All posts by Adam Willian

ပရီးမီယားလိဂ်အသင်းထက်ဝက်ရဲ့ လက်မှတ်ဈေးနှုန်းများ တိုးမြှင့်ပြီး အာဆင်နယ်မှာ လက်မှတ်ဈေးနှုန်းအများဆုံးဖြစ်နေ

ပရီးမီယားလိဂ်အသင်းထက်ဝက်ရဲ့ လက်မှတ်ဈေးနှုန်းများ တိုးမြှင့်ပြီး အာဆင်နယ်မှာ လက်မှတ်ဈေးနှုန်းအများဆုံးဖြစ်နေ

ပရီးမီးယားလိဂ် ရုပ်သံထုတ်လွှင့်ဝင်ငွေမှာ ပေါင် ၅ ဘီလီယံအထိ ရရှိခဲ့သော်လည်း ၂၀၁၈-၁၉ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ကလပ်အသင်းများရဲ့လက်မှတ်ဈေးနှုန်းမှာ ပြီးခဲ့တဲ့ ရာသီကထက် တိုးမြှင့်ခဲ့သောကြောင့် ဝေဖန်မှုများ ထွက်ပေါ်နေပါတယ်။

ပရီးမီးယားလိဂ်အသင်း ၂၀ အနက် ၉ သင်းက လက်မှတ်ဈေးနှုန်းများတိုးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။ လက်မှတ်နှုန်းထားများကို အနည်းဆုံး ၃.၆ ရာခိုင်နှုန်းကနေ ၃၂.၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ကြတာဖြစ်ပါတယ်။

လက်မှတ်ဈေးနှုန်းမပြောင်းလဲဘဲ ယခင်ကအတိုင်းသတ်မှတ်ခဲ့တဲ့ အသင်းတွေကတော့ အာဆင်နယ်။ချဲလ်ဆီး။လီဗာပူး၊ ဆောက်သမ်တန်၊ဘုန်းမောက် ၊မန်ယူ၊ဘရိုက်တန် ၊အဲဗာတန်၊လက်စတာ ၊ဘန်လေ၊ဟက်ဒါဖီးလ်တို့ ဖြစ်ပါတယ်။

လက်မှတ်ဈေးနှုန်းအများဆုံးတိုးမြှင့်ခဲတဲ့အသင်းက တန်းတက် ဝုဗ်အသင်းဖြစ်ပြီး ၃၂.၅ ရာခိုင်နှုန်းအထိတိုးမြှင့်ခဲ့ကာ လက်မှတ်ဈေးနှုန်းမှာ ၅၀၉ ပေါင်အထိဖြစ်ခဲ့ပါတယ်။ လက်မှတ်ဈေးနှုန်း အမြင့်ဆုံးအသင်းကတော့ အာဆင်နယ် ဖြစ်ပြီး ၈၉၁ ပေါင် ဖြစ်ပါတယ်။

 

လီဗာပူးလ်အသင်း ပထမပွဲထွက်(၁၁)ဦး၏ တန်ဖိုးမှာ ယူရို (၄၄၁)သန်းအထိ ရှိနေကြောင်း Marca ဖော်ပြ

လီဗာပူးလ်အသင်း ပထမပွဲထွက်(၁၁)ဦး၏ တန်ဖိုးမှာ ယူရို (၄၄၁)သန်းအထိ ရှိနေကြောင်း Marca ဖော်ပြ

ရိုးမားဂိုးသမား အယ်လစ်ဆန် ကို ခေါ်ယူခဲ့ပြီးနောက် လီဗာပူးလ်အသင်း ပထမပွဲထွက် (၁၁)ဦး၏ တန်ဖိုး မှာ ယူရို (၄၄၁)သန်းအထိ ရှိကြောင်း စပိန်သတင်းစာ Marca က ဖော်ပြခဲ့ သည်။

လီဗာပူးလ်အသင်းသည် ယခု အပြောင်းအရွှေ့တွင် ကီတာ၊ ဖာဘင် ညို၊ ရှာကီရီနှင့် အယ်လစ်ဆန်တို့ (၄) ဦးကို ယူရို (၁၉၅)သန်းအထိ ပေးကာ ခေါ်ယူထားပြီး ဥရောပထိပ်တန်းလိဂ် (၅)ခု၌ စီးရီးအေထိပ်သီး ဂျူဗင်တပ်စ် အသင်း (ယူရို ၂၂၂ သန်း)ပြီးနောက် ငွေကြေးသုံးစွဲမှု အများဆုံးအသင်း အဖြစ် ရပ်တည်နေသည်။

ထို့ပြင် မန် ယူအသင်းက ပေါ့ဘာအား ယူရို (၁၀၅) သန်းဖြင့် ခေါ်ယူစဉ်က ဝေဖန်ခဲ့သော လီဗာပူးလ်နည်းပြကလော့ပ်သည် အ သင်းကို စတင်ကိုင်တွယ်သည့် ၂၀၁၅ ခုနှစ်မှစပြီး ကစားသမားခေါ်ယူရာ၌ ယူရို (၄၅၆)သန်းအထိ အသုံးပြုထား ခဲ့သည်။

ထို့ပြင် ကလပ်စံချိန်တင်ခေါ် ယူမှု (၅)ခုတွင် (၄)ခုမှာ ကလော့ပ်၏ လက်ထက်တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ် သည်။

Marca သတင်းစာ၏ ဖော်ပြမှု အရ လီဗာပူးလ်အသင်းသည် ရာသီ သစ်တွင် (၄-၃-၃)ကစားကွက်ဖြင့် ပွဲထွက်မည်ဖြစ်ပြီး ယင်းပွဲထွက်ကစားသမား (၁၁)ဦးအတွက် အသုံးပြုခဲ့ရသည့် ငွေကြေးမှာ ယူရို (၄၄၁)သန်း အထိရှိသည်ဟုသိရသည်။

လီဗာပူးလ် အသင်း၏ ပွဲထွက်စာရင်းမှာ ဂိုး-အယ်လစ်ဆန်(ယူရို ၇၅ သန်း)၊ နောက်- ရောဘတ်ဆန်(ယူရို ၉ သန်း)၊ လိုဗရန် (ယူရို ၂၅ သန်း)၊ ဗန်ဒိုက် (ယူရို ၈၅ သန်း)၊ အာနိုးလ် (အကယ်ဒမီထွက်)၊ လယ်- ဖာဘင်ညို (ယူရို ၄၅ သန်း)၊ ဟန်ဒါဆန် (ယူရို ၁၈ သန်း)၊ ကီတာ (ယူရိုသန်း ၆၀)၊ ရှေ့- မာနေ (ယူရို ၄၁ သန်း)၊ ဖေမီနို (ယူရို ၄၁ သန်း)၊ ဆာ လာ (ယူရို ၄၂ သန်း)တို့ဖြစ်ကြောင်း သိရသည်။

