ချယ်လ်ဆီး အသင်း ရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ၂ ဦး ရဲ့ ခြေစွမ်းပိုင်း ကို သုံးသပ် သွားခဲ့တဲ့ အာဆင်နယ် ကစားသမား ဟောင်း ရေးပါလာ

ချယ်လ်ဆီး အသင်း ရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ၂ ဦး ရဲ့ ခြေစွမ်းပိုင်း ကို သုံးသပ် သွားခဲ့တဲ့ အာဆင်နယ် ကစားသမား ဟောင်း ရေးပါလာ

အာဆင်နယ် အသင်း ကစားသမား ဟောင်း ရေးပါလာ ဟာ မနေ့ က ပြုလုပ် ခဲ့တဲ့ Daily Express နဲ့ အင်တာဗျူး မှာ ချယ်လ်ဆီး အသင်း ရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ၂ ဦး ဖြစ်တဲ့ ရော့စ် ဘာကလေ နဲ့ ရူဘင် လော့ဖ်တပ်စ်ချိခ် တို့ရဲ့ လက်ရှိ ခြေစွမ်း နဲ့ နောင် ဖြစ်လာမယ့် အလားအလာ တွေနဲ့ ပတ်သက်ပြီး သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

ဘာကလေ ဟာ ယခုနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အတွက် ခြေစွမ်း ပြနေတဲ့ ကွင်းလယ်လူ တဦး ဖြစ်ပါတယ် ။ ဘာကလေ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ အဲဗာတန် မှ ချယ်လ်ဆီး သို့ ပေါင် ၁၅ သန်း နဲ့ ပြောင်းရွှေ့ လာ ခဲ့ပေမယ့် ခြေစွမ်းပြ နိုင်ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။ ထို့အပြင် ဘာကလေ ဟာ ဒဏ်ရာ ပြဿနာ များကြောင့် ကွန်တီ ရဲ့ လက်အောက် မှာ ပွဲထွက်ခွင့် ပင် မရခဲ့တာ ဖြစ်ပါတယ် ။

ယခုနှစ် မှာတော့ ဘာကလေ ဟာ နည်းပြသစ် ဆာရီ ရဲ့ ကစားကွက် မှာ လျင်မြန်စွာ အထိုင်ကျ လျက်ရှိပြီး ပုံမှန် ခြေစွမ်းကောင်း များ ရရှိ နေတာ ဖြစ်ပါတယ် ။ ဆာရီ ရဲ့ အဓိက ကွင်းလယ်လူ ဖြစ်လာ တဲ့ ဘာကလေ ဟာ ယခုနှစ် ပရီးမီးယားလိဂ် မှာ ချယ်လ်ဆီး အတွက် ၃ ဂိုး သွင်းယူ ပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ် ထားနိုင် ခဲ့တာ ဖြစ်ပါတယ် ။

နောက်ထပ် ကွင်းလယ်လူ တဦး ဖြစ်တဲ့ လော့ဖ်တပ်စ်ချိခ် ကတော့ ချယ်လ်ဆီး အသင်း ရဲ့ အကဟ်ဒမီ ထွက် ကစားသမား ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီ တွေမှာ စီနီယာ ကစားသမား တွေ ကို ကျော်ပြီး နေရာ ရခဲ့ခြင်း မရှိခဲ့ပါဘူး ။ ထို့ အတွက်ကြောင့် ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာတော့ ပဲလေ့စ် သို့ တရာသီ အငှား ဖြင့် သွားရောက် ကစား ခဲ့ကာ ခြေစွမ်း ပြသ နိုင်ခဲ့ ပါတယ် ။

ယခုနှစ် ဘောလုံး ရာသီ မှာတော့ လော့ဖ်တပ်စ်ချိခ် ဟာ ချယ်လ်ဆီး အသင်း ရဲ့ ပထမ အသင်း ကစားသမား စာရင်း ထဲမှာ ပါဝင် လာခဲ့ပြီး ပရီးမီးယားလိဂ် မှာတော့ ပွဲထွက်ခွင့် မရ သေးပေမယ့် အခြား ပြိုင်ပွဲ တွေ မှာတော့ ပွဲထွက်ခွင့် အချို့ ပြန်လည် ရရှိ နေပြီ ဖြစ်ပါတယ် ။ လော့ဖ်တပ်စ်ချိခ် ဟာ ယခုနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၄ ဂိုး ဖိ ရရှိ ထားပြီ ဖြစ်ပါတယ် ။

၎င်းတို့ ၂ ဦး ရဲ့ ခြေစွမ်း တွေနဲ့ ပတ်သက်ပြီး ရေးပါလာ က ” ဘာကလေ ဟာ အခုလို ချယ်လ်ဆီး မှာ နေရာ ပြန် ရလာပြီး ခြေစွမ်း တွေ ပြန်ပြ လာနိုင်တာ ကို မြင်တွေ့ ရတော့ ကျွန်တော် အရမ်း ဝမ်းသာ မိပါတယ် ။ ဆာရီ က ဘာကလေ ရဲ့ ခြေစွမ်း ကို အတော် လေးကို ကြိုက် နှစ်သက် တဲ့ ပုံပေါ် ပါတယ် ။ ”

” ဘာကလေ ဟာ အု အချိန် မှာတော့ ခြေစွမ်း ကောင်း တွေ ဆက်တိုက် ပြနိုင်ဖို့ အခွင့်အရေး တွေ ရလာ ပါပြီ ။ ခင်ဗျား သာ သူ့ ဆီက နေ အရည်အချင်း တွေကို အကောင်းဆုံး ဆွဲထုတ် နိုင်ခဲ့မယ် ဆိုရင် သူဟာ အံ့သြစရာ ကောင်းတဲ ကွင်းလယ်လူ တဦး ဖြစ်လာ နိုင်ပါတယ် ။ သူ့ မှာ ကွင်းလယ်လူ တယောက် မှာ ရှိသင့် တဲ့ ခွန်အား တွေလည်း ပိုင်ဆိုင် ထားပါတယ် ။ သူဟာ ပြိုင်ဖက် ကစားသမား တွေကို လည်း ကျော်ဖြတ် နိုင်စွမ်း ရှိပါတယ် ။ သူဟာ ချယ်လ်ဆီး အတွက် အရေး ပါတဲ့ သူ ဖြစ်လာ ဦးမှာပါ ။ ”

” လော့ဖ်တပ်စ်ချိခ် ဟာလည်း နောက်ပိုင်း မှာ အခွင့်အရေး တွေ အရင် ကထက် ပိုပြီး ရလာ ပါပြီ ။ ဆာရီ ဆီက နေ အနာဂတ် မှာ ဘာကလေ နဲ့ လော့ဖ်တပ်စ်ချိခ် တို့ကို တပြိုင်တည်း ပွဲထုတ် ပေးဖို့ ရှိတယ် ဆိုတဲ့ စကား တွေကို ကြားရတာ ချယ်လ်ဆီး အတွက် အပေါင်း လက္ခဏာ ဆောင် နေတာပါပဲ ။ အခု အချိန် မှာ သူတို့ ၂ ယောက် လုံး လုပ်ဆောင် ရမှာက လက်ရှိ ပြသ နေတဲ့ ပုံစံ ကောင်း ကို အကောင်းဆုံး ဆက်ထိန်း ပြီး မန်နေဂျာ ကို ဖိအား ပေးသွားဖို့ ပါပဲ ။ ”

” ကစားသမား တယောက် ရဲ့ ဘဝ မှာ ကိုယ့် ရဲ့ အနာဂတ် ၊ ကိုယ့် ရဲ့ ပွဲထွက်ခွင့် တွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ် ရမယ့် အချိန် တွေ ရှိပါတယ် ။ အခု အချိန် ဟာ သူတို့ ၂ ယောက် လုံး အတွက် ဒါတွေ နဲ့ ပတ်သက်ပြီး ဆုံးဖြတ် ရမယ့် အချိန် ဖြစ်နေပါပြီ ။ သူတို့ ဖက်က သာ ပွဲထွက်ခွင့် အတွက် ပွင့်ပွင့်လင်းလင်း ပြောရင် အသင်း ကလည်း သူတို့ တွေရဲ့ အနာဂတ် အတွက် လမ်းပိတ် ရပ်နေမယ် လို့ ကျွန်တော် မထင်မိ ပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

အဲရစ်ဘိုင်လီ ကို အလိုရှိတဲ့ အသင်းထဲမှာ ဥရောပထိပ်သီးတွေလည်း ပါဝင်လာ

အဲရစ်ဘိုင်လီ ကို အလိုရှိတဲ့ အသင်းထဲမှာ ဥရောပထိပ်သီးတွေလည်း ပါဝင်လာ

မန်ချက် စတာ ယူနိုက် တတ် အသင်း မှာ နေရာ ပျောက်ဆုံး ဖြစ်နေ ပြီး နည်းပြ မော် ရင် ဟို ရဲ့ ယုံကြည် မှု ကို လည်း မရရှိ တော့ ဘူး ခံစား မိ နေ တာ ကြောင့် ဇန်န၀ါရီ မှာ အသင်း ကနေ ထွက်ခွာ ဖို့ စဉ်းစား နေတဲ့ အိုင်ဗရီ ကိုစ့် နောက် ခံလူ အဲရစ် ဘိုင်လီ ကို စောင့်ကြည့် နေတဲ့ အသင်းတွေ ထဲ မှာ ဥရောပ ထိပ်သီး အသင်း တွေ လည်း ပါဝင် လာခဲ့ ပြီ လို့ သတင်း ကြားသိ ရ ပါတယ် ။

အသက် ၂၄ နှစ် ရှိ ပြီ ဖြစ်တဲ့ ဘိုင်လီ ဟာ မော်ရင်ဟို ယူနိုက်တတ် အသင်း နည်းပြ ဖြစ် လာ ချိန် မှာ ပထမ ဆုံး ခေါ်ယူ ခဲ့ တဲ့ ကစား သမား ဖြစ် ပါတယ် ။ ဒါပေမယ့် ပြီး ခဲ့တဲ့ ရာသီ က စတင် ပြီး ဘိုင်လီ ကို မော် ရင် ဟို အသုံး နည်းလာ ခဲ့ကာ ယခု ရာသီ မှာ တော့ စမောလင်း နဲ့ လင်ဒီ လော့ဖ် တို့ အတွဲ ကို နေရာ ပေး နေတာ ကြောင့် ဘိုင်လီ တစ်ယောက် နေရာ ပျောက် ဆုံးလာခဲ့ ပါတော့ တယ် ။

ဒီလို နေရာ ပျောက်ဆုံး နေ သလို နည်းပြ မော် ရင် ဟို က လည်း သူ့ အပေါ် ယုံကြည်မှု မရှိ တော့ဘူး လို့ ခံစား လာရတာ ကြောင့် ဘိုင်လီ တစ်ယောက် ယူနိုက်တတ် မှာ မပျော်ရွှင် တော့ ဘဲ အသင်း ပြောင်းရွှေ့ ဖို့ စိတ်ကူး လာခဲ့ တယ် လို့ သတင်း ထွက်ပေါ် ခဲ့ ပါတယ် ။ ဘိုင်လီ ကို ယူနိုက်တတ် ရဲ့ ပြိုင်ဘက် တွေ ဖြစ်ကြ တဲ့ အာဆင်နယ် နဲ့ တော့ တင်ဟမ် ဟော့စပါး အသင်း တို့ က စောင့် ကြည့် နေကြ တယ် လို့ သိရ ပါတယ် ။

ယမန် နေ့ ညပိုင်း က ထွက်ပေါ် လာ တဲ့ သတင်း အရ ဘိုင်လီ ကို အလို ရှိ တဲ့ အသင်း စာရင်း ထဲ ကို ပြင်သစ် ထိပ် သီး ကလပ် PSG ပါဝင် လာခဲ့ တယ် လို့ သိရ ပါတယ် ။ သီယာဂို ဆေးလ်ဗား ရဲ့ နေရာ ကို ရေရှည် အစားထိုး ဖို့ စီစဉ် နေတဲ့ PSG ဟာ ဘိုင်လီ ရဲ့ သတင်း ကို ကြားသိ ရချိန် မှာ စောင့်ကြည့် ဖို့ စိတ်ဝင် စား လာခဲ့ တယ် လို့ သိရ ပါတယ် ။ ဒါကြောင့် ဇန်န၀ါရီ မှာ သာ ဘိုင်လီ ထွက်ခွာ ဖြစ်ခဲ့ မယ် ဆိုရင် အာဆင်နယ် ၊ စပါး နဲ့ PSG တို့ ၃ သင်း အပြိုင် ကမ်းလှမ်း ကြရ ဖို့ ရှိ လာ နိုင် ပါတယ် ။

ဘိုင်လီ ဟာ ပရော် ဖက်ရှင် နယ် ကစား သမား ဘ၀ ကို အက်စ် ပန် ညို အသင်း နဲ့ စတင် ခဲ့ ပြီး ၂၀၁၅ ခုနှစ် မှာ တော့ အာဆင်နယ် ကို ထွက်ခွာ သွားတဲ့ ဂါဘရီရယ် ရဲ့ နေရာ အတွက် ဗီလာရီးရဲ က ဘိုင်လီ ကို ခေါ် ယူခဲ့ ပါတယ် ။ ဗီလာ ရီးရဲ မှာ တစ်ရာသီ သာ ကစားခဲ့ ရပြီး ပုံစံ ကောင်း တွေ ပြသ နိုင် ခဲ့တဲ့ ဘိုင်လီ ကို မော် ရင်ဟို က မျက်စိ ကျခဲ့ ကာ ယူနိုက်တတ် နည်းပြ ဖြစ်လာ ချိန် မှာ တော့ အင်္ဂလန် မြေကို ခေါ်ယူ ခဲ့ ပါတယ် ။

