ချယ်လ်ဆီး အသင်း ရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ၂ ဦး ရဲ့ ခြေစွမ်းပိုင်း ကို သုံးသပ် သွားခဲ့တဲ့ အာဆင်နယ် ကစားသမား ဟောင်း ရေးပါလာ

ချယ်လ်ဆီး အသင်း ရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ၂ ဦး ရဲ့ ခြေစွမ်းပိုင်း ကို သုံးသပ် သွားခဲ့တဲ့ အာဆင်နယ် ကစားသမား ဟောင်း ရေးပါလာ

အာဆင်နယ် အသင်း ကစားသမား ဟောင်း ရေးပါလာ ဟာ မနေ့ က ပြုလုပ် ခဲ့တဲ့ Daily Express နဲ့ အင်တာဗျူး မှာ ချယ်လ်ဆီး အသင်း ရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ၂ ဦး ဖြစ်တဲ့ ရော့စ် ဘာကလေ နဲ့ ရူဘင် လော့ဖ်တပ်စ်ချိခ် တို့ရဲ့ လက်ရှိ ခြေစွမ်း နဲ့ နောင် ဖြစ်လာမယ့် အလားအလာ တွေနဲ့ ပတ်သက်ပြီး သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

ဘာကလေ ဟာ ယခုနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အတွက် ခြေစွမ်း ပြနေတဲ့ ကွင်းလယ်လူ တဦး ဖြစ်ပါတယ် ။ ဘာကလေ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ အဲဗာတန် မှ ချယ်လ်ဆီး သို့ ပေါင် ၁၅ သန်း နဲ့ ပြောင်းရွှေ့ လာ ခဲ့ပေမယ့် ခြေစွမ်းပြ နိုင်ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။ ထို့အပြင် ဘာကလေ ဟာ ဒဏ်ရာ ပြဿနာ များကြောင့် ကွန်တီ ရဲ့ လက်အောက် မှာ ပွဲထွက်ခွင့် ပင် မရခဲ့တာ ဖြစ်ပါတယ် ။

ယခုနှစ် မှာတော့ ဘာကလေ ဟာ နည်းပြသစ် ဆာရီ ရဲ့ ကစားကွက် မှာ လျင်မြန်စွာ အထိုင်ကျ လျက်ရှိပြီး ပုံမှန် ခြေစွမ်းကောင်း များ ရရှိ နေတာ ဖြစ်ပါတယ် ။ ဆာရီ ရဲ့ အဓိက ကွင်းလယ်လူ ဖြစ်လာ တဲ့ ဘာကလေ ဟာ ယခုနှစ် ပရီးမီးယားလိဂ် မှာ ချယ်လ်ဆီး အတွက် ၃ ဂိုး သွင်းယူ ပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ် ထားနိုင် ခဲ့တာ ဖြစ်ပါတယ် ။

နောက်ထပ် ကွင်းလယ်လူ တဦး ဖြစ်တဲ့ လော့ဖ်တပ်စ်ချိခ် ကတော့ ချယ်လ်ဆီး အသင်း ရဲ့ အကဟ်ဒမီ ထွက် ကစားသမား ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီ တွေမှာ စီနီယာ ကစားသမား တွေ ကို ကျော်ပြီး နေရာ ရခဲ့ခြင်း မရှိခဲ့ပါဘူး ။ ထို့ အတွက်ကြောင့် ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာတော့ ပဲလေ့စ် သို့ တရာသီ အငှား ဖြင့် သွားရောက် ကစား ခဲ့ကာ ခြေစွမ်း ပြသ နိုင်ခဲ့ ပါတယ် ။

ယခုနှစ် ဘောလုံး ရာသီ မှာတော့ လော့ဖ်တပ်စ်ချိခ် ဟာ ချယ်လ်ဆီး အသင်း ရဲ့ ပထမ အသင်း ကစားသမား စာရင်း ထဲမှာ ပါဝင် လာခဲ့ပြီး ပရီးမီးယားလိဂ် မှာတော့ ပွဲထွက်ခွင့် မရ သေးပေမယ့် အခြား ပြိုင်ပွဲ တွေ မှာတော့ ပွဲထွက်ခွင့် အချို့ ပြန်လည် ရရှိ နေပြီ ဖြစ်ပါတယ် ။ လော့ဖ်တပ်စ်ချိခ် ဟာ ယခုနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၄ ဂိုး ဖိ ရရှိ ထားပြီ ဖြစ်ပါတယ် ။