ဘူဖွန်၏ တစ်နှစ်လစာမှာ ယူရို (၄.၉၂)သန်းဖြစ်သည်ဟု L’Equipe ဖော်ပြ

ဘူဖွန်၏ တစ်နှစ်လစာမှာ ယူရို (၄.၉၂)သန်းဖြစ်သည်ဟု L’Equipe ဖော်ပြ

အီတလီဝါရင့်ဂိုးသမား ဘူဖွန်သည် PSG အသင်းတွင် အခွန်ဆောင်ပြီး တစ်နှစ်လစာ ယူရို (၄.၉၂)သန်း ရရှိနေသည် ဟု ပြင်သစ်နာမည်ကြီးသတင်းစာ L’Equipe က ဖော်ပြခဲ့သည်။

အသက် (၄၀)နှစ်ရှိပြီဖြစ်သည့် ဘူဖွန်သည် ယခုနွေရာသီ တွင် ကာလရှည်ကစားခဲ့သည့် ဂျူဗင်တပ်စ်အသင်းနှင့် လမ်းခွဲကာ PSG အသင်းသို့ (၁)နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။

L’Equipe က ဘူဖွန်မှာ PSG အသင်းတွင် အခွန်ဆောင်ပြီး တစ်နှစ်လစာ ယူရို (၄.၉၂)သန်းရရှိနေသည့် ဘူဖွန်သည် တစ်လ လစာ ယူရို (၄၁၀၀၀၀)၊ တစ်ပတ် လစာ ယူရို (၉၅၀၀၀)ရရှိနေသည်ဟု ရေးသားခဲ့သည်။

ဘူဖွန်ရရှိသည့်ယင်းပမာဏထဲတွင် အပိုဆုကြေးများ ပါဝင်ခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် ဘူဖွန်အနေဖြင့် ဂျူဗင်တပ်စ်အသင်းတွင်ရရှိခဲ့သည့်လစာထက် ပိုမိုများပြားနေလျက်ရှိသည်။

Football Italiaတွင်ဖော်ပြချက်အရ ဘူဖွန်မှာ ဂျူဗင်တပ်စ်အသင်းနှင့် နောက်ဆုံးချုပ်ဆိုခဲ့သည့်စာချုပ်တွင် တစ်နှစ်လစာ ယူရို(၄.၅)သန်း ရရှိခဲ့ကြောင်း သိရသည်။

ဆာရီ ရဲ့ ကစားကွက် နဲ့ ပထမဆုံး မြည်းစမ်းခွင့် ရခဲ့တဲ့ အပေါ် သုံးသပ် ပြောကြား သွားခဲ့တဲ့ ဒေးဗစ် လူးဝဇ် နဲ့ ပတ်ဒရို

ဆာရီ ရဲ့ ကစားကွက် နဲ့ ပထမဆုံး မြည်းစမ်းခွင့် ရခဲ့တဲ့ အပေါ် သုံးသပ် ပြောကြား သွားခဲ့တဲ့ ဒေးဗစ် လူးဝဇ် နဲ့ ပတ်ဒရို

မနေ့ က ချယ်လ်ဆီး အသင်း ရဲ့ ၂၀၁၈ – ၁၉ ဘောလုံး ရာသီ အတွက် ပထမဆုံး ရာသီ ခြေစမ်း ပွဲစဉ် အဖြစ် သြစတေးလျ ကလပ် ပါ့သ် ဂလိုရီ အသင်း နဲ့ ကစားခဲ့ ရာ ချယ်လ်ဆီး အသင်း မှ ပတ်ဒရို ရဲ့ တလုံးတည်း သော သွင်းဂိုး နဲ့ အနိုင် ရရှိ ခဲ့ ပါတယ် ။ ထို ပွဲစဉ် ဟာ မကြာသေးခင် က မှ အသင်း ရဲ့ တရားဝင် နည်းပြ ဖြစ်လာသူ ဆာရီ ရဲ့ ပထမဆုံး ချယ်လ်ဆီး အသင်း ကို ကိုင်တွယ် တဲ့ ပွဲစဉ် ဖြစ် ပါတယ် ။

တောင်ပံ ကစားသမား ပတ်ဒရို နဲ့ နောက်ခံလူ ဒေးဗစ် လူးဝဇ် တို့ အတွက် လည်း မနေ့ က ပွဲစဉ် ဟာ ဆာရီ ရဲ့ ကစားကွက် နဲ့ ပထမဆုံး ဆော့ခဲ့ ရတဲ့ ပွဲစဉ် ဖြစ် ခဲ့ ပါတယ် ။ ချယ်လ်ဆီး အသင်း အနေ နဲ့ နောက်တန်း ၃ ယောက် ကစားပုံ ကနေ နောက်တန်း လေးယောက် ကစားကွက် ကို ချက်ခြင်း ပြန်ပြောင်း ခဲ့ရတာ ကို တွေ့ခဲ့ ရပြီး တိုက်စစ်ပိုင်း က လည်း အခွင့်အရေး များ ဖန်တီး နိုင်ခဲ့ ပေမယ့် တိုင်ထိ ထွက်ခဲ့ ခြင်း ၊ ဂိုးပေါက် လွဲချော် ခြင်း များ နဲ့ သာ တွေ့ကြုံ နေခဲ့ ရပါတယ် ။ ဒုတိယပိုင်း ပွဲချိန် တော်တော် များများ မှာ လည်း ကွင်းလယ် နဲ့ နောက်တန်း ချိတိဆက်မှု အား အတော်လေး နည်း ခဲ့ပါတယ် ။

သို့ရာတွင် ဒီ ပွဲစဉ် ရဲ့ တလုံးတည်း သော အနိုင်ဂိုး ရှင် ပတ်ဒရို ကတော့ သူ့ အနေနဲ့ ဆာရီ ရဲ့ ကစားကွက် မှာ အားရမှု ရှိကြောင်း နဲ့ တိုက်စစ် မှာ လွတ်လွတ်လပ်လပ် ကစား ရလို့ ပျော်ရွှင် နေကြောင်း ပြောကြား သွား ခဲ့ ပါတယ် ။