လက်စတာ စီးတီး နဲ့ ကစား ခဲ့တဲ့ ကွန်မြူ နတီဒိုင်း ပွဲ မှာ ဘိုင်လီ ဟာ ယူနိုက်တတ် အတွက် ပထမ ဆုံး ပွဲ ထွက် ခွင့် ရရှိ ခဲ့ပြီး Man of the Match ရရှိ တဲ့ အထိ ခြေစွမ်း ပြနိုင် ခဲ့ ပါတယ် ။ ဒါ့ အပြင် ပရီးမီး ယားလိဂ် အဖွင့် ပွဲစဉ် ဖြစ်တဲ့ ဘုန်း မောက် နဲ့ ပွဲ မှာလည်း ဘိုင်လီ တစ်ယောက် Man of the Match ထပ်မံ ရရှိ တဲ့ အထိ ခြေစွမ်းပြ နိုင် ခဲ့ ပါတယ် ။ အဆိုပါ ရာသီ ကို ဘိုင်လီ ဟာ လိဂ် ဖလား ၊ ယူရို ပါလိဂ် ချန် ပီယံ အဖြစ် နဲ့ ပိတ် သိမ်း နိုင် ခဲ့ ပါတယ် ။

ဒါပေမယ့် ပြီးခဲ့ တဲ့ ရာသီ က စတင်ပြီး ဘိုင်လီ ရဲ့ ပွဲ ကစား ရမှု ဟာ ကန့်သတ် လာခဲ့ ပါတယ် ။ ဘိုင်လီ ဟာ ယူနိုက်တတ် ကို ရောက်ရှိ လာ အပြီး ၂ ရာသီ ခွဲ အကြာ အထိ ပရီးမီး ယားလိဂ် မှာ ၄၃ ပွဲ သာ ကစား ရ သေး တယ် လို့ လည်း သိရ ပါတယ် ။

ယူနိုက်တတ် အသင်း ဟာ ဇန်န၀ါရီ မှာ ခံစစ် မှုး သစ် တစ်ဦး ထပ်မံ ခေါ်ယူ ဖို့ ရှိ နေပြီး အသင်း မှာ ရှိ နေတဲ့ ခံစစ် သမား တွေ ကို အရင် ဦးဆုံး ရှင်းထုတ် ပစ် ဖို့ လိုအပ် တယ် လို့ လည်း သိရ ပါတယ် ။ ဘိုင်လီ အပြင် မားကိုစ့် ရိုဟို ၊ ဖီးလ် ဂျုံးစ် ၊ ဒါမီယန် တို့ ဟာလည်း အသင်း ပြောင်းရွှေ့ ဖြစ် နိုင်တယ် လို့ သတင်း ပေါ် ထွက် နေ ကြ သူတွေ ဖြစ် ပါတယ် ။

အာဖရိကရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းထွက်ပေါ်လာ

အာဖရိကရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းထွက်ပေါ်လာ

 

ဘီဘီစီကနေ ကြီးမှူးပေးအပ်တဲ့ ၂၀၁၈ ခုနှစ်၊ အာဖရိက တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင်စာရင်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ ဆန်ကာတင်အဆင့်ကစားသမားတွေကို အာဖရိကဘောလုံးကျွမ်းကျင်သူအဖွဲ့က ရွေးထုတ်ခဲ့တာဖြစ်ပြီး မက်ဒီ ဘနာသီယာ (မော်ရိုကို)၊ ကာလီဒူ ကူလီဘေလီ (ဆီနီဂေါ)၊ ဆာဒီယိုမာနေး (ဆီနီဂေါ)၊ သောမတ်စ်ပါတေ (ဂါနာ) နဲ့ မိုဟာမက်ဆာလာ (အီဂျစ်) တို့ ဖြစ်ပါတယ်။ အဆိုပါဆုအတွက် မဲထည့်နိုင်ဖို့ရာ နိုဝင်ဘာ (၁၇) ရက်နေ့ကနေဒီဇင်ဘာ (၂) ရက်နေ့အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အဆိုပါ မဲရလဒ်တွေကိုတော့ ဒီဇင်ဘာ (၁၄) ရက်နေ့မှာ ကြေညာသွားမယ်လို့ သိရပါတယ်။

 

 

အဆိုပါဆုကို ပြီးခဲ့တဲ့ နှစ်မှာတုန်းကတော့ လစ်ဗာပူးလ် ကြယ်ပွင့် မိုဟာမက်ဆာလာက ရရှိခဲ့ပါတယ်။ ဆာလာဟာပြီးခဲ့တဲ့ ရာသီမှာ ရိုးမားကနေ လစ်ဗာပူးလ်ကို ပြောင်းရွှေ့လာပြီး နိုင်ငံအသင်း အီဂျစ်ကို (၂၈) နှစ်အကြာမှာ ကမ္ဘာ့ဖလားကစားခွင့်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ အတွက် အဆိုပါဆုကို ထိုက်ထိုက်တန်တန်ရှရိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဆုကို အရင်တုန်းကရရှိခဲ့တဲ့ သူတွေကတော့ နိုင်ဂျီးရီးယားသား ဂျေဂျေးအိုကိုချာ၊ ဂါနာသား မိုက်ကယ်အက်ဆီယန်၊ အိုင်ဗရီကို့စ်သား ဒီဒီယာဒရော့ဘာနဲ့ ယာယာတိုရေး၊ အယ်လ်ဂျီးရီးယားသား ရိယက် မာရက်ဇ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

 

 

လက်ရှိ ၂၀၁၈ ခုနှစ်အတွက် ဆန်ကာတင်အဆင့်မှာ ပါဝင်လာတဲ့ ကစားသမား (၅) ယောက်ထဲက (၄) ယောက်ဟာပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားကို ကစားခွင့်ရရှိထားသူတွေ ဖြစ်ပါတယ်။ အက်သလက်တီကို နဲ့ ဂါနာ ခံစစ်မှူး သောမတ်စ်ပါတေတစ်ဦးတည်းသာ ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပါတေဟာ ပြီးခဲ့တဲ့ ရာသီက ယူရိုပါလိဂ်ဖိုင်နယ်မှာနည်းပြဆီမြွန်နီရဲ့ အက်သလက်တီကိုအသင်းအတွက် လူစားဝင်ကစားပေးခဲ့ပြီး အသင်းနဲ့ အတူ ယူရိုပါလိဂ်ဖလားကို ရရှိထားသူဖြစ်ပါတယ်။ အဆိုပါဆုကိုရရှိဖို့ ရေပန်းစားနေတာကတော့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဂိုးသွင်းယူနိုင်ပြီး ကမ္ဘာ့ဖလားမှာလည်း ဆီနီဂေါအတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့ မာနေးနဲ့ ကမ္ဘာ့ဖလားမှာ အီဂျစ်အတွက် အုပ်စုအဆင့်မှာ (၂) ဂိုးသွင်းယူထားနိုင်ခဲ့တဲ့ ဆာလာတို့ဖြစ်  တယ်လို့ သိရပါတယ်။

ဂိုးသွင်းတာ နောက်ကျသွားလို့ ၊ သူ့ရဲ့ ပရိသတ်လေးကို တောင်းပန်လိုက်တဲ့ မိုဆာလတ်

ဂိုးသွင်းတာ နောက်ကျသွားလို့ ၊ သူ့ရဲ့ ပရိသတ်လေးကို တောင်းပန်လိုက်တဲ့ မိုဆာလတ်

လီဗာပူး အသင်းရဲ့ တိုက်စစ် ကစားသမား မိုဆာလတ် ကတော့ သူ့ရဲ့ ပုံစံကောင်းတွေကို ပြန်လည် ရရှိဖို့ နီးစပ်နေပြီလို့ ဆိုရမှာ ဖြစ်ပြီး ၊ မနေ့ညက ကစားခဲ့တဲ့ တူနီးရှား နဲ့ ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးကို မီးနစ် 90 ရောက်မှ လှလှပပ သွင်းယူ ပေးလိုက်ပြန်ပြီ ဖြစ်ပါတယ်။

ဒီပွဲကို လာရောက် ကြည့်ရှုခဲ့တဲ့ ကလေးငယ် လေးတစ်ယောက်ဟာ သာမန် ပွဲကစားချိန် အတွင်း အနိုင်အရှုံး မပေါ်ပဲ သရေ ရလာဒ်ထွက်ပေါ် နေတာကြောင့် ဆာလတ်ကို ဂိုး မြန်မြန်သွင်းပေးဖို့ ပိုစတာရေးကာ တောင်းဆိုခဲ့ပြီး ၊ သူမ အနေနဲ့ အိမ်ပြန်ပြီး စာတွေ လုပ်ရဦးမှာ ဖြစ်တာကြောင့် အခုလို တောင်းဆိုခဲ့တာ ဖြစ်တယ်လို့လဲ ဖော်ပြသွားခဲ့ ပါတယ် ။

ဆာလတ် ကိုယ်တိုင်ကတော့ ပွဲပြီးခါနီးမှ ဂိုးသွင်းယူ နိုင်ခဲ့တဲ့ အတွက် ကလေးငယ်မလေးရဲ့ ဆန္ဒကို အချိန်မီ မဖြည့်ဆည်းပေးနိုင်တဲ့ အတွက် တွစ်တာပေါ်ကနေ တဆင့် ပြန်လည် တောင်းပန် သွားခဲ့ပြီး ၊ အတန်းထဲက ဆရာမ က ပွဲ အနေအထားတွေကို နားလည် ပေးနိုင်လိမ့်မယ်လို့လဲ ဖြေသိမ့်ပေး သွားခဲ့ ပါတယ်။

အီဂျစ်ဟာ မနေ့ညက အုပ်စုတွင်း မှာ ခြေစွာနေတဲ့ တူနီးရှားအသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင် ကစားခဲ့တာ ဖြစ်ပြီး ၊ ပွဲစလို့ 13 မီးနစ် အရောက်မှာပဲ စလီတီ ရဲ့ သွင်းဂိုးကို ခွင့်ပြု လိုက်ရတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ထရီဇီဂက်က ချေပဂိုး ပြန်လည် သွင်းယူခဲ့ပြီး ၊ ဒုတိယ ပိုင်း မီးနစ် 60 မှာ အယ် မိုဟာ မဒီ က အိမ်ရှင်တို့ အတွက် ဦးဆောင်ဂိုး ထပ်မံ ရယူပေးခဲ့ ပါတယ်။

သို့သော် သူတို့ရဲ့ ဦးဆောင်မှုဟာ 12 မီးနစ်သာခံခဲ့ပြီး ၊ တူနီးရှား အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့တဲ့ စလီတီ ကပဲ ချေပဂိုး ပြန်လည် သွင်းယူ သွားခဲ့ ပါတယ်။ အိမ်ရှင်တို့ အတွက် အနိုင်ဂိုးကိုတော့ မီးနစ် 90 အရောက်မှာ မိုဆာလတ်က မိုရှန် နဲ့ ၀မ်း တူး ရိုတ် ကစားရင်း ၊ ပြိုင်ဘက် ဧရိယာထဲကို ထိုးဖောက်ခဲ့ကာ ၊ ဂိုးသမား နဲ့ တစ်ယောက်ချင်း အတွေ့မှာ အပိုင် ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲကစားချိန် အတွင်းမှာတော့ အီဂျစ် ကလေးငယ် တစ်ယောက် “ ဆာလတ် …..ကျေးဇူးပြုပြီး ဂိုး မြန်မြန် သွင်းပါတော့လား ၊ အိမ်ပြန်ပြီး စာတွေ လုပ်စရာ ရှိသေးလို့ပါ” ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ကာ အားပေးနေခဲ့ ပါတယ်။ အဲဒီ အနေအထားကို ပရိသတ်တွေက ဓါတ်ပုံ ရိုတ်ယူပြီး လူမှုကွန်ယက် စာမျက်နှာပေါ် တင်လိုက်ချိန်မှာတော့ ဆာလတ်က မြင်တွေ့ သွားပြီး အခုလို ပြန်လည် ရေးသားသွားခဲ့ ပါတယ်။

“ ကလေးရေ…..မင်း အိမ်ကို စောစောပြန်ခွင့် ရအောင် ကွင်းထဲမှာ ကြိုးစားပြီး ကစားခဲ့ပါတယ်ဗျာ။ နောက်ဆုံး အချိန်ထိ စောင့်ဆိုင်းနေလိုက်ရတဲ့ အတွက် တောင်းပန် ပါတယ် ။ မနက်ဖြန် မှာ အတန်းထဲက ဆရာမလဲ ဒီအနေအထားကို နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်” လို့ ပြန်လည် ရေးသား သွားခဲ့ပါတယ်။

လက်ရှိ မှာတော့ အီဂျစ် အသင်းဟာ တူနီရှား အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အမှတ်ပေး ဇယားရဲ့ ဒုတိယ နေရာမှာ ရပ်တည်လျှက် ရှိနေပါတယ်။

မက်ဆီ သာ အကောင်းဆုံး ကစားသမားလို့ ဆိုလိုက်တဲ့ အေတီကို နောက်တန်းလူ ဟွမ်ဖရန်

မက်ဆီ သာ အကောင်းဆုံး ကစားသမားလို့ ဆိုလိုက်တဲ့ အေတီကို နောက်တန်းလူ ဟွမ်ဖရန်

အေတီကို အသင်းရဲ့ စပိန် နောက်ခံလူ ဟွမ်ဖရန်ကတော့ လက်ရှိ ဘောလုံး လောကရဲ့ အကောင်းဆုံး ကစားသမားဟာ မက်ဆီသာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။ သူဟာ မက်ဆီ နဲ့ ရိုနာဒို တို့ နှစ်ယောက် စလုံးကို ပြိုင်ဘက် အဖြစ်နဲ့ ရင်ဆိုင် ကစားခဲ့ဖူးသူ ဖြစ်ပြီး ၊ လာမယ့် အပတ် ဘာစီလိုနာ အသင်းနဲ့ မကစားခင်မှာ အခုလို ပြောဆို လိုက်တာ ဖြစ်ပါတယ်။

