ကမ္ဘာ့ ဈေးအကြီး ဆုံး ဂိုးသမား အလီဆင် ကို နောက်ပြောင် ကျီစယ် သွားတဲ့ အာဆင်နယ် အသင်းတိုက်စစ်မှူး အူဘာမီယန်း

ကမ္ဘာ့ ဈေးအကြီး ဆုံး ဂိုးသမား အလီဆင် ကို နောက်ပြောင် ကျီစယ် သွားတဲ့ အာဆင်နယ် အသင်းတိုက်စစ်မှူး အူဘာမီယန်း

အာဆင်နယ် အသင်း တိုက်စစ်မှူး အူဘာမီယန်း ဟာ လီဗာဗူး အသင်း ရဲ့ ဂိုးသမား အလီဆင်ကို တွစ်တာ ကနေ တစ်ဆင့် အသင်းဖော် တိုက်စစ်မှူး လာကာဇက်တေး အကူအညီ နဲ့ နောက်ပြောင် ကျီစယ် သွားခဲ့ပါတယ် ။

အလီဆင် ဟာ လီဗာပူး ကို ရိုးမား ကနေ ကမ္ဘာ့ စံချိန် တင် ပြောင်းရွှေ့ကြေး ပေါင် ၆၆.၈ သန်း နဲ့ ပြောင်းရွှေ့ကြေး နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ရောက်ရှိ လာတာ လည်း ဖြစ်ပါတယ် ။ အလီဆင် ဟာ ဘရာဇီး အသင်း ရဲ့ နံပါတ် တစ် ဦးစားပေး ဂိုးသမား တစ်ဦး ဖြစ်ပြီး သူ့ နောက်မှာ တော့ ဒုတိယ ဦးစားပေး ဂိုးသမား အဖြစ် မန်စီးတီး အသင်း ရဲ့ ဂိုးသမား အီဒါဆင် က ရှိနေတာလည်း ဖြစ်ပါတယ် ။

ဒါပေမယ့် အာဆင်နယ် အသင်း တိုက်စစ်မှူး အူဘာမီယန်း ကတော့ အလီဆင် ရောက်ရှိ လာတာကို စိုးရိမ်ခြင်း မရှိဘဲ အသင်းဖော် လာကာဇက်တေး ရဲ့ အကူအညီနဲ့ အလီဆင်ကို တွစ်တာကနေ တစ်ဆင့် နောက်ပြောင် ကျီစယ် သွားခဲ့ တာလည်း ဖြစ်ပါတယ် ။ အူဘာမီယန်း ဟာ ပျော်ပျော်နေတက်ူသူတစ်ဦး ဖြစ်ပြီး အသင်းဖော် အချင်းချင်း လည်း မကြာခဏ နောက်ပြောင် လေ့ရှိသူလည်း ဖြစ်ပါတယ် ။

လာကာဇက်တေး ဟာ လိုင်ယွန်မှာ ကစားစဉ်တုန်းက အလီဆင် နဲ့ ထိပ်တိုက် ရင်ဆိုင် ဖူးတာလည်း ဖြစ်ပါတယ် ။ လိုင်ယွန် အသင်း နဲ့ ရိုးမား အသင်းတို့ ကစားတဲ့ ယူရို ပါလိဂ် ပွဲစဉ်မှာ လာကာဇက်တေး ဟာ ဂိုး ဧရိယာ ပြင်ပ ကနေ တစ်ဆင့် အလီဆင် ရဲ့ ညာဘက်ထောင့် ကို လှလှပပ အဝေး ကစ် နဲ့ ကန်သွင်း ယူခဲ့တာလည်း ဖြစ်ပါတယ် ။ အဆိုပါ ပွဲစဉ်မှာ လိုင်ယွန် အသင်းက ရိုးမား အသင်းကို ၄-၂ ဂိုး နဲ့ အနိုင် ရရှိခဲ့တာလည်း ဖြစ်ပါတယ် ။

အဆိုပါ လာကာဇက်တေး ဂိုးသွင်းတဲ့ ဗွီဒီယိုကို ပရိသတ် တစ်ဦးက တွစ်တာ မှာ တင်ထားတာကို အူဘာမီယန်း က လာကာဇက်တေး ကို မန်းရှင်း ခေါ်ပြီး ပြန်လည် မျှဝေ ပြီး အလီဆင် ကို နောက်ပြောင် ကျီစယ် ခဲ့တာလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်း ပရိသတ် အများစု ဟာ အူဘာမီယန်း နဲ့ လာကာဇက်တေး အတွဲအဖက် ကို ရာသီသစ် မှာ ခြေစွမ်း ပြနိုင်ဖို့ မျှော်လင့် နေကြတာလည်း ဖြစ်ပါတယ် ။ ရာသီသစ်မှာ ပရီးမီးယား လိဂ်မှာ ထိပ်တိုက် တွေ့ကြတဲ့ အခါမှာလည်း လာကာဇက်တေး ဟာ အလီဆင် ကို ဂိုးထပ် သွင်းယူ နိုင် မလား ဆိုတာ စောင့်ကြည့်ရမှာပါ ။

အာဆင်နယ် အသင်း နဲ့ လီဗာပူး အသင်း ဟာ ရာသီသစ် အတွက် ပြင်ဆင်မှု တွေ ပြုလုပ်လျက် ရှိပြီး ကစားသမား သစ် တွေလည်း အပြိုင်အဆိုင် ခေါ်ယူ ထားကြတာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်း နဲ့ လီဗာပူး အသင်း ဟာ နိုဝင်ဘာလ ၃ ရက်နေ့ မှာ အမ်းမရိတ် မှာ ထိပ်တိုက် တွေ့ကြ မှာလည်း ဖြစ်ပါတယ် ။

လီဗာပူး အသင်း ပရိသတ် အများစု ကတော့ အသင်းရဲ့ ကစားသမား ခေါ်ယူမှုကို အားရ ကျေနပ်နေကြပြီး ပရီးမီးယား လိဂ် ဖလားကို ရယူနိုင်ဖို့ မျှော်လင့်ထားကြတာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်း ကတော့ နှစ်ပေါင်း ၂၂ ကျော် နည်းပြ ခဲ့တဲ့ အာဆင်ဝင်းဂါး ခေတ်လွန် နည်းပြ သစ် အူနိုင်း အမ်မရီ လက်ထက်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရယူ နိုင်မလား ဆိုတာ စောင့်ကြည့် ရမှာပါ ။ အာဆင်နယ် အသင်း ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယား လိဂ် မှာ အဆင့် ၆ ပဲ ရရှိခဲ့တာ ဖြစ်ပြီး ယူရိုပါလိဂ် ဝင်ခွင့် ပဲ ရရှိ ခဲ့တာပါ ။

Leave a Reply

Your email address will not be published.