ပတ်ဒရို က ” ကျွန်တော့ အတွက် ကတော့ အခုလို မျိုး အတွင်း ရော ၊ အပြင် မှာ ပါ လွတ်လွတ်လပ်လပ် ကစားခွင့် ရနေ မယ် ဆိုရင် ကျွန်တော် ဟာ အသင်း အပေါ် မှာ အများကြီး အကျိုး ပြု နိုင် ပါလိမ့် မယ် ။

ပွဲပြီး ရလဒ် က တော့ ၁ – ၀ ပဲ ဖြစ်ခဲ့ ပေမယ့် ကျွန်တော် တို့ အခွင့်အရေး တွေ အများကြီး ဖန်တီး ပေး နိုင် ခဲ့ သလို ကောင်းကောင်း ကစား နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ပွဲပြီး ရလဒ် အတွက် တော့ စိတ်မကောင်း ဖြစ်မိ ပေမယ့် ပွဲ က အတော် ကောင်း ခဲ့ ပါတယ် ။ ” လို့ ပြောကြား သွား ခဲ့ ပါတယ် ။

ဆက်လက်ပြီး ဒေးဗစ် လူးဝဇ် ကလည်း မနေ့ က ပွဲစဉ် က အသင်း ရဲ့ ကစားဟန် ကို ချီးကျူး သွား ခဲ့ သလို ဆာရီ ရဲ့ တိုက်စစ် ကစားကွက် က အသင်း အတွက် အခွင့်အရေး တွေ အများကြီး ရစေ ကြောင်း ဖွင့်ဟ သွား ခဲ့ ပါတယ် ။ မနေ့က ပွဲစဉ် မှာ ဒေးဗစ် လူးဝဇ် က မကြာခဏ ဆို သလို set – piece တွေ မှာ ရှေ့တန်း သို့ တက် ပြီး ကစား လာတာ ကို လည်း တွေ့မြင် ခဲ့ရ ပါတယ် ။

ဒေးဗစ် လူးဝဇ် က ” ကျွန်တော် တို့ ကောင်းကောင်း ကစား နိုင်ခဲ့ ပါတယ် ။ ကစားကွက် အသစ် နဲ့ အတွေးအခေါ် အသစ် နဲ့ ပထမဆုံး ကစား ရတဲ့ အပေါ် လည်း ကျေနပ် မှု ရှိ ပါတယ် ။ ရလဒ် လည်း ကောင်းတယ် လို့ ဆိုရ မှာပါ ။ ကျွန်တော်တို့ အခွင့်အရေး တွေ အများကြီး ဖန်တီး ပေးနိုင် ခဲ့ပြီး ဒီထက် ဂိုး ပို သွင်းသင့် ပါတယ် ။ ဒါပေမယ့် အတွေးအခေါ် အသစ် နဲ့ ကစား ရတာ ကြောင့် ဒါ ဟာ ကောင်းတဲ့ စတင်ခြင်း ပဲ ဖြစ် ပါတယ် ။ ” လို့ ပြောကြား သွား ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ကလပ် အသင်းကြီး အများစု ပါဝင် ကစားနေတဲ့ အင်တာနေရှင်နယ် ချန်ပီယံဖလား ကို လာမယ့် ဇူလိုင် ၂၉ ရက် နေ့ မှာ အင်တာမီလန် အသင်း နဲ့ စတင် ကစား ရမှာ လည်း ဖြစ် ပါတယ် ။

2018 ခုနှစ် မှာ ပေါင် သန်း ၂၅၀ သုံးစွဲ ခဲ့ပြီးနောက် လီဗာပူး အသင်း ဆုဖလား တွေနဲ့ နီးစပ်တဲ့ အခြေအနေ နဲ့ မလုံလောက်တော့ဘူးလို့ ၀န်ခံလိုက်တဲ့ ယာဂန်ကလော့

2018 ခုနှစ် မှာ ပေါင် သန်း ၂၅၀ သုံးစွဲ ခဲ့ပြီးနောက် လီဗာပူး အသင်း ဆုဖလား တွေနဲ့ နီးစပ်တဲ့ အခြေအနေ နဲ့ မလုံလောက်တော့ဘူးလို့ ၀န်ခံလိုက်တဲ့ ယာဂန်ကလော့

လီဗာပူး အသင်းဟာ ဥရောပ ချန်ပီယံ ဆုအတွက် ရီးရဲယ်မက်ဒရစ် အသင်းနဲ့ ကိယက်မှာ ဖိုင်နယ် ယှဉ်ပြိုင် ခဲ့ပြီး နောက်ထပ် ၂ လ အကြာမှာပဲ နည်းပြ ယာဂန်ကလော့ ဟာ ဒီထက် ပိုမို ကောင်းမွန် တဲ့ အခြေ အနေကို ပိုင်ဆိုင် နိုင်ဖို့ အတွက် နွေရာသီ မှာ အကောင်းဆုံး ပြင်ဆင်မှုတွေ ပြုလုပ် လျက် ရှိနေ ပါတယ်။

လီဗာပူး အသင်း ရဲ့ ထိုင်ခုံပူ ပေါ်မှာ ၂ ရာသီ ပြည့် ရှိခဲ့ပြီး ဖြစ်တဲ့ ယာဂန်ကလော့ ဟာ ကြီးကြယ်တဲ့ အမှတ်တရ တွေ မာဆေး ဆိုက်ကို ဆုဖလား တွေ သယ်ဆောင် လာနိုင်မယ့် မျှော်လင့်ချက် တွေ ကို ဖန်တီး နိုင်ခဲ့ပေး နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူး ဟာ ယခု နွေရာသီ မှာ ကစားသမား သစ်တွေ အတွက် ပေါင် ၁၇၅ သန်း .. ၂၀၁၈ ခုနှစ် မှာ ပေါင်သန်း ၂၅၀ သုံးစွဲ ထားပြီး ဖြစ်ပြီး ဂျာမနီ နည်းပြကြီး ကတော့ ဒီလို ငွေတွေ များစွာ သုံးစွဲ ထားခဲ့တာကြောင့် ဖိအားတွေ ပိုမို များပြား လာခဲ့ပြီ လို့ ၀န်ခံ လိုက်ပါတယ်။

ကလော့ ဟာ အပြောင်းအရွေ့ ဈေးကွက် မှာ အလုပ် များနေ ခဲ့ပြီး အလီဆင် အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွေ့ကြေး ပေါင် ၆၅ သန်း ကွင်းလယ် နေရာ အတွက် ဖာဘီညို နာဘီကီတာ နဲ့ ဇာဒန် ရှကီရီ တို့ကို ခေါ်ယူ ထားခဲ့ ပါတယ်။

