနိုင်ခဲ့တာဖြစ်လို့လည်းသူတို့ပျော်ရွှင်ကျေနပ်နေကြပါလိမ့်မယ်။သူတို့မှာ နောက်ထပ်ရှေ့ဆက်နိုင်မယ့် အလားအလာ ကောင်းတွေလည်း ရှိထားပါတယ်။

လူငယ်ကစားသမားတွေပါဝင်နေတဲ့ အစုအဖွဲ့မျိုးဖြစ်ပေမယ့် ရှိသင့်ရှိထိုက်တဲ့စိတ်ထားမျိုးကို သူတို့မှာမြင်တွေ့ထားရပါတယ်။နောက်ထပ်အရာတွေအများကြီးအတွက် သူတို့ကို တွန်းအားပေးသွားဦးမှာပါ” လို့ပြောသွားခဲ့ပါတယ်။

လက်ရှိရာသီမှာ အကောင်းဆုံးပုံစံရနေတဲ့ အကြောင်းရင်းကို ရှင်းပြသွားခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူ ဇာခါ

လက်ရှိရာသီမှာ အကောင်းဆုံးပုံစံရနေတဲ့ အကြောင်းရင်းကို ရှင်းပြသွားခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူ ဇာခါ

 

အာဆင်နယ်ကွင်းလယ်လူ ဂရန်းနစ်ဇာခါဟာ လက်ရှိဘောလုံးရာသီမှာ ပုံစံကောင်းတွေ ပြသနေပြီး သူ့အနေနဲ့လည်းလက်ရှိရာသီဟာ ကစားသမားဘဝသက်တမ်းတစ်လျှောက် အကောင်းဆုံးပုံစံရရှိနေတယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ ဇာခါဟာ အာဆင်နယ်ကို ၂၀၁၆ ခုနှစ်မှာ ပေါင်သန်း (၄၀) နဲ့ ဘွန်ဒက်လီဂါကလပ် မိုချန်ဂလာဘတ်ကနေ ရောက်ရှိလာတာ ဖြစ်ပါတယ်။ဇာခါဟာ သူ့ရဲ့ ပထမဦးဆုံး ဘောလုံးရာသီနှစ်ခုမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ အနည်းငယ်ရုန်းကန်ခဲ့ရပေမယ့်လည်း အာဆင်နယ်ရဲ့ ကွင်းလယ်ခံစစ်တန်းမှာတော့ သူ့ရဲ့ မာန်ပါပါကစားဟန်အချို့ကို တစ်ခါတစ်လေမြင်တွေ့ရလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း လက်ရှိဘောလုံးရာသီမှာတော့ ဇာခါဟာ ကွင်းလယ်မှာ အသစ်ရောက်ရှိလာတဲ့ ကွင်းလယ်လူ တော်ရဲရားနဲ့ အတူ အထင်ကြီးဖွယ်ရာ ခြေစွမ်းတွေကို ပြသနေပါတယ်။

 

 

ခြေစွမ်းကောင်းပြသနေတာနဲ့ ပတ်သက်လို့ သတင်းထောက်တွေကို ပြောကြားရာမှာတော့ ဇာခါက “လက်ရှိရာသီဟာကျွန်တော့်အတွက်တော့ အကောင်းဆုံးသောရာသီပါပဲ၊ ကျွန်တော့်အနေနဲ့ နောက်တစ်ဆင့်ကို ရောက်ရှိလာပြီဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး၊ ဒီအချိန်ဟာ အသင်းကို ကျွန်တော်စရောက်ခဲ့တဲ့ အချိန်ကစလို့ အကောင်းဆုံးလို့ ခံစားရတဲ့အခိုက်အတန့်ဖြစ်ပါတယ်၊ဒီအတွက် အသင်းရဲ့ နည်းပြဟာ အများကြီးလွှမ်းမိုးမှု ရှိပါတယ်၊ သူဟာ ကျွန်တော်တို့အားလုံးအတွက် အစီအစဉ်တစ်ခု သတ်မှတ်ပေးပါတယ်၊ ကျွန်တော်တို့ဟာ ဘောလုံးရှိရှိ မရှိရှိဘာလုပ်ရမယ်ဆိုတာကို သိလာပါတယ်၊ နေရာယူတာက အစပေါ့၊ အမ်မရီဟာလူစီယန် ဖာဘရီ (ဂလာဘတ်နည်းပြဟောင်း – ယခုဒေါ့မွန်နည်းပြ) နဲ့တူပါတယ်၊ ကစားသမားတိုင်း နားမလည်မချင်း (၁၀) ကြိမ်မက လေ့ကျင့်စေတဲ့ နည်းပြဖြစ်ပါတယ်”

 

 