ဒီရာသီ လာလီဂါ ပြိုင်ပွဲမှာတော့ ဘာစီလိုနာ အသင်းဟာ စုစုပေါင်း 12 ပွဲ ကစားအပြီး ရမှတ် 24 မှတ်နဲ့ ဦးဆောင် နေသလို ၊ အေတီကို အသင်းကလဲ ရမှတ် 23 မှတ်နဲ့ အမှတ်ပေး ဇယားရဲ့ တတိယ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံ တကာပွဲစဉ်တွေ အပြီးမှာတော့ သူတို့ နှစ်သင်းဟာ အေတီကို အသင်းရဲ့ မက်ထရို ပိုလီတာနို ကွင်းကြီးထဲမှာ ယှဉ်ပြိုင် ကစားကြတော့မှာပါ။

Cadena Ser နဲ့ ပြုလုပ် ခဲ့တဲ့ အင်တာဗျူးမှာတော့ အေတီကို နောက်ခံလူက သူ့ရဲ့ အမြင်နဲ့ ပတ်သက်ပြီး အခုလို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။

“ ကျနော့် အတွက်တော့ မက်ဆီ သာလျှင် အကောင်းဆုံး ကစားသမားပါ။ ဒါကို အရင်ကတည်းက အကြိမ်ဖန် များစွာ ကျနော် ပြောခဲ့ဖူး ပါတယ် ။ ရိုနာဒို နဲ့ မက်ဆီ ဟာ ဘောလုံး လောကရဲ့ ပြယုဂ် ကစားသမားနှစ်ယောက် ဆိုတာ မှန်ပေမယ့် မက်ဆီ နည်းနည်းလေးတော့ ပိုသာပါတယ်။ ဒါကြောင့်လဲ ကျနော်က သူ့ကို ပိုပြီး လေးစားမိတာပါ။ ဥပမာ ကျနော်တို့ အသင်းနဲ့ ရင်ဆိုင် ကစားပြီ ဆိုရင် ၊ နောက်တန်း ကစားသမား တစ်ယောက် အနေနဲ့ မက်ဆီကို ကြမ်းကြမ်းတမ်းတမ်းနဲ့ ဘောလုံး ဖျက်ထုတ်ရတာမျိုးတွေ ရှိတတ်ပါတယ် ၊ ဒါပေမယ့် သူကတော့ အဲဒီ ကိစ္စတွေ အတွက် ပြန်ပြီး စောဒက တက်နေမှာ မဟုတ်ပါဘူး ၊ ဘာလို့လဲ ဆိုတော့ ပြိုင်ပွဲရဲ့ သဘာဝကို သူက နားလည်တယ်လေ” လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။

ဆက်လက်ပြီး ဘာစီလိုနာ နဲ့ ရင်ဆိုင် ကစားရမယ့် ပွဲနဲ့ ပတ်သက်လို့ ဟွမ်ဖရန် က “ အနေအထားတွေ အားလုံးကို ခြုံပြီး သုံးသပ်ကြည့်မယ် ဆိုရင် ဘာစီလိုနာ ရဲ့ မနှစ်က စွမ်းဆောင်ရည်က တော်တော်လေးကို ပြီးပြည့်စုံသလောက် ရှိခဲ့ ပါတယ်။ ဒီနှစ်မှာတော့ သူတို့ဟာ 2 ပွဲလောက် အထိ ရှုံးနိမ့် ထားပြီးသား ဖြစ်တာကြောင့် ၊ နောက်ထပ် အမှားခံမှာ မဟုတ်တော့ ပါဘူး။ ပြီးတော့ ဘက်တစ်နဲ့ ပွဲက ရှုံးခဲ့တဲ့ ဒေါသတွေကို ကျနော်တို့ ကွင်းထဲမှာ ပေါက်ကွဲပြဖို့ ကြိုးစားလာပါလိမ့်မယ်” လို့ သုံးသပ် သွားခဲ့ ပါတယ်။

လက်စတာအသင်းရဲ့ ပုံပြင်ဆန်ဆန်အောင်မြင်မှုမျိုးကိုမမျှော်လင့်ထားကြဖို့ဖူလ်ဟမ်ပရိသတ်တွေကိုသတိပေးလိုက်တဲ့#ရေနာရီ

လက်စတာအသင်းရဲ့ ပုံပြင်ဆန်ဆန်အောင်မြင်မှုမျိုးကိုမမျှော်လင့်ထားကြဖို့ဖူလ်ဟမ်ပရိသတ်တွေကိုသတိပေးလိုက်တဲ့#ရေနာရီ

ရလဒ်ဆိုးတွေ ဆက်တိုက်ကြုံတွေ့ နေခဲ့ရတဲ့ ဖူလ်ဟမ် အသင်းဟာ နည်းပြကြီး ဂျိုကာနိုဗစ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး ဝါရင့်နည်းပြ တဦးဖြစ်တဲ့ ရေနာရီ ကို အစားထိုးတာဝန်ပေးခဲ့ပါတယ်။ရေနာရီဟာ ပရီးမီးယားလိဂ်ကို ၃ကြိမ်မြောက်အဖြစ်ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်စတာအသင်းကိုကိုင်တွယ်စဉ်က ရယူပေးခဲ့တဲ့အောင်မြင်မှုမျိုးကို အိပ်မက်မက်မနေဖို့ သူ့အသင်းသစ်ရဲ့ ပရိသတ်တွေကို သတိပေးခဲ့ပါတယ်။

ရေနာရီဟာ လက်စတာအသင်းကို၂၀၁၅-၁၆ ပရီးမီးယားလိဂ်ချန်ပီယံဆုကြီးကို အံအားသင့်ဖွယ် ရယူပေးနိုင်ခဲ့ပြီး မော်ဒန်အားကစားလောကရဲ့ အပြောင်မြောက်ဆုံး အောင်မြင်မှုတွေထဲက တခုအဖြစ်အများရဲ့ သတ်မှတ်ခြင်းခံကို ခံခဲ့ရပါတယ်။၂၀၁၇ခုနှစ်မှာတော့ လက်စတာ အသင်းဟာ ရလဒ်ဆိုးတွေဆက်တိုက်ကြုံတွေ့ခဲ့ပြီး တန်းဆင်းဇုံ အတွင်းကျရောက်နေခဲ့လို့ ရေနာရီတယောက် ရာထူးကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ဒါပေမယ့် ဖူလ်ဟမ် အသင်းပိုင် ရှင်ဆာဟစ်ခမ် ကတော့ အသင်းရဲ့ တန်းမဆင်းရရေး မျှော်လင့်ချက်တွေ အတွက် ရေနာရီ အပေါ် ယုံကြည်ပုံအပ်ပြီး ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

မီဒီယာတွေ့ဆုံပွဲတခုမှာ ရေနာရီက- – – ” ကျွန်တော်တို့အသင်းဟာ ကြိုးစားသွားဖို့လိုပါတယ်။ကျွန်တော်လက်စတာအသင်းမှာစွမ်းဆောင်နိုင်ခဲ့တဲ့အောင်မြင်မှုဟာအပိုဆုကြေးတခုလို ဒဏ္ဍာရီမှတ်တမ်းတခုလိုဖြစ်ခဲ့တာပါ။ဒါကြောင့် လည်း ဒီကိစ္စကိုမေ့ထားဖို့လိုပါတယ်။ကျွန်တော်တို့ဟာအခုချိန်မှာအံ့သြဖွယ်ဖြစ်ရပ်တွေအကြောင်းကို တွေးမနေဖို့ အရေးကြီးပါတယ်။ဒါပေမယ့် အတူတကွဆင်နွှဲသွားရမယ့် တိုက်ပွဲတွေအကြောင်းကိုတော့ စဉ်းစားထားဖို့လိုပါတယ်။

ကျွန်တော်ထပ်ပြောပါမယ်။အသင်းရဲ့တာဝန်ရှိသူတွေ၊ ကစားသမားတွေ နဲ့ ပရိသတ်တွေအားလုံးအတူတကွတသားထဲ ရှိနေရမှာဖြစ်ပါတယ်။အခုချိန်ဟာအမှတ်ပေးဇယားအောက်ဆုံးကိုရောက်နေပြီးဆိုးရွားတဲ့ အခိုက်အတန့်ဖြစ်လို့ သူတို့အားလုံးအတူတကွကျွန်တော်တို့ကို အားပေးရပါလိမ့်မယ်။

ကျွန်တော်ဟာ ရည်မှန်းချက်ပြင်းတဲ့ လူတယောက်ဖြစ်ပြီး ကျွန်တော့်အသင်းမှာ ကစားသမားကောင်းတွေအများကြီးရှိနေပါတယ်။အဲ့ဒီထဲကမှ တိုက်ပွဲဝင်စိတ်အပြည့်အဝရှိနေတဲ့သူတွေကို ကျွန်တော်ရွေးချယ်အသုံးပြုမှာဖြစ်ပါတယ်။အသင်းသားတွေနဲ့ ပရိသတ်တွေ အပြန်အလှန်အားပေးကူညီရမှာဖြစ်ပြီး၊ အားလုံးဟာတူညီတဲ့ ဦးတည်ရာကိုအတူတကွသွားနေကြတယ်ဆိုတာနားလည်ပါတယ်။

ဒီအချိန်မှာ ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်ဖို့ ပရိသတ်တွေရဲ့ အားပေးမှု လိုအပ်နေပါတယ်” လို့ပြောခဲ့ပါတယ်။ဂျိုကာနိုဗစ်ဟာ ချဲဆီးလ် အသင်းကို ရေနာရီ ကိုင်တွယ်ခဲ့ချိန်မှာ ကစားသမားတဦးဖြစ်ခဲ့ဖူးပါတယ်။ဖူလ်ဟမ် အသင်းကို တန်းတက်နိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ သူ့တပည့်ဟောင်းကြီး ကို ရေနာရီကအောက်ပါအတိုင်း ချီးကျူးသွားခဲ့ာပါတယ်။

ရေနာရီက – – – ” ဂျိုကာနိုဗစ်ဟာ ကစားသမားကောင်းတဦးဖြစ်ခဲ့သလို နည်းပြ ဘဝကိုလည်းကောင်းမွန်တဲ့ အရာတွေနဲ့ စတင်ထားနိုင်ခဲ့ပါတယ်။သူဒီအသင်းမှာထူးခြားကောင်းမွန်တဲ့ အရာတွေအများကြီး လုပ်ပြထားနိုင်ခဲ့ပါတယ်။ဒါပေမယ့် နည်းပြတွေရဲ့ ဘဝကတော့ ဒီလိုပါပဲ။တချို့အရာတွေ အဆင်မပြေ ဆိုးရွားလာရင်တော့ အပြောင်းအလဲလုပ်တာခံရမှာပါပဲ။ကျွန်တော်ကိုယ်တိုင်လည်း လက်စတာ အသင်းမှာ ဒါမျိုးကြုံခဲ့ပြီးပါပြီ “လို့ပြောသွားခဲ့ပါတယ်။

 

မော်ရင်ဟိုကို မထုတ်ပယ်ပဲ မန်စီးတီးကို လိုက်မီအောင် ယူနိုက်တက်တို့ လုပ်ဆောင်သင့်တဲ့ လမ်းစဉ် တစ်ခုကို ချပြလိုက်တဲ့ #ရော်ဘီဆားဗေ့ခ်ျ ယူနိုက်တက် အသင်းသားတွေကို ပက်ပက်စက်စက် ဝေဖန်ခဲ့

မော်ရင်ဟိုကို မထုတ်ပယ်ပဲ မန်စီးတီးကို လိုက်မီအောင် ယူနိုက်တက်တို့ လုပ်ဆောင်သင့်တဲ့ လမ်းစဉ် တစ်ခုကို ချပြလိုက်တဲ့ #ရော်ဘီဆားဗေ့ခ်ျ ယူနိုက်တက် အသင်းသားတွေကို ပက်ပက်စက်စက် ဝေဖန်ခဲ့

မန်ချက်စတာ ယူနိုက်တက် လူငယ် အသင်း ရဲ့ ကစားသမား ဟောင်း တစ်ဦး ဖြစ်ခဲ့ သူ ရော်ဘီ ဆားဗေ့ခ်ျ က ယူနိုက်တက် အနေ နဲ့ နည်းပြ မော်ရင်ဟို ကို မထုတ်ပယ် ပဲ ခြားနား ချက်တွေ ကြီးမား နေ တဲ့ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်း ကို လိုက်မီ ဖို့ အတွက် လုပ်ဆောင် နိုင်မဲ့ နည်းလမ်း ရှိကြောင်း ထုတ်ဖော် ပြောကြား သွားလိုက် ပါတယ် ။

” ပရီးမီးယား လိဂ် ရဲ့ ရာသီ တစ်ခု ရဲ့ သုံးပုံ တစ်ပုံ အချိန် ကို ကုန်ဆုံး လိုက်တဲ့ အချိန် မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဘုန်းမောက် ၊ ဝက်ဖို့ဒ် အသင်း တို့ အောက် အဆင့် 8 နေရာ ကို ရောက်ရှိ နေ ပါတယ် ။ ဒါ့ အပြင် ဂိုး ခြားနာ ချက်က ( သွင်းဂိုး + ပေးဂိုး ) ( – 1 ) အနှုတ် လက္ခဏာ တောင် ပြသ နေ ပါတယ် ”