လီဗာပူး ဟာ နည်းပြ ယာဂန် ကလော့ ရဲ့ ပထမဦးဆုံး ရာသီ မှာပဲ ယူရိုပါလိဂ် ဖိုင်နယ် ကို တက်ရောက် နိုင်ခဲ့ပေမယ့် ဆီဗီလာ ကို ရှုံးကာ ဒုတိယ နေရာ နဲ့ ကျေနပ် ခဲ့ရတဲ့ အပြင် ကာရာဘောင်ဖလား မှာလည်း မန်ချက်စတာ စီးတီးကို ရှုံးကာ ဒုတိယ ရရှိ ခဲ့ ပါတယ်။

လီဗာပူး ဟာ ပြီးခဲ့တဲ့ ရာသီ တုန်းကလည်း အထူး ခြေစွမ်းပြ ကာ ချန်ပီယံလိဂ် ဖိုင်နယ် ထိ တက်လှမ်း နိုင်ခဲ့ပြီး ဗိုလ်လုပွဲ မှာ ရီးရဲယ်မက်ဒရစ် အသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့် ခဲ့ ပြီး ဒုတိယ နေရာနဲ့ သာ ကျေနပ် ခဲ့ရ ပါတယ်။ ဒါပေမယ့် လည်း လီဗာပူး ဟာ ပရီးမီးယားလိဂ် မှာတော့ ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်ချက်စတာစီးတီး အောက် ၂၅ မှတ် အကွာ အဆင့် ၄ နေရာ သာ ရရှိ ခဲ့ပါတယ်။

ယာဂန်ကလော့ ကတော့ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် နောက်ပိုင်း လိဂ်ဖလား မှာ ဗိုလ်စွဲ ခဲ့ပြီးနောက် ဖလား တွေ နဲ့ ဝေးကွာ နေပြီး ပြီးခဲ့တဲ့ ဖိုင်နယ် ၃ ခု မှာ ဒုတိယ နေရာ ရရှိခဲ့တဲ့ လီဗာပူး လို အသင်းရဲ့ လက်ရှိ အနေအထားဟာ လုံလောက်မှု မရှိတော့ ဘူးလို့ ဆိုလိုက်ပါတယ်။

ကလော့ က “ ကျွန်တော့်တို့ ကိုယ့်ကိုကိုယ် ဒီထက် အများကြီး မျှော်လင့် ထားပါတယ်။ ကျွန်တော်တို့ ချန်ပီယံ ဆုတွေ အတွက် ဖလား အားလုံး အတွက် တိုက်ပွဲ ၀င်သွား မှာပါ။ ဒါပေမယ့် ဒါဟာ ကျွန်တော် ဒီ မှာ ထိုင်ကာ ‘ ငါတို့ ဖလား ရအောင် ယူသွား မယ်’ လို့ ဆိုလို တာ မဟုတ် ပါဘူး ။ ကျွန်တော်တို့ မှာ မြင့်မားတဲ့ ရည်မှန်းချက် တွေ ရှိနေ ပါတယ်။ ၁၀၀ ရာခိုင်နှုန်း သေချာ ပါတယ်။

ဒါဟာ နောက်တဆင့် တက်ဖို့ ပါ။ ကျွန်တော်တို့ ဖလား တွေ အတွက် အဆင့်သင့် ဖြစ်နေဖို့ လိုအပ် ပါတယ်။ ကျွန်တော် အာမခံချက် တော့ မပေး နိုင် ပါဘူး ဒါပေမယ့် လူတွေ ဒါကို လိုချင်တယ် ဆိုတာ ကျွန်တော် နားလည် ပါတယ်။

ပထမဦးဆုံး အနေနဲ့ ကျွန်တော်တို့ ဘောလုံး ကို အကောင်းဆုံး ကစားသွားဖို့ လိုအပ် ပါတယ်။ ဒါဟာ ကျွန်တော်တို့ကို တစ်စုံ တစ်ခု အောင်မြင်မှု ရဖို့ အတွက် အခွင့်အရေး ပေးမယ့် အရာပါ။

ကျွန်တော်တို့ ပြီးခဲ့တဲ့ ရာသီက အနေအထား ကနေ တည်ဆောက် သွားမှာပါ။ ဖိုင်နယ် တွေမှာ ရှုံးနိမ့် ခဲ့မှု ဟာ အရာအားလုံး ဆုံးရှုံး သွားမှာ မဟုတ် ပေမယ့်လည်း နောက်တစ်ကြိမ် ပြန်ရောက် ဖို့ အတွက် ဒီကနေ အလုပ်လုပ် သွားရ မှာပါ။

ကျွန်တော်တို့ရဲ့ အခြေခံ အရင်း အမြစ် ဟာ ဖိုင်နယ် ကို နောက်တစ်ကြိမ် တက်ရောက် နိုင်မယ် ဆိုတာ ကျွန်တော် သံသယ မရှိ ပါဘူး။ ကျွန်တော် ရာသီ အစ ကို အကောင်းဆုံး စတင် ချင်ပါတယ်။ ဒါပေမယ့် တစ်စုံတစ်ခု ဖြစ်နိုင်တယ် ဆိုတာ ကျွန်တော်တို့ အားလုံး သိပါတယ်။

ပြီးရင်တော့ အရာအားလုံး ဟာ စက္ကန့် အတွင်း မေးခွန်း ဖြစ်သွား နိုင်ပါတယ်။ ကျွန်တော် ဟာ အခု တတိယ ရာသီ စတင်တော့ မှာပါ။ ရာသီတိုင်း မှာ ကျွန်တော်တို့ အသင်းရဲ့ တိုးတက် မှု ကို မေးခွန်းထုတ် တဲ့ သူကတော့ အမြဲ ရှိ ပါတယ်။ နောက်ဆုံးမှာတော့ ဒါဟာ အိုကေ ပါတယ်။ ကျွန်တော် ဒီကာလ အတွက် ပြင်ဆင် ထားပါတယ်။

ကစားသမားသစ် တွေဟာ ကျွန်တော်တို့ ကို တောင့်တင်း စေမှာ ရာနှုန်းပြည့် သေချာပါတယ်။ ဘယ်လိုလဲ ? ပွဲထွက် ကစားသမား ကနေ စပြီး အရန်ခုံ ကနေ ထလာမယ့် ကစားသမား အထိ ကျွန်တော်တို့ အသင်းရဲ့ လူအင်အားဟာ တောင့်တင်း နေပါတယ်။” လို့ ပြောသွား ပါတယ်။