“ကမ္ဘာ့ဖလားပြိုင်ပွဲ မပြီးခင်အထိ ကျွန်တော်သူနဲ့ အဆက်အဆံမရှိခဲပါဘူး၊ ကျွန်တော် အာဆင်နယ်ကို လေ့ကျင့်ခန်းဆင်းဖို့ ပြန်လာတော့ သူကျွန်တော့်ကို ပြောတာက – ဂရန်းနစ်၊ မင်းဟာ ငါ့ရဲ့ အသင်းခေါင်းဆောင် ငါးယောက်ထဲက တစ်ယောက်ပဲတဲ့၊ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အဆင့် (၁၀) အတွင်းမှာရှိနေတဲ့ ကလပ်မှာ ကစားနေတာပါ၊ အဲဒါကြောင့် သူအဲဒီလိုပြောလိုက်တာဟာ ကျွန်တော့်ကို ဂုဏ်ယူရစေပြီး ယုံကြည်မှုတွေလည်း တိုးပွားလာစေပါတယ်၊ ကျွန်တော့်ကို ၂၀၂၃ အထိ သက်တမ်းတိုးလိုက်တာဟာ အရမ်းကို ကောင်းမွန်ပါတယ်၊ ကျွန်တော့်အတွက်တော့ တော်တော်လေးကို ကျေနပ်ဖို့ကောင်းတဲ့ စာချုပ်ဖြစ်ပါတယ်၊  ကျွန်တော်ဟာ အသင်းအတွက် အရမ်းကိုအရေးကြီးတယ်ဆိုတာ သိသွားခဲ့တာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။

နည်းပြ အမ်မရီ အာဆင်နယ် အသင်းကို ဘယ်လို ပြောင်းလဲမှု တွေ ပြုလုပ်ခဲ့သလဲ ဆိုတာကို ဖွင့်ဟ ပြောကြား သွားခဲ့တဲ့ #ယွန်းဘတ်

နည်းပြ အမ်မရီ အာဆင်နယ် အသင်းကို ဘယ်လို ပြောင်းလဲမှု တွေ ပြုလုပ်ခဲ့သလဲ ဆိုတာကို ဖွင့်ဟ ပြောကြား သွားခဲ့တဲ့ #ယွန်းဘတ်

အာ ဆင် နယ် အ သင်း ဟာ နည်း ပြ အူ နိုင်း အမ် မ ရီ လက် အောက် မှာ ပြိုင် ပွဲ စုံ ၁၆ ပွဲ ဆက် တိုက် ရှုံး ပွဲ မ ရှိ သေး ဘဲ ပ ရီး မီး ယား လိဂ် မှာ လည်း အ ဆင့် ၅ နေ ရာ မှာ ရပ် တည် နေ နိုင် ပါ တယ် ။

ဒါ့အပြင် အာ ဆင် နယ် အ သင်း ဟာ ယူ ရို ပါ လိဂ် ပြိုင် ပွဲ မှာ လည်း ၃၂ သင်း ရှုံးထွက် အဆင့် ကို တက်ရောက် နိုင် ခဲ့ ပြီ ဖြစ် သ လို ကာ ရာ ဘောင်း ဖ လား မှာလည်း ကွာ တား ဖိုင်နယ် အ ဆင့် ကို ရောက် ရှိ နေ ပါ ပြီ ။

အာ ဆင် နယ် ယူ – ၂၃ အ သင်း ကို နည်း ပြ အ ဖြစ် တာ ဝန် ယူ ကိုင် တွယ် နေ တဲ့ ဂ န္တ ဝင် က စား သ မား ယွန်း ဘတ် က နည်း ပြ အမ် မ ရီ ဟာ အာ ဆင် ဝင်း ဂါး နည်း စ နစ် နဲ့ သူ လို ချင် တဲ့ စိတ် ဓတ် အ ပြည့် နဲ့ က စား ဟန် ကို ပေါင်း စပ် ထား တာ ဖြစ် ကြောင်း ဆို ပါ တယ် ။

ယွန်း ဘတ် က နည်း ပြ အမ် မ ရီ ဟာ က စား သ မား တွေ ကို အ သေး စိတ် က အ စ ညွှန် ကြား လေ့ ရှိ သူ ဖြစ် ကြောင်း လည်း ပြော ကြား သွား ခဲ့ ပါ တယ် ။ ” အာ ဆင်း ထွက် ခါ သွား က တည်း က အာ ဆင် နယ် အ သင်း မှာ ပြောင်း လဲ မှု အ ချို့ မြင် တွေ့ ခဲ့ ရ ပါ တယ် ။ အူ နိုင်း အမ် မ ရီ က တ ကယ့် ကို တည် ငြိမ် တဲ့ နည်း ပြ ပါ ။ သူ ဖြစ် ချင် တာ ကို လည်း အ သေး စိတ် ကျ ကျ လုပ် လေ့ ရှိ သူ ပါ ။ ”