” ကျွန်တော် ပြီး ခဲ့တဲ့ တနင်္ဂနွေ နေ့ က ပွဲစဉ် ကြည့်ရှု ခဲ့ပြီး အံ့အား သင့် ဖွယ် တစ်ခု အဖြစ် ယူနိုက်တက် ဟာ မန်စီးတီး နဲ့ အလှမ်း ဝေး တဲ့ နေရာ တစ်ခု ဆီ ရောက်ရှိ နေပြီ ဆိုတာ သိရှိ ခဲ့ရ ပါတယ် ”

” သူတို့ ရဲ့ 4 – 3 – 3 ခင်းကျင်း ခဲ့တဲ့ ကစား ကွက် အတွင်း ကွင်းလယ် မှာ ဟာရဲရား ၊ မာတစ် နဲ့ ဖယ်လိုင်နီ တို့ ပါဝင် ခဲ့ကြပြီး တိုက်စစ် မှာ တော့ ရပ်ရှ်ဖို့ ရှိနေ ခဲ့ ကြ ပါတယ် ။ ဒီ လူ စာရင်း ကို ကြည့်ပြီး သူတို့ ဆီ မှာ game plan ရော ရှိရဲ့ လား ဆိုပြီး ကျွန်တော် တွေးမိ ခဲ့ ပါတယ် ”

” လက်ရှိ အသင်း ရဲ့ ခံစစ် ကစားသမား ကောင်း လေးဦး မရှိ တာ က မော်ရင်ဟို အတွက် အကြီးမား ဆုံး ပြသနာ တစ်ခု ဖြစ်တယ် ဆိုတာ ကျွန်တော် သိရှိ လိုက် ပါတယ် ”

” ခင်ဗျား တို့ အရင် တုန်း က ကြီးကျယ် ခမ်းနား လှတဲ့ ခံစစ် ကစားသမား တွေ ကို ပြန်လည် လေ့လာ ကြည့်ရှု နိုင် ပါတယ် ။ ဘရုစ် ၊ ပေါ်လစ္စတာ ၊ ဖာဒီနန် ၊ အာဝင် နဲ့ ဗီဒစ် တို့ ပေါ့ ။ အဲ့ တာ ပြီးရင် လက်ရှိ ခံစစ် ကစားသမား တွေ ကို ပြန်ကြည့် လိုက်ပါ ။ ယန်း ၊ ဂျုံး ၊ စမောလင်း ၊ ဘေလီ ၊ လင်ဒီလော့ဖ် နဲ့ လုခ် ရှော တို့ ပေါ့ ။ လက်ရှိ ယူနိုက်တက် ရဲ့ ခံစစ် ပိုင်း မှာ အရင် တုန်းက လို ကမ္ဘာ့ အဆင့် ခံစစ် ကစားသမား တစ်ဦး တောင် ရှိ မနေ ပါဘူး ”

” ယူနိုက်တက် မှာ ကမ္ဘာ့ အဆင့် ဂိုး သမား ရှိနေ ပေမဲ့ ကမ္ဘာ့ အဆင့် ခံစစ် မှူး တော့ တစ်ယောက် တောင် မရှိ ပါဘူး ။ ဒါဟာ ပြသနာ ၊ တစ်ကယ့် ကို စိုးရိမ် ရမဲ့ ပြသနာ တစ်ရပ် ပါပဲ ။ ဂျုံး ၊ ယန်း နဲ့ စမောလင်း တို့ ရှိနေ သရွေ့ အကောင်း ဆုံး ခံစစ် လေးဦး ကို သူတို့ ဘယ်လို ပိုင်ဆိုင် နိုင်လိမ့် မလဲ ? ”

” စမောလင်း နဲ့ ဂျုံး တို့ က ဖာဒီနန် ၊ ဗီဒစ် တို့ နဲ့ ကစား ခဲ့ ရတဲ့ အချိန် က လွဲရင် အခု အထိ ဘယ် နေရာ မှ တိုးတက် ကောင်းမွန် လာတာ မတွေ့ ရ သေး ပါဘူး ။ သူတို့ ဟာ ဖာဒီနန် ၊ ဗီဒစ် တို့လို ဦးဆောင် မှု ပေးသူ မရှိ ပဲ တိုးတက် ကောင်းမွန် လာနိုင် ဖို့ ရှိ မနေ ကြ ပါဘူး ”

” အိုကေ ၊ မော်ရင်ဟို က ဘေလီ နဲ့ လင်ဒီလော့ဖ် တို့ကို ဝယ်ယူ လိုက်တယ် ။ ဒါပေမဲ့ ပြီး ခဲ့တဲ့ နွေ တုန်း က သူ အလို ရှိနေ ခဲ့တဲ့ ဗဟို ခံစစ် ကစားသမား တစ်ဦး ကို မခေါ်ယူ နိုင်ခဲ့ ဘူး လို့ သူ ခံစား နေ ရတယ် ”

” ဘာဖြစ် လို့ လဲ ဆိုတော့ လက်ရှိ အသင်း ရဲ့ ခံစစ် စုဖွဲ့ မှု နဲ့ ဆိုရင် သူဟာ ဆု ဖလား နဲ့ မိုင်ပေါင်း များစွာ အကွာအဝေး မှာ ရှိနေ လိမ့်မယ် ဆိုတာ သိနေ လို့ ပါပဲ ။ ခင်ဗျား ရဲ့ အသင်း မှာ ကမ္ဘာ့ အဆင့် ခံစစ် ကစားသမား တွေ မရှိ မှ တော့ ပရီးမီးယား လိဂ် ကို ဘယ်လို ဆွတ်ခူး နိုင် မလဲ ? ”

” အကယ်လို့ မန်စီးတီး နဲ့ ပွဲစဉ် တုန်း က ခင်ဗျား ဘာလို့ ဒီလို ကွင်းလယ် ကစားသမား တွေ ပဲ သုံးခဲ့ လဲ လို မော်ရင်ဟို ကို သွား မေးရင် ‘ ခံစစ် လေးယောက် ကို ကြည့်လေ ၊ အဲ့ဒီ လေးယောက် ကို အကာအကွယ် ပေးဖို့ ဒီ သုံးယောက် ကို ထည့်သွင်း ကစား ခိုင်း ထားတာ ။ ငါ သာ ဒီလို မလုပ် ရင် ငါးဂိုး ၊ ခြောက် ဂိုး လောက် နဲ့ အပြတ်အသတ် ရှုံးနိမ့် ခဲ့ လိမ့်မယ် ‘ လို့ပဲ သူ ဖြေ သွား လိမ့်မယ် ”

” သူ့ စိတ်ထဲ ဘာတွေး နေလဲ ဆိုတာ ကျွန်တော် အကုန် မသိ နိုင် ပါဘူး ။ ဒါပေမဲ့ ဒီလို ပွဲစဉ် မှာ ဒီ ကစားသမား သုံးယောက် မဖြစ်မနေ သုံးရ လိမ့်မယ် လို့ သူ ခံစား ခဲ့ ရလို အခု လို လုပ်ခဲ့ တာ လို့ တော့ ကျွန်တော် တွေးမိ ပါတယ် ”

” တနင်္ဂနွေ နေ့ က ပွဲကို ကြည့်ထား တဲ့ သူဆီ သွားပြီး ‘ သူတို့ အသင်း မှာ ကမ္ဘာ့ အဆင့် ကစားသမား ရှိလား ‘ လို့ မေးကြည့် ပါ ။ နိုး ဆိုတဲ့ အဖြေ ပဲ ရပါ လိမ့်မယ် ။ ဒါ့အပြင် ‘ ကမ္ဘာ့ အဆင့် ကွင်းလယ် လူ ရှိနေ လား ‘ လို့ မေးကြည့် ပါ ။ အဖြေ က နိုး ပါပဲ ”

” ဖယ်လိုင်နီ ၊ နိုး ၊ ဟာရဲရား ၊ နိုး ၊ ပေါ့ဂ်ဘာ … သူတော့ ကြီးကျယ် တဲ့ သူ တစ်ဦး ဖြစ်လာ နိုင်ပါ လိမ့်မယ် ။ ဒါပေမဲ့ သူက ဒဏ်ရာ ကြောင့် ပွဲ ကစား ခွင့် လွဲချော် ခဲ့ရ တယ် ။ ထားပါ ၊ သူ အခု ထိ တော့ ကမ္ဘာ့ ဖလား ပြိုင်ပွဲ တုန်းက လို ကမ္ဘာ့ အဆင့် ခြေစွမ်း မျိုး ယူနိုက်တက် မှာ မပြသ နိုင်သေး ပါဘူး ”

” မာတစ် က တော့ ပရီးမီးယား လိဂ် ဖလား ဆွတ်ခူး နိုင် ခဲ့တဲ့ ကစားသမား တစ်ဦး ပါ ။ ဒါပေမဲ့ သူက ကမ္ဘ္ဘ္ဘာ့ အဆင့် လား ? နိုး ပါ ။ သူ ဟာ တစ်ကယ့် ကို ကောင်းမွန် တဲ့ ကစားသမား တစ်ဦး ဖြစ် ပေမဲ့ ကြီးကျယ် ခမ်းနား တဲ့ သူ တော့ မဟုတ် ရ ပါဘူး ။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်တော် တို့ က မန်ချက်စတာ ယူနိုက်တက် ဆိုတဲ့ အသင်း အကြောင်း ပြောနေ ကြလို့ လေ ”

” နောက်ဆုံး ယူနိုက်တက် မှာ ကမ္ဘာ့ အဆင့် အထောင် တိုက်စစ် ကစားသမား ရှိရဲ့ လား ? နိုး ပါဗျာ ။ တောင်ပံ တွေ မှာရော ကမ္ဘာ့ အဆင့် ကစားသမား ပိုင်ဆိုင် ထားပြီ လား ? ရပ်ရှ်ဖို့ က အသက် ငယ် သေးတယ် ။ သူ ဟာ ကြီးကျယ် တဲ့ ကစားသမား တစ်ဦး ဖြစ်လာ ခွင့် ရှိနေ ပါတယ် ။ မာရှယ် ရော ၊ သူ ဟာ လက်ရှိ အသင်း အတွက် တစ်ကယ့် ပုံစံ ကောင်း ပြသ နေတဲ့ သူ ပါ ။ ဒါပေမဲ့ ပွဲတိုင်း ကောင်းမွန် အောင် လုပ်ဆောင် ပေးနေ တဲ့ သူ တော့ မဟုတ် ဘူး ။ ဒါ့ကြောင့် သူဟာ ကြီးကျယ် တဲ့ ကစား သမား လား ဆိုရင် တော့ အဖြေ က ရှင်းရှင်း လေး ၊ ‘ နိုးပါ ‘ ”

” မန်ချက်စတာ ယူနိုက်တက် အတွက် ကစား နေရင် တော့ ခင်ဗျား အနေ နဲ့ အပါတ် စဉ် အပါတ် တိုင်း တည်ငြိမ် တဲ့ ခြေစွမ်း ကောင်းတွေ ပိုင်ဆိုင် ထားတဲ့ ကစားသမား တစ်ဦး ဖြစ်တယ် ဆိုတာ သက်သေ ပြနိုင် ရ ပါ့မယ် ။ ဒါပေမဲ့ သူတို့ မှာ ကြီးကျယ် ခမ်းနား တဲ့ ကစားသမား ဆိုလို့ တစ်ဦး ( ဒီဂီယာ ) ပဲ ရှိ ပါတယ် ။ ဒါဟာ ဘယ်လို မှ မလုံလောက် ပါဘူး ”

” ယူနိုက်တက် တို့ ပရီးမီးယား လိဂ် ဆွတ်ခူး ဖို့ ဆိုရင် အသစ် ဆိုတဲ့ ခံစစ် ကစားသမား လေးဦး ၊ သစ်လွင် တဲ့ ကွင်းလယ် အ စုအဖွဲ့ တစ်ခု ရနိုင် ဖို့ လုပ်ဆောင် ရ ပါ့မယ် ”

” ပြီး ခဲ့တဲ့ တစ်ပါတ် ကိုပဲ ကြည့်လေ ။ ဒီ ပုံစံ အတိုင်း ဆို ပက် ဂွာဒီယိုလာ မန်ချက်စတာ စီးတီး မှာ ရှိနေ သရွေ့ ယူနိုက်တက် တို့ လာမဲ့ နှစ် အနည်းငယ် အတွင်း အမှတ်ပေး ဖလား ဆွတ်ခူး ရရှိ ဖို့ အကြောင်း ကို မရှိ ပါဘူး ”

” ကျွန်တော် က တော့ ဟိုဆေး ဖက်က ရပ်တည် နေ ပါတယ် ။ တစ်စုံ တစ်ယောက် က လွတ်လွတ်လပ်လပ် ကစား ဖို့ သူ့ ကို ပြောတဲ့ အခါ သူ မလုပ်နိုင် ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ ဆီမှာ အဲ့လို ကစားသမား ရှိ မနေ ဘူး လေ ”

” အတိတ် သမိုင်းကြောင်း ကို ကြည့်လိုက် တာ နဲ့ သူ ဟာ ခမ်းနား တဲ့ နည်းပြ တစ်ဦး ဖြစ်တယ် ဆိုတာ ခင်ဗျား တို့ မြင်တွေ့ ရမှာ ပါ ။ သူဟာ နည်းပြ ဘဝ တစ်လျောက် လုံး ကြီးကျယ် ခမ်းနား သူ ဖြစ်တယ် ဆိုတာ သက်သေ ပြခဲ့ ပြီး ပါပြီ ”