 

အိပ်မက် ထဲ မှာ တွဲ ကစားချင် ခဲ့တဲ့ အကောင်းဆုံး ၅ ယောက်တွဲ အသင်း ကို ဘရာဇီး စတား နေမာ ထုတ်ဖော် ပြောဆို

အိပ်မက် ထဲ မှာ တွဲ ကစားချင် ခဲ့တဲ့ အကောင်းဆုံး ၅ ယောက်တွဲ အသင်း ကို ဘရာဇီး စတား နေမာ ထုတ်ဖော် ပြောဆို

ဘရာဇီး စတား နေမာ ဟာ သူ အိပ်မက် မက် ခဲ့ ၊ စိတ်ကူး ယဉ် ခဲ့ တဲ့ အကောင်းဆုံး ၅ ယောက် တွဲ အသင်း ( five-a-side team ) ကို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ အဆိုပါ အသင်း မှာ ကမ္ဘာ့ အကောင်းဆုံး ဆု ကို ၅ ကြိမ် ရယူ ထား နိုင် ခဲ့တဲ့ လီယွန်နယ် မက်ဆီ ပါဝင် လာခဲ့ ပေမယ့် ခရစ္စတီယာနို ရိုနယ်လ်ဒို ကတော့ ကျန်ရစ် ခဲ့ ပါတယ် ။

ကမ္ဘာ့ ဖလား ပြိုင်ပွဲ မှာ ပါဝင် ကစား ခဲ့တာ ကြောင့် ကလပ် အသင်း ဆီ ပြန် မလာရ သေးဘဲ အနား ရနေ တဲ့ နေမာ ဟာ ၅ ယောက် တစ်သင်း ပါဝင် ကစား ရတဲ့ ဖူဆယ်ပြိုင်ပွဲ ကို ကိုယ်တိုင် ကြီးမှုး ဦးစီး ကျင်းပ လျက် ရှိ ပါတယ် ။

အဆိုပါ ပြိုင်ပွဲ မှာ သတင်းထောက် တွေ ဟာ နေမာ ကို မေးခွန်း တွေ အများကြီး မေးမြန်းခွင့် ရရှိ ခဲ့ပြီး အဆိုပါ ထဲ က တစ်ခု က တော့ သူ့ရဲ့ အနှစ်သက် ဆုံး ၅ ယောက်တွဲ အသင်း ပဲ ဖြစ် ခဲ့ ပါတယ် ။ ဒီ လို မေးမြန်း ခဲ့ရာ မှာတော့ နေမာ က လျှင်မြန် စွာပဲ “မက်ဆီ ၊ အဲလ်ဗက် ၊ သီယာဂို ဆေးလ်ဗား ၊ ဂါဘရီရယ် ဂျီးဆပ်” ဆိုပြီး ဖြေ ကြား သွားခဲ့ ပါတယ် ။

နေမာ ဟာ ၅ ယောက် တွဲ အသင်း မှာ သူ နဲ့ အတူ ဘာစီလိုနာ မှာ အတွဲ ညီခဲ့တဲ့ ရွှေဘောလုံး ၅ ဆု ရှင် မက်ဆီ ကို ရွေးချယ် ခဲ့သလို ဘရာဇီး ရဲ့ ထွန်းတောက် လာမယ့် တိုက်စစ်မှုးလေး ဂါဘရီရယ် ဂျီးဆပ် ကိုလည်း ရှေ့တန်းမှာ အတူ ထည့်သွင်း ခဲ့ ပါတယ် ။ ကွင်းလယ် နဲ့ ခံစစ် အတွက် ကိုတော့ နေမာ ရဲ့ ဘရာဇီး နဲ့ ကလပ် အသင်းဖော် ဒန်နီ အဲလ်ဗက် နဲ့ သီယာဂို ဆေးလ်ဗား တို့ကို ရွေးချယ် သွားခဲ့ တာ ဖြစ် ပါတယ် ။

ဒါ့အပြင် နေမာ က သူ ဟာ PSG အသင်း မှာ သာ ဆက်လက် ရှိနေမှာ ဖြစ်ကြောင်း ကို လည်း အတည်ပြု ပြောဆို သွားခဲ့ သလို သူ အနှစ်သက် ဆုံး အစား အစား အစာ က တော့ ပဲထမင်း ၊ အသားကင် ၊ အာလူး နဲ့ ကြက်ဥ တို့ ဖြစ် တယ် လို့ ဆိုသွားခဲ့ ပါတယ် ။

ဆက်လက် ပြီး နေမာ က သူ့ရဲ့ ဘ၀ ကို အနားယူ မှု အပြည့် နဲ့ ဖြတ်သန်း လိုပြီး မနက် နိုး လာ ပြီး နောက်ပိုင်း မှာ ပိုကာ ကစားခြင်း ၊ playStation Game ကစားခြင်း တွေ ပြုလုပ် ရတာ ကို နှစ်ခြိုက် သလို ချစ်သူ ကောင်မလေး နဲ့ အနားယူ နေရာ တာမျိုး ကို လည်း သဘောကျ မိတယ် လို့ ဖြေကြား သွားခဲ့ ပါတယ် ။

ဒါ့အပြင် နေမာ က သူ့ရဲ့ သားလေး ကို သူ သွားလေရာ ခေါ်ဆောင် သွားနိုင် ဖို့ အမြဲ ကြိုးစား ခဲ့ ပေမယ့် သားထက် ပိုပြီး ဦးစားပေး ရတာ က တော့ သူ့ရဲ့ လက်တော့ ကွန်ပျူတာ ဖြစ် ပါတယ် လို့ ဖြေကြား သွားခဲ့ ပါတယ် ။

အနှစ် သက်ဆုံး အက အကြောင်း မေးမြန်း ရာမှာ တော့ ဘရာဇီးသား ပီပီ ဆမ်ဘာ တေးသွား တွေ ကို ရွေးချယ် ခဲ့ သလို အခြား ဂီတတွေ ကို လည်း အလျှင်း သင့်သလို နားထောင်ကြောင်း ဖြေဆို သွားခဲ့ ပါတယ် ။

ဘောလုံး နည်းဗျုဟာ ၊ ကစားကွက် ပေါင်းများစွာ ထဲ ကမှ အနှစ် သက်ဆုံး ကစားကွက် အကြောင်း ကို မေးမြန်း ခဲ့ရာမှာ တော့ “4-3-3 ၊ အမြဲတမ်း ပါပဲ” လို့ ဖြေကြား သွားခဲ့ ပါတယ် ။

