လီဗာပူး နဲ့ ခရိုအေးရှားစတား ဒီဂျန် လော့ဗရန် အပေါ် သူ့ရဲ့ ထင်မြင်ချက်ကို ပေးလိုက်တဲ့ ယူနိုက်တက် ဂန္တ၀င် ဂယ်ရီနဗီး

လီဗာပူး နဲ့ ခရိုအေးရှားစတား ဒီဂျန် လော့ဗရန် အပေါ် သူ့ရဲ့ ထင်မြင်ချက်ကို ပေးလိုက်တဲ့ ယူနိုက်တက် ဂန္တ၀င် ဂယ်ရီနဗီး

မန်ချက်စတာ ယူနိုက်တက် ဂန္တ၀င် ကစားသမား ဖြစ်သူ ဂယ်ရီနဗီး က သူဟာ ဒီဂျန် လော့ဗရန် လီဗာပူး အသင်း ကို မပြောင်းရွေ့လာခင် တုန်းက အရမ်းကို နှစ်သက် ခဲ့တယ်လို့ ထုတ်ဖော် ပြောဆို သွားပါတယ်။ဒါပေမယ့် လော့ဗရန် ဟာ လီဗာပူး ကို ပြောင်းရွေ့ လာခဲ့ပြီးနောက် တည်ငြိမ်တဲ့ ခြေစွမ်းကို မပြသ နိုင်ခဲ့တာကြောင့် လီဗာပူး ပရိတ်သတ် တွေ ပါးစပ်ဖျားမှာ ရေပန်း အစားဆုံး ကစားသမား တော့ မဖြစ်ခဲ့ ပါဘူး ။

ခရိုအေးရှား နောက်ခံလူဟာ လွန်ခဲ့တဲ့ ၂၀၁၄ က ဆောက်သမ်တန်မှာ လီဗာပူး ကို ပေါင်သန်း ၂၀ နဲ့ ပြောင်းရွေ့ လာခဲ့ပြီး လက်ရှိ အချိန်မှာ လီဗာပူး အသင်းအတွက် ပွဲပေါင်း ၁၅၀ ကျော် ကစား ပေးခဲ့ပြီး ဖြစ်ပါတယ်။

လော့ဗရန် ဟာ ပြီးခဲ့တဲ့ ရာသီက လီဗာပူး အသင်းကို ချန်ပီယံလိဂ် ဖိုင်နယ် တက်ရောက် နိုင်ခဲ့အောင် အကောင်းဆုံး ကူညီ ပေးခဲ့တဲ့ အပြင် ပြီးခဲ့တဲ့ နွေရာသီ ကမ္ဘာ့ဖလား က ဒုတိယဆု ရရှိခဲ့တဲ့ ခရိုအေးရှား အသင်းကိုလည်း သမိုင်း တစ်လျှောက် ပထမဦးဆုံး အကြိမ် ဗိုလ်လုပွဲ ရောက်အောင် အဓိက စွမ်းဆောင် ပေးခဲ့ပါတယ်။

လော့ဗရန် ဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် မှာ အင်္ဂလန်အသင်းကို အနိုင် ရရှိခဲ့ပြီးနောက် သူဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ တွေထဲကက တစ်ဦး ဖြစ်တယ်လို့ အခိုင်အမာ ဆိုခဲ့ပါတယ်။ နဗီးကတော့ အသက် ၂၉ နှစ် အရွယ် လီဗာပူး နောက်ခံလူဟာ သူရဲ့ စွမ်းရည်ကို လုံးဝ ယုံကြည်မှု ရှိတာ ရှင်းလင်းတယ်လို့ ဆိုသွား ပါတယ်။

စကိုင်းစပေါ့ရဲ့ အစီအစဉ် တင်ဆက်သူ နဗီး က လော့ဗရန် ဟာ ဆောက်သမ်တန်မှာ တုန်းက ပြသခဲ့တဲ့ အကောင်းဆုံး ခြေစွမ်းကို ခုချိန်မှာ ပြန်လည် ပြသနေပြီ လို့ ထောက်ခံ သွားပါတယ်။