” အဖြစ်အပျက် တွေ ကို ပြန်ကြည့် မယ် ဆိုရင် ပက် ဟာ မန်စီးတီး ကို ရောက်ရှိ ကတည်းက အထိုင် ကျ သွားတယ် ။ ဒါပေမဲ့ မော်ရင်ဟို ရော ? နိုး ပါ ။ ဘာဖြစ် လို့လဲ ဆို တော့ သူ့ အသင်း မှာ အဲ့ဒီ လို လုပ်ပြ နိုင်မဲ့ ကစားသမား မရှိ လို့ ပါပဲ ” လို့ ရော်ဘီ ဆားဗေ့ခ်ျ က အဆုံးသတ် ပြောကြား သွားခဲ့ လိုက်ပါတယ် ။

 

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဟက်ထရစ် အကြိမ်ရေ အများဆုံး ရယူထားနိုင်တဲ့ အာဆင်နယ် အသင်း

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဟက်ထရစ် အကြိမ်ရေ အများဆုံး ရယူထားနိုင်တဲ့ အာဆင်နယ် အသင်း

၁၉၉၂-၁၉၉၃ ကနေ စတင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ယခု ဆိုရင်တော့ နှစ်ပေါင်း ၂၇ နှစ်တိုင်တိုင် ရှိလာ ခဲ့ ပြီ လည်း ဖြစ် ပါ တယ် ။ ပ ရီး မီး ယား လိဂ် မှာ စံ ချိန် မှတ် တမ်း အ များ အ ပြား ရှိ တဲ့ အ ထဲ မှာ မှ ပ ရိ သတ် ကြီး ကို ဖော် ပြ ပေး ချင် တာ က တော့ ဟက် ထ ရစ် အ ကြိမ် ရေ အ များ ဆုံး ရ ယူ ထား နိုင် တဲ့ အ သင်း အ ကြောင်း လည်း ဖြစ် ပါ တယ် ။

ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက် ဟက်ထရစ် အကြိမ်ရေ စုစုပေါင်း ၃၁၅ ကြိမ် အထိ ရှိ ခဲ့ ပါ တယ် ။ ကလပ် အသင်း တွေထဲမှာတော့ အာဆင်နယ် အသင်းကစားသမား တွေဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဟက်ထရစ် အကြိမ်ရေ ၃၉ ကြိမ် အ ထိ ရ ယူ ထား နိုင် ပြီး တ ခြား ပြိုင် ဘက် အ သင်း အား လုံး ထက် သာ လွန် တဲ့ စံ ချိန် ဖြစ် တယ် လို့ OptaJoe က ဖော် ပြ လိုက် ပါ တယ် ။ ဒုတိယ နေရာမှာတော့ လီဗာပူး အသင်း ( ၃၇ ကြိမ် ) ၊ တတိယ နေရာမှာတော့ ယူနိုက်တက် အသင်း ( ၃၂ ကြိမ် ) နဲ့ ရပ် တည် နေ ပါ တယ် ။

ပ ရီး မီး ယား လိဂ် ပြိုင် ပွဲ မှာ အာ ဆင် နယ် အ သင်း အ တွက် ပ ထ မ ဆုံး ဟက် ထ ရစ် ကို တော့ ၁၉၉၃ ခု နှစ် တုန်း က တော့ တိုက် စစ် မှူး ကီ ဗင် ကမ်း ဘဲလ် က အစ် ဆွခ်ျ အ သင်း နဲ့ သွင်း ယူ ခဲ့ တာ ပါ ။ ကမ်း ဘဲလ် ဟာ အာ ဆင် နယ် အ သင်း က စား သ မား ဘ ဝ ပ ရီး မီး ယား လိဂ် ပြိုင် ပွဲ မှာ ဟက် ထ ရစ် နှစ် ကြိမ် ရ ယူ နိုင် ခဲ့ ပါ တယ် ။

အာဆင်နယ် အသင်း မှာ ဟက်ထရစ် အကြိမ်ရေ အများ ဆုံး ရ ယူ နိုင် ခဲ့ သူ က တော့ အာ ဆင် နယ် အ သင်း ဂ န္တ ဝင် က စား သ မား သီ ယာ ရီ အွန် န ရီ ( ၈ ကြိမ် ) ပါ ။ ပ ရီး မီး ယား လိဂ် ပြိုင် ပွဲ သ မိုင်း တစ် လျှောက် အာ ဆင် နယ် အ သင်း အ တွက် တစ် ပွဲ တည်း လေး ဂိုး သွင်း ယူ နိုင် ခဲ့ တဲ့ က စား သ မား နှစ် ဦး အ ထိ ရှိ ခဲ့ ပြီး အွန်နရီ ( လိဒ်ယူနိုက်တက် နဲ့ပွဲ ) နဲ့ အာရှာဗင် ( လီဗာပူး နဲ့ ပွဲ ) တို့ပဲ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်း အတွက် ပရီးမီးယားလိဂ် မှာ နောက်ဆုံး ဟက်ထရစ် သွင်း ယူ ပေး ခဲ့ သူ က တော့ ယ ခု လက် ရှိ ကွင်း လယ် လူ အာ ရွန် ရမ် ဆေး ဖြစ် ပြီး ဖေ ဖော် ဝါ ရီ လ တုန်း က အဲ ဗာ တန် အ သင်း နဲ့ ပွဲ မှာ သွင်း ယူ ပေး ခဲ့ တာ ပါ ။

အာဆင်နယ် အသင်း အတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အမြန်ဆုံး ဟက်ထရစ် သွင်းယူ ပေးခဲ့ သူတွေကတော့ ဂန္တဝင် ကစားသမား အီယန်ရိုက် ( ၉ မိနစ် ) နဲ့ ဂျာမိန်း ပီးနန့် ( ၁၀ မိနစ် ) တို့ပဲ ဖြစ်ပါတယ် ။

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အာဆင်နယ် အသင်း အတွက် ဟက်ထရစ် သွင်းယူ ပေးထားကြသူများ
*************************************

အွန်နရီ ( ၈ ကြိမ် ) ။
အီယန်ရိုက် ( ၅ ကြိမ် ) ။
ဝဲလ်ကော့ ၊ ဗန်ပါစီ ၊ အဒီဘာယော ( ၃ ကြိမ်စီ ) ။
ဆန်းချက်ဇ် ၊ ကီဗင် ကမ်းဘဲလ် ( ၂ ကြိမ်စီ ) ။
ဝီးတော့ဒ် ၊ ကာဇိုလာ ၊ ပီရက်စ် ၊ ရေးပါလာ ၊ ဂီရောဒ့် ၊ ကနူး ၊ အနယ်လ်ကာ ၊ အိုဗားမားစ် ၊ ပီးနန့် ၊ ယွန်းဘတ် ၊ ဘားကမ့် ၊ အာရှာဗင် ၊ ရမ်ဆေး ( ၁ ကြိမ်စီ ) ။

ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့တဲ့ ကစားသမားတစ်ဦးရဲ့ အမည်ကို ပြောပြသွားခဲ့တဲ့ ဟာဇက်

ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့တဲ့ ကစားသမားတစ်ဦးရဲ့ အမည်ကို ပြောပြသွားခဲ့တဲ့ ဟာဇက်

ဘယ်လ်ဂျီယံကြယ်ပွင့် အီဒင်ဟာဇက်က ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ သူ့ကိုတိုက်တွန်းခဲ့တဲ့ ကစားသမားတစ်ဦးကိုကျေးဇူးတင်စကား ပြောကြားလိုက်ပါတယ်။ အဆိုပါကစားသမားကတော့ လိုင်လီနဲ့ ချဲလ်ဆီးကွင်းလယ်လူဟောင်း ဂျိုကိုးလ်ပဲ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ အသက် (၃၇) နှစ်အရွယ် အင်္ဂလန်သားကြီး ဂျိုကိုးလ်ဟာ ဘောလုံးကစားခြင်းမှ အနားယူလိုက်ပြီလို့ကြေညာသွားခဲ့ပါတယ်။ ဂျိုကိုးလ်ဟာ ဝက်စ်ဟမ်း၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ လိုင်လီ၊ အက်စ်တွန်ဗီလာနဲ့ ကွန်ဗန်ထရီစီးတီး အစရှိတဲ့ ကလပ်တွေမှာ ကစားပေးခဲ့ပြီး နိုင်ငံအသင်းအတွက်လည်း ပွဲစဉ်ပေါင်း (၅၆) ပွဲ ကစားပေးခဲ့ပါတယ်။

 

ဂျိုကိုးလ်ဟာ ချဲလ်ဆီးမှာ (၇) နှစ်ကြာကစားပေးခဲ့ပြီး လစ်ဗာပူးလ်ကနေ လိုင်လီကို ပြောင်းရွှေ့သွားချိန်မှာ အီဒင်ဟာဇက်နဲ့ တစ်ရာသီကြာ အတူတွဲကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၂ ခုနှစ်မှာမှ ဘယ်လ်ဂျီယံသား အီဒင်ဟာဇက်ဟာ ပြင်သစ်ကလပ် လိုင်လီအသင်းကနေ လန်ဒန်ကလပ် ချဲလ်ဆီးကို ပေါင် (၃၂) သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ တရားဝင်တွစ်တာစာမျက်နှာမှာ ပြောကြားရာမှာတော့ ဟာဇက်က “ကျွန်တော် ချဲလ်ဆီးနဲ့ စာချုပ်မချုပ်ခင် ဂျိုကိုးလ်နဲ့စကားတွေ ပြောဖြစ်ပါတယ်၊ ချဲလ်ဆီးဟာ ကျွန်တော့်အတွက်တော့ ပြောင်းရွှေ့ဖို့ အကောင်းဆုံးကလပ်ဖြစ်တဲ့ အကြောင်း နေ့တိုင်းပြောခဲ့ပါတယ်” လို့ ဖွင့်ဟလိုက်ပါတယ်။

 

ဆက်လက်ပြီး “ချဲလ်ဆီးဟာ ရာသီတိုင်းမှာ ဆုဖလားတွေရရှိနိုင်တဲ့ ကလပ်အသင်းကြီးတစ်သင်းဖြစ်တယ်လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်၊ အဲဒါကြောင့်လည်း ကျွန်တော် ဒီကိုပြောင်းရွှေ့ပြီး စာချုပ်ချုပ်ခဲ့တာပါ၊ အဲဒါတွေအတွက် ကျေးဇူးတင်ပါတယ်၊ ဂျိုကိုးလ်ရေ” လို့ ပြောကြားခဲ့ပါတယ်။ ဂျိုကိုးလ်ဟာ သူအနားမယူခင်မှာ အမေရိကန်ကလပ်ဖြစ်တဲ့ တမ်ပါဘေးရိုဒီစ် အသင်းမှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ နှစ်နှစ်ခွဲခန့် ကစားပေးခဲ့ပါတယ်။ အင်္ဂလန်သားကြီး ဂျိုကိုးလ်ဟာ အဆိုပါ အမေရိကန်ကလပ်မှာ ပွဲစဉ်ပေါင်း (၈၂) ပွဲကစားပေး  ခဲ့ပြီး သွင်းဂိုး (၂၀) ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခြေ မရှိတဲ့ အကြောင်းရင်းတစ်ခုကို ဟာသလုပ်ကာပြောလိုက်တဲ့ ကိုဗာချစ်

လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခြေ မရှိတဲ့ အကြောင်းရင်းတစ်ခုကို ဟာသလုပ်ကာပြောလိုက်တဲ့ ကိုဗာချစ်

ပရီးမီးယားလိဂ်ပွဲစဉ်၁၂ ကစားအပြီးမှာ ရှုံးပွဲမရှိသေးတဲ့အသင်းတွေအဖြစ် မန်စီးတီး၊ လီဗာပူး နဲ့ချဲဆီးလ်တို့ရှိနေပြီးအမှတ်ပေးဇယားကိုဦးဆောင်နေကြပါတယ်။ သရေ၂ပွဲသာရှိထားတဲ့ မန်စီးတီးတို့ ကဇယားထိပ်ဆုံးမှာရှိနေတာဖြစ်ပြီး သရေ၃ပွဲရှိထားတဲ့ လီဗာပူးအသင်းကတော့ သရေ၄ပွဲအထိရှိထား တဲ့ ချဲဆီးလ် အသင်းကို ၂မှတ်အသာနဲ့ ဒုတိယနေရာမှာရပ်တည်နေပါတယ်။ ဒါပေမယ့် ချဲဆီးလ် ကွင်းလယ်လူ ကိုဗာဆစ်ကတော့ လီဗာပူးအသင်း ရဲ့ ချန်ပီယံဆုအပေါ်ခြိမ်းခြောက်ထားမှုကိုစိုးရိမ်မှု မရှိပုံပါပဲ။

 

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ခရို အေးရှားအသင်းမှာ ပုံစံကောင်းပြ သနိုင်ခဲ့တဲ့ ကိုဗာဆစ်ဟာ ဒီနှစ်နွေ ရာသီအပြောင်းအရွှေ့မှာရီးရဲလ် အသင်းကနေရောက်လာခဲ့တာဖြစ် ပါတယ်။ ချဲဆီးလ် အတွက်ပြိုင်ပွဲ စုံ ၁၅ပွဲအထိကစားပေးထားပြီးပြီဖြစ်တဲ့ ကိုဗာဆစ်က လီဗာပူး အသင်းဟာ ဒီနှစ် Eplဖလားကြီးကို ကိုင်မြောက် ခွင့်ရမှာမဟုတ်ဘူး လို့ဆိုပါတယ်။

 