မန်စီးတီး နှင့် PSG တို့၏ ပစ်မှတ်ထားခြင်းခံနေရသည့် ယာနစ်အတွက် ဂျူဗင်တပ်စ် ယူရိုသန်း (၁၀၀ ) ဈေးသတ်မှတ်

မန်စီးတီး နှင့် PSG တို့၏ ပစ်မှတ်ထားခြင်းခံနေရသည့်ယာနစ်အတွက် ဂျူဗင်တပ်စ် ယူရိုသန်း (၁၀၀ ) ဈေးသတ်မှတ်

ဂျူဗင်တပ်စ်အသင်းသည် မန်စီးတီးအသင်းမှ ခေါ်ယူ ရန်ကမ်းလှမ်းနေသည့် ယာနစ်အား ပြင်သစ်ထိပ်သီးကလပ် PSG အသင်းကပါ ခေါ်ယူရန် ကြိုးပမ်းလာခဲ့ပြီးနောက် ယူ ရိုသန်း (၁၀၀)အထိ ဈေးနှုန်းသတ်မှတ်လိုက်ကြောင်း သိရှိ ရသည်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် ၎င်းပစ်မှတ်ထားနေသည့် နာပိုလီကွင်းလယ်လူ ယော်ဂင်ဟိုအား ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ် ချယ်လ်ဆီးအသင်းက ခေါ်ယူသွားပြီးနောက် ယာနစ်ကို ကြိုးပမ်းလာခဲ့ခြင်းဖြစ်ပြီး PSG အသင်းကလည်း ချယ်လ်ဆီးအသင်း၏ ကွင်းလယ်လူ ကွန် တေနှင့်အတူ ယာနစ်ကိုပါ ကြိုးပမ်းလာခြင်းဖြစ်ကာ တစ် ဦးဦးကို ခေါ်ယူရန် ဆန္ဒရှိနေသည်။

ယင်းကဲ့သို့ အသင်းနှစ်သင်းအပြိုင် ကမ်းလှမ်းလာချိန်တွင် ဂျူဗင်တပ်စ်အသင်းက ယင်းကစားသမားအတွက် ယူရိုသန်း (၁၀၀)ဈေးနှုန်း သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ယင်းပြောင်းရွှေ့ကြေးပမာဏမှာ ရီးယဲလ်မက်ဒရစ်အသင်းထံမှ ခေါ်ယူခဲ့သည့် စီရော်နယ်လ်ဒို၏ ပြောင်းရွှေ့ကြေးပမာဏနီးပါး ရှိနေကြောင်း လည်း သိရှိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ၎င်းတို့အသင်း၏ ကွင်းလယ်  တွင် လီဗာပူးလ်အသင်း၏ ကွင်းလယ်လူ အမ်မရီချန်အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားပြီးဖြစ်ကာ ယာနစ် ထွက်သွားမည်ဆိုပါကလည်း အစားထိုးရန် ကစားသမားအသင့်ရှိပြီးအနေအထားဖြစ်နေသည်။

သို့ရာတွင် ယာနစ်ကို ရောင်းထုတ်ရန်ဆန္ဒမရှိဘဲ မဖြစ်မနေလက်လွှတ်ရမည်ဆိုပါက ယူရိုသန်း (၁၀၀)ရမှ ရောင်းထုတ်နိုင်မည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။

မန်စီးတီးအသင်းသည် ယာနစ်အတွက် ယူရို သန်း (၇၀)အထိ သုံးစွဲရန်အသင့်ရှိနေပြီး တစ်နှစ်လုပ်ခပေါင် (၈)သန်းအထိပေးသွားရန် ဆန္ဒရှိနေသည်။

ရီးရဲမက်ဒရစ် ကို အလည်အပတ် အဖြစ်နဲ့ တောင် ပြန်သွားတော့မှာ မဟုတ်တဲ့ ခရစ္စတီယာနို ရိုနယ်လ်ဒို

ရီးရဲမက်ဒရစ် ကို အလည်အပတ် အဖြစ်နဲ့ တောင် ပြန်သွားတော့မှာ မဟုတ်တဲ့ ခရစ္စတီယာနို ရိုနယ်လ်ဒို

ဂျုဗင်တပ် အသင်း ထံ ပြောင်းရွှေ့ လာခဲ့ တဲ့ ပေါ်တူဂီ အသင်း ရဲ့ တိုက်စစ်မှုး ခရစ္စတီယာနို ရိုနယ်လ်ဒို ဟာ ဖလော်ရန်တို ပီရက် ရှိနေ သရွေ့ ရီးရဲမက်ဒရစ် ကို အလည် အပတ် တောင် ပြန် မသွားတော့ ဘူး လို့ သိရ ပါတယ် ။ ရိုနယ်လ်ဒို ဟာ ရီးရဲမက်ဒရစ် အသင်း မှာ ၉ နှစ် ကြာ ကစား ခဲ့ပြီး ယခု နှစ် နွေရာသီ အပြောင်း အရွှေ့ က မှ ဂျုဗင်တပ် အသင်းထံ ယူရို သန်း ၁၀၀ ကျော် နဲ့ ပြောင်းရွှေ့ လာခဲ့ တာ ဖြစ် ပါတယ် ။

ရိုနယ်လ်ဒို ဟာ ရီးရဲမက်ဒရစ် မှာ ကစား စဉ် အတွင်း စံချိန် မှတ်တမ်း များစွာ ကို စိုက်ထူ နိုင် ခဲ့သလို ဆုဖလား များစွာ ကိုလည်း ရရှိ အောင် ကူညီပေး နိုင် ခဲ့ ပါတယ် ။ ရိုနယ်လ်ဒို ဟာ ရီးရဲမက်ဒရစ် အသင်း ရဲ့ သမိုင်း တစ်လျောက် ဂိုး အများဆုံး သွင်းယူ သူ လည်း ဖြစ်လာ ခဲ့သလို ချန်ပီယံလိဂ် ဖလား တွေ ကို လည်း ဆက်တိုက် ဆိုသလို ရယူ ပေး နိုင် ခဲ့ ပါတယ် ။