၎င်းတို့ ၂ ဦး ရဲ့ ခြေစွမ်း တွေနဲ့ ပတ်သက်ပြီး ရေးပါလာ က ” ဘာကလေ ဟာ အခုလို ချယ်လ်ဆီး မှာ နေရာ ပြန် ရလာပြီး ခြေစွမ်း တွေ ပြန်ပြ လာနိုင်တာ ကို မြင်တွေ့ ရတော့ ကျွန်တော် အရမ်း ဝမ်းသာ မိပါတယ် ။ ဆာရီ က ဘာကလေ ရဲ့ ခြေစွမ်း ကို အတော် လေးကို ကြိုက် နှစ်သက် တဲ့ ပုံပေါ် ပါတယ် ။ ”

” ဘာကလေ ဟာ အု အချိန် မှာတော့ ခြေစွမ်း ကောင်း တွေ ဆက်တိုက် ပြနိုင်ဖို့ အခွင့်အရေး တွေ ရလာ ပါပြီ ။ ခင်ဗျား သာ သူ့ ဆီက နေ အရည်အချင်း တွေကို အကောင်းဆုံး ဆွဲထုတ် နိုင်ခဲ့မယ် ဆိုရင် သူဟာ အံ့သြစရာ ကောင်းတဲ ကွင်းလယ်လူ တဦး ဖြစ်လာ နိုင်ပါတယ် ။ သူ့ မှာ ကွင်းလယ်လူ တယောက် မှာ ရှိသင့် တဲ့ ခွန်အား တွေလည်း ပိုင်ဆိုင် ထားပါတယ် ။ သူဟာ ပြိုင်ဖက် ကစားသမား တွေကို လည်း ကျော်ဖြတ် နိုင်စွမ်း ရှိပါတယ် ။ သူဟာ ချယ်လ်ဆီး အတွက် အရေး ပါတဲ့ သူ ဖြစ်လာ ဦးမှာပါ ။ ”

” လော့ဖ်တပ်စ်ချိခ် ဟာလည်း နောက်ပိုင်း မှာ အခွင့်အရေး တွေ အရင် ကထက် ပိုပြီး ရလာ ပါပြီ ။ ဆာရီ ဆီက နေ အနာဂတ် မှာ ဘာကလေ နဲ့ လော့ဖ်တပ်စ်ချိခ် တို့ကို တပြိုင်တည်း ပွဲထုတ် ပေးဖို့ ရှိတယ် ဆိုတဲ့ စကား တွေကို ကြားရတာ ချယ်လ်ဆီး အတွက် အပေါင်း လက္ခဏာ ဆောင် နေတာပါပဲ ။ အခု အချိန် မှာ သူတို့ ၂ ယောက် လုံး လုပ်ဆောင် ရမှာက လက်ရှိ ပြသ နေတဲ့ ပုံစံ ကောင်း ကို အကောင်းဆုံး ဆက်ထိန်း ပြီး မန်နေဂျာ ကို ဖိအား ပေးသွားဖို့ ပါပဲ ။ ”

” ကစားသမား တယောက် ရဲ့ ဘဝ မှာ ကိုယ့် ရဲ့ အနာဂတ် ၊ ကိုယ့် ရဲ့ ပွဲထွက်ခွင့် တွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ် ရမယ့် အချိန် တွေ ရှိပါတယ် ။ အခု အချိန် ဟာ သူတို့ ၂ ယောက် လုံး အတွက် ဒါတွေ နဲ့ ပတ်သက်ပြီး ဆုံးဖြတ် ရမယ့် အချိန် ဖြစ်နေပါပြီ ။ သူတို့ ဖက်က သာ ပွဲထွက်ခွင့် အတွက် ပွင့်ပွင့်လင်းလင်း ပြောရင် အသင်း ကလည်း သူတို့ တွေရဲ့ အနာဂတ် အတွက် လမ်းပိတ် ရပ်နေမယ် လို့ ကျွန်တော် မထင်မိ ပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

One thought on “ချယ်လ်ဆီး အသင်း ရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ၂ ဦး ရဲ့ ခြေစွမ်းပိုင်း ကို သုံးသပ် သွားခဲ့တဲ့ အာဆင်နယ် ကစားသမား ဟောင်း ရေးပါလာ”

Leave a Reply

Your email address will not be published.