ကိုဗာဆစ်ရဲ့ ပြောဆိုမှုနဲ့ပတ်သက် ပြီးအများကတော့ အလွယ်တကူသဘောတူညီ ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကလော့ပ်လိုနည်းပြတဦးရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဆာလတ်၊ မာနေး၊ဖာမီနို တို့ရဲ့တိုက်စစ်နဲ့ ဂိုးသမားကောင်း တဦးဖြစ်သူ အယ်လီဆင်တို့ ရှိနေတာကြောင့်ဖြစ်ပါတယ်။

 

ဒါပေမယ့် ကိုဗာဆစ်ကတော့ 24Sata နဲ့အင်တာဗျူးမှာ- – – လီဗာပူးအသင်းဟာအင်္ဂလိပ်ဘော လုံးလိဂ်ရဲ့ ချန်ပီယံဖြစ်လာမှာမဟုတ်ပါဘူး။ဘာကြောင့်လည်းဆိုတော့ သူတို့အသင်းမှာ လိုဗရန် ရှိနေလို့ပါပဲ “လို့ ဟာသာနှောပြောဆိုသွားခဲ့တာဖြစိပါတယ်။

 

လိုဗရန်ဟာ ပြီးခဲ့တဲ့ နွေရာသီအတွင်းမှာ သူ့ကိုယ်သူ ကမ္ဘာ့အကောင်း ဆုံး နောက်ခံလူတဦးဖြစ်တယ်လို့ ပြောဆိုထားခဲ့ဖူးတာဖြစ်ပြီး ဒီစကား အပေါ်နိုင်ငံအသင်းဖော် ကိုဗာဆစ်က ဟာသနှောတုန့်ပြန်လိုက်တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ လာမယ့်မေ လအတွင်းမှာတော့ ကိုဗာဆစ်အတွက် ရယ်စရာဖြစ်သွားနိုင်သလို ထိတ်လန့်စရာလည်းဖြစ်လာနိုင်ပါသေးတယ်။ ထိုအချိန်မှာ ကိုဗာဆစ်ကို တုန့်ပြန် ပြောဆိုသွားဖို့ လီဗာပူး ဖန်တွေကတော့ အငြိုးနဲ့ မှတ်သားထားဖို့ ရှိနေ ပြီး ၊ ကိုဗာဆစ်ရဲ့ ပြောစကားကို ထောက်ခံ သဘောတူသူအချို့လည်းရှိနေပါတယ်။

ချန်ပီယံလိဂ် လေးနှစ်ဆက်တိုက် ဆွတ်ခူးနိုင်ဖို့အတွက် ရီးရဲလ်ကွင်းလယ်ကြယ်ပွင့် မိုဒရစ်ရဲ့ စိန်ခေါ်သံ

ချန်ပီယံလိဂ် လေးနှစ်ဆက်တိုက် ဆွတ်ခူးနိုင်ဖို့အတွက် ရီးရဲလ်ကွင်းလယ်ကြယ်ပွင့် မိုဒရစ်ရဲ့ စိန်ခေါ်သံ

 

Goal.com ကပေးအပ်တဲ့ ၂၀၁၈ ခုနှစ်အတွက် Goal50 တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးကစားသမား ဆုရှင် လူကာမိုဒရစ်က ရီးရဲလ်မက်ဒရစ်အနေနဲ့ လက်ရှိဘောလုံးရာသီမှာ ဥရောပချန်ပီယံလိဂ် လေးကြိမ်ဆက် ရရှိအောင် ကြိုးစားသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရီးရဲလ်ဟာ ရာသီအစမှာ ရလဒ်တွေဆိုးရွားခဲ့သော်လည်း နည်းပြသစ် ဆိုလာရီလက်ထက်မှာတော့လေးပွဲဆက်တိုက် အနိုင်ရလဒ်တွေကို ပြန်လည်ဖော်ဆောင်နိုင်ခဲ့ပါတယ်။ Goal သတင်းဌာနနဲ့ အင်တာဗျူးရာမှာတော့ မိုဒရစ်က”ကျွန်တော်ဒီဆုလေးကို ရလို့ အရမ်းပျော်ပါတယ်၊ ကျွန်တော့်ကိုမဲပေးခဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်၊ ဒီဆုကိုလက်ခံရတာဟာ ဂုဏ်ယူစရာဖြစ်ပါတယ်၊ ရော်နယ်ဒို၊ မက်ဆီတို့လို ကစားသမားကောင်းတွေ ရရှိခဲ့တဲ့ ဆုကိုရရှိခဲ့တဲ့အတွက် ပိုလို့တောင်ပျော်ရွှင်ရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

 

 

ဆက်လက်ပြီး မိုဒရစ်က ရီးရဲလ်မက်ဒရစ်နဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ “ကျွန်တော်တို့လိုချင်တာက တိုးတက်လာဖို့ပါပဲ၊ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ဟာ ရာသီအစမှာ မကောင်းမွန်ခဲ့ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ကောင်းဖို့ဖြစ်ပါတယ်၊ ဆက်လက်တိုးတက်ဖို့အတွက် အလုပ်ကြိုးစားသွားမှာပါ၊ ကျွန်တော်တို့လိုချင်တာက ရီးရဲလ်အမြဲတမ်းကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို အောင်မြင်နိုင်ဖို့ပါပဲ၊ ကျွန်တော့်အနေနဲ့ ရှေ့မှာစောင့်ကြိုနေတဲ့ ဖလားတွေကို ဆွတ်ခူးရယူချင်ပါတယ်၊အခုနည်းပြသစ်နဲ့အတူ ကျွန်တော်တို့ဟာ တိုးတက်လာပြီး ကောင်းမွန်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းနိုင်မှာ သေချာပါတယ်” လို့ပြောကြားသွားခဲ့ပါတယ်။

 

 

အဲဒီနောက်မှာတော့ ရီးရဲလ်အနေနဲ့ ချန်ပီယံလိဂ်ဖလားကိုကာကွယ်နိုင်ဦးမှာလားဆိုတဲ့ မေးခွန်းအပေါ် “ဘောလုံးလောကမှာ မဖြစ်နိုင်တာမရှိပါဘူး၊ အထူးသဖြင့် ရီးရဲလ်မက်ဒရစ်အတွက်ပေါ့၊ ပြီးခဲ့တဲ့သုံးရာသီအကြောင်းကို ပြန်တွေးမယ်ဆိုရင် မဖြစ်နိုင်စရာပါပဲ၊ ဒါပေမယ့် ကျွန်တော်တို့အောင်မြင်ခဲ့ပါတယ်၊ အဲဒါကြောင့် လေးကြိမ်ဆက်တိုက် ဘာလို့ မရရှိနိုင်ရမှာလဲ၊ ကျွန်တော်တို့တတ်နိုင်သမျှ အရာရာတိုင်းကို ပေးဆပ်ကစားသွားမှာပါ၊ ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုကိုယ် နှိမ့်ချပြီး အလုပ်ကြိုးစားကာ အခြားအသင်းတွေကို လေးစားသွားရမှာပါ၊ ဘာလို့လည်းဆိုတော့ အသင်းကောင်းတွေအများကြီး ရှိပြီး တစ်နှစ်ထက်တစ်နှစ် ဒီဖလားကိုရဖို့ ပိုမိုခက်ခဲလာပါတယ်၊ ဒါပေမယ့် ကျွန်တော်ပြောခဲ့သလိုပဲ ဒီအသင်းအတွက် မဖြစ်နိုင်တာ မရှိဘူးဆိုတာကို သက်သေအကြိမ်ကြိမ်  ပြထားပြီးပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

ပေါလ် စခိုးလ် ဟာ ယူနိုက်တက် မှာ လုံးဝ မြဲမှာ မဟုတ်ဘူး လို့ ထင်ခဲ့ ကြောင်း ၊ ရုန်းကန် ခဲ့ရတဲ့ ပေါလ် စခိုးလ် ဇာတ်ကြောင်းကို ဖွင့်ဟ လိုက်တဲ့ ဂယ်ရီနဗီးလ်

အသင်း ဖော် ကစားသမား ဟောင်း ဖြစ်ခဲ့ သူ ပေါလ် စခိုးလ် ဟာ ဘယ်တော့ မှ ပရော်ဖက်ရှင်နယ် ကစားသမား တစ်ဦး ဖြစ်နိုင် မှာ မဟုတ်ဘူး လို့ ထင်မှတ် ခဲ့ ဖူးကြောင်း ယူနိုက်တက် ဂန္ဓဝင် ဂယ်ရီ နဗီးလ် က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။ ပေါလ် စခိုးလ် နဲ့ ဂယ်ရီ နဗီးလ် နှစ်ဦးလုံး ဟာ မန်ချက်စတာ ယူနိုက်တက် မှာ သာ သစ္စာ ရှိရှိ ကစား ခဲ့ ကြပြီး ယူနိုက်တက် ရဲ့ နာမည်ကျော် မျိုးဆက် ဖြစ်တဲ့ Class 92 ရဲ့ အရေး ပါ လှတဲ့ ကစားသမား တွေ ဖြစ်ခဲ့ ကြ ပါတယ် ။

 

သူတို့ နှစ်ဦး ဟာ ရိုင်ယန် ဂစ် ၊ ဒေးဗစ် ဘတ်ခမ်း ၊ နစ်ကီဘတ် ၊ ဖီးလ် နဗီးလ် တို့ နဲ့ အတူ Class 92 ရဲ့ အရေး အပါ ဆုံး ကစားသမား တွေ ဖြစ်ခဲ့ ကြပြီး အင်္ဂလန် မြေ မှာ သာမက ဥရောပ မှာ ပါ အောင်မြင်မှု တွေ ဆွတ်ခူး ပြီး နည်းပြ ဖာဂူဆန် လက်အောက် က ယူနိုက်တက် ကို ပိုမို တောက်ပြောင် အောင် လုပ်ဆောင် ပေးနိုင် ခဲ့ကြ ပါတယ် ။ ဘောလုံး နဲ့ အတူ အကောင်းမွန် ဆုံး လှုပ်ရှား မှု တွေ ပြုလုပ် ပြီး သေသပ် လွန်း တဲ့ ဘောလုံး ပေးပို့ မှု တွေ ပြုလုပ် နိုင် ခဲ့တဲ့ ပေါလ် စခိုးလ် ရဲ့ ပါရမီ ကောင်း တွေ ကြောင့် သူဟာ ယူနိုက်တက် အကယ်ဒမီ မှာ ထွန်းတောက် လာမဲ့ အံ့အား သင့်ဖွယ် ကစားသမား အဖြစ် သတ်မှတ် ခံထား ခဲ့ရ ပါတယ် ။

ဒါပေမဲ့ အသင်း ဖော် ပေါလ် စခိုးလ် ဟာ အကယ်ဒမီ မှာ ရှိနေ ခဲ့စဉ် တုန်း က အတော် လေး ရုန်းကန် ခဲ့ ရကြောင်း အတိတ် က အကြောင်း ပြန်ပြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။ ” အကယ်လို့ ခင်ဗျား တို့ က အသက် 12 / 13 အရွယ် လောက် တုန်း က ပေါလ် စခိုးလ် ဟာ အကြီးကျယ် ဆုံး ကစားသမား တွေ ထဲက တစ်ဦး ဖြစ်လာ နိုင် မလား လို့ ကျွန်တော့် ကို မေးခဲ့ ကြရင် ကျွန်တော် ဟာ ‘ how ‘ လို့ ပဲ ဖြေ သွား မှာ ပါ ”

” သူဟာ လူကောင် သေး ပြီး ပိန်ပိန် သွယ်သွယ် လေးပဲ ရှိခဲ့ ပါတယ် ။ ဒါ့ အပြင် သူ့ ဆီမှာ ခွန်အား လည်း သိပ် မရှိ ခဲ့ သလို ကြံ့ခိုင်မှု လည်း အားနည်း ခဲ့ ပါတယ် ။ ဘောလုံး မရှိ တဲ့ အချိန် မှာ ခင်ဗျား ဟာ သူ့ ကို အသာလေး လဲကျ စေ နိုင် ပါတယ် ”

” ဒါ့အပြင် သူ့ မှာ ပန်းနာရင်ကျပ် လည်း ရှိခဲ့ ပါ သေးတယ် ။ သူ ဟာ အဝေး ကြီး မပြေး လွှား နိုင် ခဲ့ ပါဘူး ။ ဒါတွင် မက လျင်မြန် မှု လည်း ကင်းမဲ့ ခဲ့ ပါတယ် ။ ခင်ဗျား ဟာ သွက်လက်မှု ပိုင်း ဆိုင်ရာ မှာ သူ့ ကို အသာလေး ယှဉ်နိုင် ပါတယ် ” ” ဒါဆို 12 / 13 နှစ် အရွယ် လောက် က ခင်ဗျား စဉ်းစား လို့ ရ သွားမှာ ပါ ။ သူဟာ ကွင်း ထဲ မှာ သားရဲ တစ်ကောင် လို မာန် အပြည့် နဲ့ ကစား တဲ့ နစ်ကီ ဘတ် နဲ့ ပြိုင်ဖက် အဖြစ် ရင်ဆိုင် ခဲ့ ရတယ် ။ သူဟာ အချိန် မရွေး ခင်ဗျား ကို ကျော်ပြေး နိုင် ပါတယ် ။ သူ့ မှာ ခွန်အား နဲ့ ကြံ့ခိုင် မှု အပြည့် ရှိတဲ့ အတွက် ခင်ဗျား ကို အချိန် မရွေး လဲကျ စေနိုင် ပါတယ် ။ သူဟာ ဘောလုံး ပေးပို့ မှု ကောင်း သလို တိုက်စစ် ကိုလည်း အကောင်းဆုံး လိုက်ပါ နိုင် ပါတယ် ”