ဒါပေမယ့် အသင်း က နေ ထွက်ခွာ ချိန် မှာတော့ ရိုနယ်ဒို အတွက် ဂုဏ်ပြု နှုတ်ဆက် ပွဲလေး တစ်ခု မှ ရှိ မလာခဲ့ ပါဘူး ။ ၂၀၀၉ ခုနှစ် က ဘာနေဗျုး ကွင်းထဲ ကို ခမ်းနားစွာ ၀င်ရောက် လာခဲ့တဲ့ ရိုနယ်လ်ဒို ဟာ ၂၀၁၈ ခုနှစ် မှာတော့ ဘယ်သူ့ ကို မှ နှုတ်မဆက် ရဘဲ တိတ်တဆိတ် ထွက်ခွာ သွားခဲ့ရ ပါတယ် ။

ရိုနယ်လ်ဒို က ဒါတွေ အားလုံး ဟာ အသင်း ရဲ့ ဥက္ကဌ ဖလော်ရန်တို ပီရက် ရဲ့ လုပ်ရပ် တွေ ကြောင့် ဖြစ်တယ် လို့ ယုံကြည် ထားပြီး ပီရက် ဥက္ကဌ အဖြစ် ရှိနေ သရွေ့ ရီးရဲ အသင်းထံ ပြန် မသွားတော့ ဘူး လို့ ဆုံးဖြတ် ထား ကြောင်း သိရ ပါတယ် ။

ရိုနယ်လ်ဒို ဟာ စပိန် ကို အခွန် ကိစ္စ အတွက် ဖြေရှင်း ဖို့ ရောက် လာခဲ့ စဉ် က မက်ဒရစ် မှာ နှစ်ပေါင်းများစွာ အတူ တိုက်ပွဲ ၀င်ခဲ့ ကြတဲ့ အသင်းဖော် တွေ ၊ ၀န်ထမ်း တွေ ကို သွားရောက် တွေ့ဆုံ ပြီး နှုတ်ဆက် ပွဲ ပြုလုပ် ဖို့ စီစဉ် ခဲ့ ပေမယ့် ( ကိုယ်တိုင် ကမ ကထ ပြုလုပ် သည့် ပွဲ ) ပီရက် ကို ပြန်လည် မဆုံတွေ့ လိုတော့ တာ ကြောင့် အဆိုပါ အစီအစဉ် ကို ဖျက်သိမ်း လိုက် တယ် လို့ အီတလီ အခြေစိုက် “II Corriere dello Sport” သတင်းစာ က ဖော်ပြ သွားခဲ့ ပါတယ် ။

ရိုနယ်လ်ဒို ဟာ နောက်ပိုင်း ၂ နှစ် အတွင်း မှာ လစာ ငွေ တိုးမြှင့် ရရှိ လိုတဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ပီရက် နဲ့ အဆင် မပြေ ဖြစ် လာခဲ့သ လို အသင်း ရဲ့ အရေးပါ တဲ့ ကစား သမား အဖြစ် သတ်မှတ်ခြင်း မခံ ရ တော့ သလို ခံစား လာမိ တယ် လို့ လည်း ရင်းနှီး သူတွေ ကို ထုတ်ဖော် ပြောဆို ခဲ့ကြောင်း ကြားသိခဲ့ ရ ပါတယ် ။

ရိုနယ်လ်ဒို နဲ့ ပီရက် တို့ အကြား က ဆက်ဆံရေး တွေကို ပိုမို ဆိုးရွား စေခဲ့ တာ က တော့ အခွန် ရှောင်လွှဲမှု ပြဿနာ ဖြစ်ပြီး ရီးရဲမက်ဒရစ် အသင်း ဘက်က ထောက်ခံ မှု မရရှိ ခဲ့တာ ကြောင့် ရိုနယ်လ်ဒို ဟာ အခွန် ရှောင်လွှဲမှု ကို ကိုယ်တိုင် ရင်ဆိုင်ဖြေ ရှင်း ခဲ့ရပြီး ဆိုင်းငံ့ ထောင်ဒဏ် နဲ့ ငွေဒဏ်တွေ ချမှတ်ခြင်း ခံခဲ့ ရ ပါတယ် ။

ရိုနယ်လ်ဒို ဟာ သြဂုတ် ပထမ အပတ် အတွင်း မှာ ကစားမယ့် ဂျုဗင်တပ် နဲ့ ရီးရဲမက်ဒရစ် တို့ ရဲ့ ICC ပွဲ မှာ လည်း ပါဝင် မှာ မဟုတ် ဘူးလို့ သိရ ပါတယ် ။

ယခု အချိန် မှာတော့ ရိုနယ်လ်ဒို ဟာ ရာသီသစ် ကို စတင်ဖို့ အားမွေး နေပြီ ဖြစ်ကာ ပီရက် နဲ့ ဝေးရာ မှာ နောက်တစ်ဖန် အောင်မြင်မှုတွေကို ရယူဖို့ စိတ်ပြင်းပြ နေပြီ ဖြစ် ပါတယ် ။

ရာသီကြို ခြေစမ်းပွဲ ရလဒ် တွေ အပေါ် မော်ရင်ဟို ကာကွယ် ပြောဆို

ရာသီကြို ခြေစမ်းပွဲ ရလဒ် တွေ အပေါ် မော်ရင်ဟို ကာကွယ် ပြောဆို

မန်ချက် စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြကြီး ဟိုဆေး မော်ရင်ဟို က တော့ သူ့ရဲ့ အသင်း ဟာ လက်ရှိ အချိန် အထိ အသင်းတစ်သင်း ရဲ့ ဖွဲ့စည်း ပုံမျိုး မဟုတ် သေးဘဲ ရာသီကြို ခြေစမ်းပွဲ တွေ ဟာလည်း စတင် ခြင်း မရှိ သေးဘူး လို့ ယူဆ ထား ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် ဟာ ကလပ် အမေရိက နဲ့ ဆန်ဟိုဆေး အာကွေ့ အသင်း တွေ နဲ့ ခြေစမ်းပွဲ ၂ ပွဲ ကစား ခဲ့ပြီး ဖြစ်ကာ ၂ ပွဲ စလုံး ကို သ ရေကျ ခဲ့ ပါတယ် ။