နဗီး က “သူဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား မှာတုန်းက အနည်းငယ် လေကြီး ခဲ့တယ် မဟုတ်လား ? လော့ဗရန် နဲ့ ပက်သက်ပြီး ကျွန်တော် ပြောချင် တာကတော့ သူ ဆောက်သမ်တန် မှာတုန်းက ပြသခဲ့တဲ့ ခြေစွမ်းကို ကျွန်တော် အရမ်းကို နှစ်သက် ခဲ့ရတယ်လို့ ပြောရမှာပါ။ ပြီးတော့ လီဗာပူး အသင်း သူ့ကို ခေါ်ယူ လိုက်တုန်းက ကျွန်တော် ဒီအပြောင်းအေ၇ွ့ကို လုံးဝ မအံ့သြ မိပါဘူး။

လော့ဗရန် အနေနဲ့ အန်ဖီးမှာ အထိုင်ကျဖို့ အတွက် အချိန် ယူခဲ့ရတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့် အမြင်ကတော့ သူဟာ ဒီအချိန်မှာ အကောင်းဆုံး ပုံစံကို ပြန်ရလာ ပါပြီ။ သူဟာ နိုင်ငံအသင်းအတွက် ကစားပေးတဲ့ အခါမှာ တကယ့်ကို ပြင်းပြတဲ့ ဆန္ဒ နဲ့ ကစားတဲ့ သူပါ။

ကမ္ဘာ့ဖလား မတိုင်မီ တုန်းက သူနဲ့ ဗီဒါတို့ အတွဲ အဲဒီ ပြိုင်ပွဲမှာ ရုန်းကန် ရမယ်လို့ ကျွန်တော် တွေးခဲ့ပါတယ်။ လော့ဗရန် ဟာ ပိုပြီး ပြသနာ ပေးမယ်လို့တောင် ထင်ခဲ့တာပါ။ ဒါပေမယ့် သူတို့ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ နောက်ဆုံး အချိန်ထိ အကောင်းဆုံး လုပ်ပြ သွားခဲ့ ပါတယ်။

လော့ဗရန် ဟာ သူ့ အရည်အသွေးကို သူ ယုံကြည်မှု ရှိပါတယ်။ သူဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ရှိနေပါတယ်။ ရှင်းရှင်း ပြောရရင် သူ အကောင်းဆုံး ကစား နိုင်တဲ့ ပွဲမှာ သူဟာ တကယ့်ကို ထိပ်တန်း နောက်ခံလူ ဖြစ်ပါတယ်။” လို့ ပြောသွား ပါတယ်။

လော့ဗရန် ဟာ မနေ့ညက ခရိုအေးရှား က အင်္ဂလန် အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့် ခဲ့တဲ့ Nations League ပွဲစဉ် မှာ ပွဲချိန်ပြည့် ပါဝင် ခြေစွမ်းပြ ကစား သွားခဲ့ပေမယ့်လည်း ခရိုအေးရှား အသင်းဟာ League A Group 4 မှာ အောက်ဆုံး နေရာသာ ရရှိခဲ့တာကြောင့် League B ကို တန်းဆင်း ခဲ့ရပါတယ်။

One thought on “လီဗာပူး နဲ့ ခရိုအေးရှားစတား ဒီဂျန် လော့ဗရန် အပေါ် သူ့ရဲ့ ထင်မြင်ချက်ကို ပေးလိုက်တဲ့ ယူနိုက်တက် ဂန္တ၀င် ဂယ်ရီနဗီး”

  1. Thanks, I’ve recently been looking for info
    approximately this topic for ages and yours is the best I’ve came upon so
    far. However, what concerning the conclusion? Are you sure
    concerning the source?

Leave a Reply

Your email address will not be published.