” ခင်ဗျား တို့ ပြိုင်ဖက် ကို အကောင်း ဆုံး ပညာ ပေး နိုင် ခဲ့တဲ့ ၊ ဥာဏ် အရည်အသွေး ထက်မြက် သလို မြန်ဆန် သွက်လက် တဲ့ ဗန် သော်န်လေး ကို ကြည့်ဖူး ကြ မှာ ပါ ။ ဒါ့ အပြင် ဘောလုံး ပေးပို့ မှု တွေ ၊ ဖြတ်တင် ဘောတွေ အကောင်းဆုံး ပေးပို့ ရင်း တိုက်စစ် ပိုင်း အတွက် အကောင်းဆုံး ပံ့ပိုး ပေးတဲ့ ဘတ်ခမ်း ကိုလည်း မြင်တွေ့ ဖူး ကြမှာ ပါ ”

 

” ဒီလောက် ဆို အသင်း ရဲ့ ကစားသမား တစ်ဦး ချင်းစီ ရဲ့ ထူးကဲ လှတဲ့ အရည် အသွေး တွေ ကို ခင်ဗျား သိလောက် ပါပြီ ။ ဒါ့ အပြင် ခင်ဗျား ဟာ စခိုးလ် ကို မြင်တွေ့ နိုင် ပါတယ် ။ သူ ဟာ ဘောလုံး ပိုင်ဆိုင် ထားတဲ့ အချိန် မှာ တစ်ကယ့် ကို သပ်သပ်ရပ်ရပ် ကစား ပြ နိုင် ပါတယ် ။ ဒါပေမဲ့ ဘယ်လို ကစား နိုင် တာလဲ ? တစ်ကယ် တော့ သူဟာ အသင်း နဲ့ အသား မကျ နိုင် ပါဘူး ။ ရုပ်ပိုင်း ဆိုင်ရာ အရ အနား မှာ ဝန်းရံ ကစား ပေး နေတဲ့ သူတွေ ကြားထဲ သူ လုံးဝ အသား မကျခဲ့ ပါဘူး ” လို့ ဂယ်ရီ နဗီးလ် က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

 

ဒါပေမဲ့ ပေါလ် စခိုးလ် ဆိုတာ နှစ်ပေါင်း များစွာ နည်းပြ ကြီး ဆာ အဲလပ်စ် ရဲ့ ပွဲထွက် ကစားသမား စာရင်း မှာ ဦးစား ပေး ကစားသမား အဖြစ် မဖြစ် မနေ ပါဝင် နိုင် ခဲ့တဲ့ ကစားသမား တစ်ဦး ပဲ ဖြစ်ခဲ့ ပါတယ် ။ သူတို့ ရဲ့ ဂျူနီယာ ကစားသမား ဘဝ တုန်း က ပေါလ် စခိုးလ် ဟာ အသင်း ကို အမြဲ လို ခြုံငုံ ကြည့်နေ တက်ခဲ့ ပါတယ် ။

 

” သူဟာ ကောင်တီ အသင်း ထဲ မှာ တစ်ကယ် ပဲ ပါဝင် ခွင့် မရရှိ ခဲ့ ပါဘူး ။ သူဟာ ပွဲစဉ် အများကြီး ကစား ခွင့် မရရှိ ခဲ့ဘူး ။ ပထမ ဆုံး 1992 ခုနှစ် တုန်း က သူဟာ လူငယ် အသင်း မှာ တောင် ပါဝင် ကစား ခွင့် မရရှိ ခဲ့ဘူး ” ” အဲ့ဒီ နောက် တစ်နှစ် မှာ အရာရာ တိုင်း က ရုတ်ချည်း ပြောင်းလဲ သွားခဲ့ ပါတယ် ။ ဒါဟာ သောကြာ နေ့ တွေ မှာ သူ ဟာ ဘီယာ သောက်ခြင်း ၊ မုန့် အချို တွေ စားခြင်း ကို ရှောင်ကျဉ် ခဲ့တာ ကနေ စတင် ခဲ့တယ် လို့ ကျွန်တော် ထင် ပါတယ် ။ နှစ် နှစ် ၊ သုံးနှစ် အတွင်း မှာ သူဟာ လုံးဝ ကို ခြားနား စွာ ပြောင်းလဲ သွားခဲ့ ပါတယ် ”

 

” ကလပ် ကတော့ သူ့ ကို ကစားသမား တစ်ဦး အဖြစ် မြင် ခဲ့တယ် ။ ဘရိုင်ယန် ကစ်ဒ် ဟာ လည်း သူ့ကို အတော်လေး ချစ်ခဲ့ ပါတယ် ။ ဆာ အဲလပ်စ် ကိုယ်တိုင် က ‘ သူ သာ ဘော လုံး ကစားသမား တစ်ဦး မဖြစ် နိုင်ရင် ငါ ဒါတွေ ကို စွန့်လွှတ် ပစ်မယ် ‘ လို့ တောင် ပြောခဲ့ ပါ သေးတယ် ” ” 92 ရဲ့ လူငယ် အသင်း မှာ တော့ နစ်ကီ ဘတ် ဟာ ဆီမန် ဒါဗီးစ် နဲ့ အတူ ဗဟို ကွင်းလယ် ကစားသမား အဖြစ် ရှိခဲ့ ပါတယ် ။ အဲ့ဒီ နားမှာ တော့ ဗန် သော်န်လေး ၊ ကိတ်သ် ဂီလက်စ်ပီ နဲ့ ဘတ်ခ် တို့ ကစား ခဲ့ ကြတယ် ။ ဒီ ကွင်းလယ် ကစားသမား ငါးဦး ကြား မှာ တော့ ပေါလ် နေရာ လုံးဝ မရရှိ ခဲ့ဘူး ”

 

” 92’ ဖိုနယ် မှာ တော့ သူဟာ အသင်း ရဲ့ အရန်ခုံ ပေါ် ရှိခဲ့တယ်လို့ တောင် ကျွန်တော် မထင်ခဲ့ ပါဘူး ။ ဒါ့ကြောင့် အကြီးမား ဆုံး ရှော့ခ် ရရှိ ခဲ့သူ ဟာ ကျွန်တော် ပဲ ဖြစ်ခဲ့ ရ ပါတယ် ” လို့ ဂယ်ရီ နဗီးလ် က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အကျိုးဆက် အဖြစ် 1992 ဖိုင်နယ် မှ 2013 အထိ ယူနိုက်တက် အတွက် ကစား ပေး ခဲ့တဲ့ ပေါလ် စခိုးလ် ဟာ အိုးလ် ထရပ်ဖို့ မှာ အသင်း နဲ့ အတူ ဆု ဖလား 25 ကြိမ် အထိ ကိုင်မြှောက် နိုင် ခဲ့ပြီး အင်္ဂလန် လက်ရွေးစင် အသင်း အတွက် 66 ပွဲ ကစား ပေး နိုင်ခဲ့ ပါတယ် ။ သူ့ရဲ့ ခြေစွမ်း ကို နှစ်ခြိုက် ခဲ့တဲ့ သူ ဒုနဲ့ ဒေး ရှိခဲ့ ကြ ပါ တယ် ။ အဲ့ဒီ ထဲ မှာ တော့ အထူးသဖြင့် ရီးယဲ မက်ဒရစ် ဂန္ဓဝင် ဇီဒန်း နဲ့ ဘာစီလိုနာ အသင်း ခေါင်းဆောင် ဟောင်း ဇာဗီ တို့ ဟာ စခိုးလ် ကို အထူး ချီးကျူး ခဲ့ကြ ပါတယ် ။

 

ထို့ အတူ ဂယ်ရီ နဗီးလ် ကိုယ်တိုင် က ကွင်းထဲ လက်တွဲ ကစား ခဲ့ဖူး သမျှ ထဲမှာ ပေါလ် စခိုးလ် ကို အကောင်းဆုံး အဖြစ် ယူဆ ခဲ့ ပါတယ် ။ ” ကျွန်တော့် ရဲ့ ကစားသမား ဘဝ နောက်ဆုံး အချိန် ရောက်တဲ့ အခါ မှာ တော့ ကျွန်တော် နဲ့ အတူ ကစား ခဲ့ ကြတဲ့ အသင်း ဖော်တွေ ထဲ မှာ ပေါလ် စခိုးလ် သာ အကောင်းဆုံး ဆိုတာ ရဲရဲ ကြီး ပြောနိုင် ခဲ့ ပါတယ် ”

 

” ကျွန်တော် စတင် မြင်တွေ့ တုန်း က အကောင်သေး တဲ့ ကောင်လေး တစ်ယောက် ၊ ခွန်းအား မရှိ တဲ့ အပြင် လုံလောက် တဲ့ ကြံ့ခိုင်မှု မရှိတဲ့ ကောင်လေး တစ်ယောက် က လျင်မြန်စွာ ပြေးလွှား ကစားရင်း ကျွန်တော့် နဲ့ လက်တွဲ ခဲ့ ဖူးတဲ့ အကောင်းဆုံး အသင်း ဖော် တစ်ဦး တောင် ဖြစ်သွား နိုင်ခဲ့ ပါတယ် ။ ဒါဟာ အကြီးမား ဆုံး တိုးတက် ပြောင်းလဲ လာမှု ပါပဲ ” ” ကလပ် အသင်း ဟာ အမြဲ လို ကောင်းမွန် နိုင်မဲ့ သူ့ရဲ့ အရည်အသွေး နဲ့ ပါရမီ တွေ ကို အကဲခတ် သိရှိ နားလည် နိုင်ခဲ့ ကြ တယ် ။ အသက် 16 နှစ် တုန်း ကပေါ့ ၊ ကျွန်တော် သေချာ မှတ်မိ ပါသေးတယ် ။ အဲ့ဒီ တုန်းက သူဟာ ဘယ် နောက်ခံလူ အဖြစ် ကစား ခဲ့တယ် ။ သူ့ အတွက် တော့ ဗဟို ကွင်းလယ် မှာ ဝင် ရောက် ကစား ပြ နိုင်ဖို့ ဆိုတာ လုံးဝ မလွယ်ကူ တဲ့ ကိစ္စ တစ်ရပ် ပါပဲ ”

 

” ကလပ် အသင်း ဟာ သူ့ အပေါ် ယုံကြည်မှု တွေ အပြည့် ပေးခဲ့ ပြီး တိုးတက် ကောင်းမွန် လာလိမ့် မယ် ဆိုတာ သိရှိ ခဲ့ကြ တယ် ။ ဒါပေမဲ့ ရွှံ့ထူ တဲ့ နေရာ မှာ 15 နှစ် နဲ့ အရပ် 6 ပေ 2 လက္မ ရှိတဲ့ သူ နှစ်ဦး ကစား နေ ကြရင် ယုံကြည်မှု ပေးဖို့ ဆိုတာ အလကား ပါပဲ ။ ဘောလုံး ဟာ ရွှံ့မြေ ပေါ်မှာ ပဲ ကပ်နေ ပါ လိမ့်မယ် ”

 

” အဲ့ဒီ နေရာ မှာ တစ်ကယ့် ကို သန်စွမ်း တဲ့ သူတွေ က သာ အမှန်အကန် ရုန်းပြီး ကစား သွား နိုင်ကြ မှာ ပါ ။ အဲ့ဒီ အချိန် မှာ ဒီ ကောင်လေး သေးသေး လေး က ရွှံ့ထဲ က ထွက် နိုင်ဖို့ ရုန်းကန် နေရ ဆဲပဲ ဖြစ်နေ ပါလိမ့်မယ် ။ ဒါ့ကြောင့် သူ့ကို ဘယ် တောင်ပံ မှာ ထား ကစား ခဲ့ ရတာ ပါ ။ အဲ့ဒီ နားမှာ မြက်တွေ အနည်းငယ် ရှိတယ် လေ ” လို့ ပေါလ် စခိုးလ် ဘယ် တောင်ပံ မှာ ကစား ခဲ့ ရတဲ့ အကြောင်း ကို ဖွင့်ဟ ရင်း နိဂုံး ချုပ် သွားခဲ့ ပါတယ် ။

အသင်းပြောင်းဖို့ သတင်းထွက်နေပေမယ့်လည်း မန်ယူကို ပြန်လာရတဲ့ ခံစားချက်ကိုဖွင့်ဟလိုက်တဲ့ ပေါ့ဘာ

အသင်းပြောင်းဖို့ သတင်းထွက်နေပေမယ့်လည်း မန်ယူကို ပြန်လာရတဲ့ ခံစားချက်ကိုဖွင့်ဟလိုက်တဲ့ ပေါ့ဘာ

 