” တ န င်္လာ နေ့ က နေ သော ကြာ နေ့ ထိ လေ့ ကျင့် ရေး အ စီ အ စဉ် တွေ က အ စ သေ ချာ အ စီ အ စဉ် ဆွဲ ထား တဲ့ သူ ပါ ။ က စား သ မား တွေ ဘာ လုပ် ရ မယ် ဆို တာ ကို ညွန် ကြား လေ့ ရှိ ပြီး က စား သ မား တွေ က လည်း သူ့ ကို ပွင့် ပွင့် လင်း လင်း ပြော နိုင် ပါ တယ် ။ သူ တို့ က စား ရ မယ့် နေ ရာ ကို သေ ချာ သိ ဖို့ လို အပ် သ လို ဘယ် နေ ရာ မှာ ပို ခြေ စွမ်း ပြ နိုင် သ လဲ ဆို တာ ကို သိ ရ ပါ မယ် ။ ”

” ကျွန် တော် တို့ နှစ် ယောက် ယူ-၂၃ ပွဲ ပြီး တိုင်း ပုံ မှန် စ ကား ပြော ဖြစ် ပါ တယ် ။ ကျွန် တော် တို့ နှစ် ယောက် ရဲ့ နည်း စ နစ် ပိုင်း တွေ က လည်း အ တော် လေး ဆင် တူ ပါ တယ် ။ ပွဲ တစ် ပွဲ မှာ ဘယ် လို က စား မ လဲ ၊ နောက် တန်း က နေ ဘော လုံး တည် က စား တဲ့ အ ချိန် မှာ ဘယ် သူ တွေ က အ ဆင် မ ပြေ ဖြစ် နေ လဲ ဆို တာ အ သေး စိတ် လိုက် ကြည့် တာ ပါ ။ ကျွန် တော် တို့ ရဲ့ အ ယူ အ ဆ က တော့ ရိုး ရှင်း ပါ တယ် ။ ”

” ကျွန် တော့် အ လုပ် က လူ ငယ် က စား သ မား တွေ ကို အ သင်း ကြီး မှာ နေ ရာ ရ အောင် လုပ် ပေး ဖို့ ပါ ။ သူ က လည်း လူ ငယ် တွေ ကို နေ ရာ ပေး နိုင် သ လောက် ပေး ချင် တဲ့ နည်း ပြ ပါ ။ အ ရေး ကြီး ဆုံး က တော့ ကျွန် တော့် ရဲ့ ကောင် လေး တွေ အ သင်း ကြီး အ တွက် အ ဆင် သင့် ဖြစ် နေ ပြီ ဆို တာ သေ ချာ ဖို့ ပါ ပဲ ။ အမ် မ ရီ က လူ ငယ် က စား သ မား တွေ ရဲ့ စွမ်း ဆောင် ရည် အ ပေါ် ယုံ ကြည် မှု အ ပြည့် ရှိ တဲ့ သူ ပါ ။ ”

” ဒါ က အာ ဆင် နယ် အ သင်း ရဲ့ အောင် မြင် တဲ့ လူ ငယ် စီ မံ ကိန်း ပါ ပဲ ။ အ ရည် အ ချင်း ရှိ တဲ့ လူ ငယ် တွေ ကို နေ ရာ ရ လာ အောင် ကူ ညီ ပံ့ ပိုး ပေး သွား မှာ ပါ ။ ” လို့ ပြော ကြား သွား ခဲ့ ပါ တယ် ။

အာ ဆင် နယ် အ သင်း အ နေ နဲ့ နိုင် ငံ တ ကာ ပွဲ စဉ် များ ပြီး ရင် တော့ ဘုန်း မောက် အ သင်း နဲ့ ယှဉ် ပြိုင် က စား ရ မှာ ဖြစ် ပြီး ၊ နို ဝင် ဘာ လ ကုန် ခါ နီး မှာ တော့ ဗော့ ဆ ကာ အ သင်း နဲ့ က စား သွား ရ မှာ ပါ ။ ဒီ ဇင် ဘာ လ အ စ ပိုင်း မှာ တော့ အာ ဆင် နယ် အ သင်း ဟာ စပါး ၊ ယူနိုက်တက် အသင်း တို့နဲ့ ပွဲ ကျပ် နှစ် ပွဲ ဆက် တိုက် က စား ရ မှာ လည်း ဖြစ် ပါ တယ် ။