ဒါပေမယ့် မော်ရင်ဟို က တော့ အဆိုပါ ပွဲတွေ ဟာ သူ့ အတွက် တော့ လေ့ကျင့်ရေး အစီအစဉ် တွေ အဖြစ် သာ ရှုမြင် ကြောင်း နဲ့ ကစား သမား အစုံ အလင် မပါဝင် တဲ့ ယခု နှစ် ရာသီကြို ပြင်ဆင်မှု ဟာ ကြောင်တောင်တောင် နိုင်တဲ့ ခရီးစဉ် တစ်ခု ဖြစ်တယ် လို့ လည်း ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲ ကို ၀င်ရောက် ယှဉ်ပြိုင် ကစား ခဲ့တဲ့ ကစား သမားတွေ ကို ပြိုင်ပွဲ မှာ ရောက်ရှိ တဲ့ အဆင့် အလိုက် နားရက် ၃ ပတ်စီ ပေးထား ခဲ့ ပြီး အုပ်စု အဆင့်ကနေ လက်ပြ နှုတ်ဆက် ခဲ့ရ တဲ့ ဆားဘီးယား ကွင်းလယ်လူ နီမန်ဂျာ မာတစ် ဟာ အသင်းဆီကို အစောဆုံး ရောက်လာ ခဲ့သူ ဖြစ် ခဲ့ ပါတယ် ။

ဒါပေမယ့် မာတစ် ဟာ အသင်း အတွက် စတင် မကစားရ သေးဘဲ ပထမ ခြေစမ်းပွဲ ၂ ပွဲ ကို လွတ် ခဲ့ ပါတယ် ။ ဒ့ါ အပြင် အာဂျင်တီးနား ၊ စပိန် ၊ ဘရာဇီး တို့ အတွက် ကစား ပေးခဲ့ ကြတဲ့ ရိုဟို ၊ ဒီဂိယာ နဲ့ ဖရက်တို့ ဟာ လည်း နောက် အပတ် မှသာ လာရောက် ပူးပေါင်း ကြမှာ ဖြစ်သလို ကမ္ဘာ့ ဖလား နောက်ဆုံး ပွဲစဉ် တွေ အထိ ကစား ခဲ့ကြ ရတဲ့ လူကာကူ ၊ ရက်ဖိုဒ့် ၊ ပေါ့ဘာ ၊ ယန်း ၊ ဂျုံးစ် ၊ ဖယ်လေနီ ၊ လင်ဂတ် တို့ က တော့ လက်စတာ စီးတီး နဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ကိုပါ လွဲချော် တော့မှာ ဖြစ် ပါတယ် ။

ဒါကြောင့် ယူနိုက်တက် ဟာ ရာသီကြို ခရီးစဉ် အဖြစ် အမေရိက ကို ထွက်ခွာ လာချိန် မှာ လူငယ် ကစား သမား တွေကို သာ အဓိက ခေါ်ဆောင် လာနိုင် ခဲ့ပြီး အဓိက ကစား သမား တစ်ဦး ဖြစ်တဲ့ အလက်ဆစ် ဆန်းချက် ဟာ လည်း ဗီဇာ ကိစ္စ အဆင် မပြေ ခဲ့တာ ကြောင့် အတူ မလိုက်ပါ နိုင် ခဲ့ဘဲ ကလပ် အမေရိက နဲ့ ပွဲ ကို လွဲချော် ခဲ့ရ ပါတယ် ။

ဒါကြောင့် မော်ရင်ဟို က သူ့ရဲ့ အသင်း ဟာ အသင်း တစ်သင်း လို့ ပြောလို့ မရသေးဘဲ အစုအဖွဲ့ တစ်ခု လို့ သာ ပြောနိုင် သေးကြောင်း ဆန်ဟိုဆေး နဲ့ ပွဲ အပြီး မှာ ပြောဆို သွားခဲ့ ပါတယ်

“ကျွန်တော်တို့ ဟာ အသင်း တစ် သင်း မဟုတ် သေး ပါဘူး ။ အသင်း အစုံ အလင် က ကစား သမားတွေ ပါဝင် နေတဲ့ အစု အဖွဲ့ တစ်ခု ပါပဲ ။ အသင်းကြီး က နည်းနည်း ပါမယ် ၊ ၂၃ နှစ် အောက်က နည်းနည်း ပါမယ် ၊ သူတို့ ထဲ က အချို့ က အငှား ထွက် ကစား မှာပါ ။ ယူ-၁၈ လို ပိုပြီးတော့ ငယ် တဲ့ ကစား သမားတွေ တောင် ပါလာ ကြပါ သေးတယ်”

“ဒါကြောင့် ကျွန်တော့ မှာ ဘောလုံး ရာသီ သစ် ကို စတင်ဖို့ တွေက သေချာတဲ့ ပြင်ဆင်မှု ၊ သေချာတဲ့ အခင်း အကျင်း ဆိုတာ မရှိနိုင် သေး ပါဘူး ။ အခု မှ အသင်းက လေ့ကျင့်ခန်း ဆင်းနေ တုန်းပဲ ရှိတယ် လို့ ခံစား မိပါတယ် ။ ဒီပွဲ ( ဆန်ဟိုဆေး ) ဟာလည်း လေ့ကျင့်ခန်း အစီအစဉ် တစ်ခု လို့ ပဲ ခံယူ ထားပါတယ်” လို့ မော်ရင်ဟို က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့ မှာ ICC ဖလား ပွဲ အဖြစ် အေစီမီလန် အသင်း နဲ့ ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပြီး မာတစ် စတင် ပါဝင် လာဖွယ် ရှိနေ တယ် လို့ သိရ ပါတယ် ။

ယူနိုက်တက် ဟာ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ် လက်စတာ စီးတီး အသင်း နဲ့ သြဂုတ် ၁၀ ရက်နေ့ ည ( သောကြာနေ့ ည ပွဲ ) မှာ ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပြီး ခံစစ် မှာ ဗလင်စီယာ + ဘိုင်လီ + စမောလင်း + လုခ်ရှော ၊ တိုက်စစ်မှာ မာတာ + မာရှယ် + ဆန်းချက် တို့ ကို ပွဲထုတ် သွားမှာ ဖြစ်ကြောင်း ( ရွေးချယ် စရာ မရှိ တာ ကြောင့် ) မော်ရင်ဟို က အတည်ပြု ထားပြီး ဖြစ် ပါတယ် ။

ဂိုး သမား နေရာ မှာတော့ လာမယ့် အပတ် ထဲမှာ ပြန်ရောက် လာမယ့် ဒေးဗစ် ဒီဂီယာ သာ ဆက်လက် တာဝန်ယူ ဖွယ် ရှိ နေပြီး ကွင်းလယ် မှာတော့ မာတစ် ၊ ဖရက် ၊ အန်ဒါ ဟာရဲရား တို့ အပြင် ရာသီကြို ပွဲတွေ မှာ ပါဝင် ကစား နေတဲ့ အန်ဒရေ ပါရဲရား နဲ့ တော်မီနေး တို့ ကိုလည်း အသုံးပြု သွားဖွယ် ရှိ နေပါတယ် ။