ပွဲထွက်ခွင့်မရတဲ့ အကြောင်းရင်းကို ရှင်းပြသွားခဲ့တဲ့ မန်ယူနောက်ခံလူ အန်တိုနီယိုဗလန်စီယာ

ပွဲထွက်ခွင့်မရတဲ့ အကြောင်းရင်းကို ရှင်းပြသွားခဲ့တဲ့ မန်ယူနောက်ခံလူ အန်တိုနီယိုဗလန်စီယာ

 

အသက် (၃၃) နှစ်အရွယ် မန်ယူနောက်ခံလူ ဗလန်စီယာရဲ့ စာချုပ်သက်တမ်းဟာ လက်ရှိဘောလုံးရာသီအပြီးမှာကုန်ဆုံးတော့မှာဖြစ်ပြီး မန်ယူအနေနဲ့ စာချုပ်သစ်ထပ်မံကမ်းလှမ်းခြင်းမရှိတော့ပါက အလွတ်ပြောင်းရွှေ့ကြေးနဲ့ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားနိုင်ခြေရှိနေပါတယ်။ Metro ရဲ့ဖော်ပြချက်အရ အဆိုပါ အီကွေဒေါသားအနေနဲ့ မန်ယူကနေထွက်ခွာခဲ့ရင်တောင်အင်္ဂလန်မှာပဲ ဆက်လက်ကစားလိုနေတယ်လို့ သိရပါတယ်။ ဗလန်စီယာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီနှစ်ခုမှာတော့ မော်ရင်ဟိုရဲ့ကစားကွက်မှာ ညာနောက်ခံလူနေရာကနေ ပုံမှန်အသုံးတော် ခံခဲ့ပြီး လက်ရှိဘောလုံးရာသီမှာတော့ အောက်တိုဘာလ (၂) ရက်နေ့ကနေ စတင်ပြီး ပွဲထွက်ခွင့်မရရှိတော့ပဲ ဖြစ်နေပါတယ်။

 

 

မော်ရင်ဟို အနေနဲ့ သူ့ရဲ့ ကစားသမားဟာ ကြံ့ခိုင်မှုပြဿနာရှိနေတယ်လို့ ဆိုထားပေမယ့်လည်း ဗလန်စီယာကတော့ယခုတစ်ပတ်ထဲမှာ သူပွဲထွက်ခွင့်မရတာဟာ ဒဏ်ရာကြောင့်မဟုတ်ပဲ မော်ရင်ဟိုနဲ့သာ သက်ဆိုင်တယ်လို့ ရှင်းပြထားပါတယ်။”မော်ရင်ဟိုနဲ့ ဆက်ဆံရေးကတော့ အမြဲတမ်းအဆင်ပြေပြေရှိနေပါတယ်၊ အခုလောလောဆယ်မှာ ကျွန်တော်ကစားခွင့်မရဘူးဖြစ်နေပါတယ်၊ ဒါပေမယ့် ဒါဟာ နည်းစနစ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်အချို့ကြောင့်ဖြစ်ပါတယ်၊ အခုကျွန်တော့်နေရာမှာ ကစားနေတဲ့ အက်ရှ်လေယန်းဟာ ကောင်းကောင်းကစားနေပါတယ်၊ (နည်းပြရဲ့) ဆုံးဖြတ်ချက်ကိုတော့ လေးစားသွားရမှာပါ”

 

 

“အခု ကျွန်တော်လုပ်နိုင်တာက လေ့ကျင့်နေဖို့နဲ့ မော်ရင်ဟို ကျွန်တော့်ကို လိုအပ်တဲ့အခါ အမြဲတမ်းအဆင်သင့်ဖြစ်နေဖို့ပါပဲ၊ ပြီးတော့ ကစားခွင့်ရရှိအောင် သင့်တော်တဲ့ အခြေအနေမှာ ရှိနေရမှာပါ၊ ကျွန်တော့်အနေနဲ့ အခုချိန်မှာ အေးအေးဆေးဆေးဖြစ်နေပါတယ်၊ နောက်ထပ်ကစားခွင့်ရဖို့ အခွင့်အရေးကောင်းတွေ ရရှိလာမယ်ဆိုတာ ကျွန်တော်သိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဗလန်စီယာရဲ့ ကိုယ်စားလှယ်တွေကတော့ လာမယ့်အပတ်မှာတော့ ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ကာရင်တန်မှာ စကားပြောဆိုဖို့ရှိနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်အနေနဲ့ လာမယ့်ဇန်နဝါရီအပြောင်း  အရွှေ့ထဲမှာလည်း ဗလန်စီယာကို ရောင်းချသွားဖို့ ဆုံးဖြတ်သွားနိုင်တယ်လို့ သိရပါတယ်။

Welcome All Fan

In
Copy Protected by Chetan's WP-Copyprotect.