ပြင်သစ်သားကွင်းလယ်လူ ပေါ့ဘာဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းပြောင်းဖို့ ရေပန်းစားခဲ့သလိုလက်ရှိအချိန်မှာလည်း ယူနိုက်တက်ကို စွန့်ခွာဖို့ တာဆူနေတယ်လို့ သတင်းတွေ ပေါ်ထွက်လာခဲ့ပြန်ပါတယ်။ အဲဒီလိုသတင်းတွေ ထွက်နေပေမယ့်လည်း ပေါ့ဘာကတော့ ၂၀၁၆ ခုနှစ်မှာတုန်းက သူ့အနေနဲ့ ဂျူဗင်တပ်စ်ကနေ အသင်းဟောင်း မန်ယူကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ရတဲ့ အပေါ် သူခံစားရတာတွေကို ဖွင့်ဟသွားခဲ့ပါတယ်။ ပေါ့ဘာက ၂၀၁၂ ခုနှစ်မှာမန်ယူကနေ ဂျူဗင်တပ်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့ပြီးနောက် နည်းပြမော်ရင်ဟိုလက်ထက်မှာတော့ အိုးထရက်ဖို့ဒ်ဆီကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်ကြယ်ပွင့်ပေါ့ဘာဟာ မန်ယူနည်းပြဟိုဆေးမော်ရင်ဟိုနဲ့ တောက်လျှောက်အဖုအထစ်တွေ ဖြစ်ခဲ့ပြီး ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့တာကြောင့် သူအောင်မြင်ခဲ့တဲ့ အသင်းဟောင်း ဂျူဗင်တပ်စ်ရှိရာ အီတလီမြေကို ပြန်လည်စွန့်ခွာတော့မယ်လို့သတင်းတွေထွက်ခဲ့တဲ့ အပြင် စပိန်ထိပ်သီးကလပ် ဘာစီလိုနာနဲ့လည်း အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်ခဲ့ပါတယ်။ဒါပေမယ့်လည်း ပေါ့ဘာက အိုးထရက်ဖို့ဒ်ဟာ သူ့အတွက်တော့ အိမ်လို ခံစားရကြောင်း၊ ယူနိုက်တက်နဲ့ ပြန်လည်ပူးပေါင်းခဲ့ရတာကို သူဘယ်လောက်အထိ ပျော်ရွှင်ခဲ့ရကြောင်းဖွင့်ဟသွားခဲ့ပြီး အသင်းပြောင်းတော့မယ်ဆိုတဲ့ ကောလဟလတွေကို တုန့်ပြန်သွားခဲ့ပါတယ်။

Inside United ကိုပြောကြားရာမှာတော့ ပေါ့ဘာက ” ယူနိုက်တက်ကို ပြန်လာခဲ့ရတာဟာ ကျွန်တော့်အတွက်တော့အကောင်းမွန်ဆုံးသော ခံစားချက်ပါပဲ၊ ကျွန်တော် အိမ်ကို ပြန်လာခဲ့တာပါ၊ ယူနိုက်တက်အတွက် ကစားပေးဖို့ ကျွန်တော် အမြဲတမ်းအိပ်မက်မက်ခဲ့ပါတယ်၊ အသင်းအတွက် ပွဲတွေအများကြီးကစားပေးပြီး ဂိုးတွေသွင်းယူပေးဖို့ပေါ့၊ ဘာမှမပြောင်းလဲခဲ့ပါဘူး၊ အသင်းနဲ့နည်းပြကလွဲလို့ အခြားသောအရာတွေက ဘာမှမပြောင်းလဲခဲ့ပါဘူး၊ ကျွန်တော် အိမ်ကိုပြန်ရောက်လာခဲ့တာပါ၊ ကျွန်တော် တစ်ခါမှမထွက်ခွာသွားခဲ့သလိုပါပဲ၊ ကျွန်တော် အားလပ်ရက်ခရီးခဏ ထွက်သွားခဲ့သလိုပါပဲ၊ အိမ်ကိုပြန်လာရတာ အရမ်းကို ကောင်းမွန်ပါတယ်၊ မန်ချက်စတာရဲ့ လေတွေကို ရှုရှိုက်ခွင့်ရတာ ကောင်းမွန်ပါတယ်၊ ဒါတွေဟာ ဘယ်တော့မှ မပြောင်းလဲသွားပါဘူး” လို့  ပြောကြားသွားခဲ့ပါတယ်။

အဲဗာတန် နဲ့ ပွဲ မှာ အသင်း ရဲ့ တိုက်စစ် နဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်ခဲ့တဲ့ #ဆာရီ

အဲဗာတန် နဲ့ ပွဲ မှာ အသင်း ရဲ့ တိုက်စစ် နဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်ခဲ့တဲ့ #ဆာရီ

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ အဲဗာတန် နဲ့ ပွဲစဉ် မှာ တိုက်စစ် ပိုင်း က ဂိုးသွင်းခွင့် လုံလုံလောက်လောက် မရခဲ့ တဲ့ အပြင် ရရှိ ခဲ့တဲ့ အခွင့်အရေး တချို့ ကို အသုံးမချ နိုင်ခဲ့တဲ့ အတွက် ကြောင့် ဂိုးမရှိ သရေ ရလဒ် နဲ့သာ ပြီးဆုံး ခဲ့ပါတယ် ။ ထို့ အတွက်ကြောင့် အမှတ်ပေး ဇယား ထိပ် က မန်စီးတီး အသင်း နဲ့ ၄ မှတ် ကွာဟ သွားခဲ့ပြီ ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ နောက်ခံလူ မားကို့စ် အလွန်ဆို ရဲ့ ကန်ချက် ၂ ကြိမ် မှ ဂိုးရဖို့ နီးစပ် ခဲ့ပေမယ့် တကြိမ် မှာ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ် ကာကွယ် နိုင်ခဲ့ သလို နောက်တကြိမ် မှာ တိုင်ထိ ထွက်ခဲ့ ရပါတယ် ။ ထို့အပြင် ဝီလီယံ ရဲ့ ဂိုးသမား နဲ့ တဦးချင်း အတွေ့ ကန်ချက် ဟာလည်း တိုင်ဘေး ကပ်ထွက် ခဲ့ရ သလို ဟာဇတ် ရဲ့ ကန်ချက် ကိုလည်း ပစ်ဖို့ဒ် ကာကွယ် နိုင်ခဲ့ ပါတယ် ။

မိုရာတာ ရဲ့ သွင်းဂိုး ဟာလည်း လူကျွံ နေခဲ့တာ ကြောင့် တပွဲလုံး မှာ ချယ်လ်ဆီး အနေနဲ့ ဂိုးရရှိ ဖို့ ရုန်းကန် နေခဲ့ ရပါတယ် ။ သို့ပေမယ့် လည်း ချယ်လ်ဆီး နည်းပြ ဆာရီ ဟာ ပထမဆုံး ကိုင်တွယ် တဲ့ ပရီးမီးယားလိဂ် ၁၂ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ စွမ်းဆောင် နိုင်ခဲ့လို့ ပရီးမီးယားလိဂ် ပထမဆုံး ရာသီ ပွဲဆက် အများဆုံး ရှုံးပွဲ မရှိ နည်းပြ အဖြစ် စံချိန်တင် နိုင်ခဲ့ ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ဆာရီ က အသင်း ရဲ့ တိုက်စစ် ကစားပုံ ဟာ အရမ်း နှေးလွန်း ခဲ့တယ် လို့ ဝေဖန် ခဲ့သလို စိတ်ပိုင်းဆိုင်ရာ မှာ အနည်းငယ် ပင်ပန်း အားနည်း နေခဲ့တယ် လို့ ထင်ကြောင်း ပြောကြား ခဲ့ပါတယ် ။

ဆာရီ က ” ကျွန်တော် ဟာ ဒီနေ့ ပွဲ ရဲ့ အစောပိုင်း ၂၅ မိနစ် ကစားပုံ ကို လုံးဝ မကြိုက်ပါဘူး ။ ကျွန်တော် တို့ရဲ့ ဘောလုံး ရွေ့လျား ပုံက အတော် နှေးခဲ့ ပါတယ် ။ အဲ့ဒီ အတွက် ပြိုင်ဖက် အသင်း နောက်တန်း က ကျွန်တော် တို့ကို အေးဆေးပဲ ခုခံ ခဲ့တာပါ ။ ဒုတိယပိုင်း ရဲ့ အစောပိုင်း မိနစ် တွေမှာ တော့ ပွဲကောင်း တပွဲ ကို မြင်တွေ့ ရခဲ့သလို ပါပဲ ။ မိနစ် ၄၀ စာလောက် ပေါ့ ။ ကျွန်တော် တို့ ဒီနေ့ ပွဲ မှာ ကံ အနည်းငယ် ဆိုးနေခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ဟာ လမ်းကြောင်းမှန် ပေါ် မှာပဲ ရှိနေသေးတယ် လို့ ထင်ပါတယ် ။ ”

” ဒီနေ့ ပွဲမှာ ကျွန်တော်တို့ အသင်း ရဲ့ အထနှေး နေမှု က ဘာကြောင့်မှန်း ကျွန်တော် လည်း မသိပါဘူး ။ ဒါနဲ့ ပတ်သက်ပြီး ဖြေဖို့ အရမ်း ခက်ပါတယ် ။ ဒါဟာ ကြံ့ခိုင်မှု မလုံလောက် တာလို့ ကျွန်တော် မထင်ပါဘူး ။ ဒုတိယပိုင်း မှာ ကျွန်တော် တို့ အသင်း ဟာ အင်နဲ့ အားနဲ့ ကစား နိုင်ခဲ့ ပါတယ် ။ ဒါကြောင့်မို့ ကြံ့ခိုင်မှု အပိုင်း နဲ့ မဆိုင်ဘူး လို့ သတ်မှတ် ရခြင်း ဖြစ်ပါတယ် ။ စိတ်ပိုင်းဆိုင်ရာ မှာတော့ အားနည်း နေတာ ဖြစ်ချင် ဖြစ်နိုင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး ဆာရီ က သူ့ အသင်း ဟာ ရမှတ် ၂ မှတ် ထပ်မံ ဆုံးရှုံး ခဲ့ရ ပေမယ့် နဂို ကတည်း က လီဗာပူး နဲ့ မန်စီးတီး တို့ရဲ့ အနေအထား ကို လိုက်မှီ ဖို့ လိုအပ် နေသေးတာ ကြောင့် ထို အနေအထား ဟာ အရမ်း မဆိုးရွားဘူး လို့ ခံစား ရကြောင်း ပြောကြား ခဲ့ပါတယ် ။

ဆာရီ က ” စီးတီး နဲ့ လီဗာပူး တို့ရဲ့ ပျမ်းမျှ စွမ်းဆောင်ရည် ဟာ အရမ်း မြင့်မား လွန်းပါတယ် ။ သူတို့ လို အသင်း တွေ ရဲ့ အနား ကပ်ဖို့ ဆိုတာ လွယ်တဲ့ ကိစ္စ မဟုတ်ပါဘူး ။ ပရီးမီးယားလိဂ် လို ပြိုင်ဆိုင်မှု ပြင်းထန် တဲ့ လိဂ် မျိုး မှာ ဒီလို ပွဲ မျိုးတွေ ဆို အမှတ် မလျော့ နိုင်ဘူး လို့ ပြောလို့ မရပါဘူး ။ ဒီလို အနေအထား မျိုး ကို အသင်းကြီး တိုင်း ကြုံတွေ့ နိုင်ပါတယ် ။ ” လို့ တုန့်ပြန် ပြောဆို သွားခဲ့ ပါတယ် ။

ပြင်သစ် လက်ရွေးစင် အသင်းနဲ့မပူးပေါင်းသေးတဲ့ အာဆင်နယ် တိုက်စစ်မှူး လာကာဇက်

ပြင်သစ် လက်ရွေးစင် အသင်းနဲ့မပူးပေါင်းသေးတဲ့ အာဆင်နယ် တိုက်စစ်မှူး လာကာဇက်

အာဆင်နယ် အသင်း တိုက်စစ်မှူး လာကာဇက်ဟာ ယူနိုက်တက် အသင်း တိုက်စစ်မှူး မာရှယ် ဒဏ်ရာ ရရှိ နေတာကြောင့် အစားထိုး ရွေးချယ် ခံခဲ့ ရပါတယ် ။ ဒါပေမယ့်လည်း နာရီပိုင်း အတွင်း မှာပဲ လာကာဇက် ဟာ ဒဏ်ရာ ပြဿနာကြောင့် ပြင်သစ် လက်ရွေးစင် အသင်း ရှိရာကို မလိုက်သွားဖို့ ဆုံးဖြတ် လိုက်တယ်လို့ သိရပါတယ် ။

လာကာဇက်ဟာ ၂၀၁၇ နိုဝင်ဘာလ နောက်ပိုင်း ကတည်းက ပြင်သစ် လက်ရွေးစင် အသင်း မှာ ရွေးချယ် ခံရခြင်း မရှိတော့ တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ကမ္ဘာ့ ဖလား တုန်းကလည်း ဒက်စ်ချမ့် ရဲ့ ပြင်သစ် အသင်းမှာ ချန်လှန် ခံခဲ့ ရပါတယ် ။

နယ်သာလန် ၊ ဥရုဂွေး တို့နဲ့ ကစားမယ့် ပွဲတွေအတွက်လည်း အာဆင်နယ် တိုက်စစ်မှူး လာကာဇက် ကို ရွေးချယ် ထားခြင်း မရှိဘဲ ယူနိုက်တက် တိုက်စစ်မှူး မာရှယ် ဒဏ်ရာ ရရှိ သွားလို့သာ အစားထိုး ခေါ်ခဲ့ တာလည်း ဖြစ်ပါတယ် ။

သို့သော်လည်း လာကာဇက် ဟာ အာ ဆင် နယ် အ သင်း နဲ့ ဆွေး နွေး ပြီး နောက် မှာ တော့ ပြင် သစ် လက်ရွေးစင် အသင်း လေ့ ကျင့် ခန်း ဆင်း ရာ ကို မ လိုက် သွား ဖို့ ဆုံး ဖြတ် လိုက် တယ် လို့ သိ ရ ပါ တယ် ။

RMC ရဲ့ ဖော် ပြ ချက် အ ရ တော့ လာ ကာ ဇက် ဟာ ဒဏ် ရာ ပြ ဿ နာ ကြောင့် အ ဆို ပါ ဆုံး ဖြတ် ချက် ကို ချ မှတ် ခဲ့ တာ ဖြစ် ပြီး မို ချန် ဂ လာ ဘတ် တိုက် စစ် မှူး ပ လီ ယာ ကို ထပ် မံ အ စား ထိုး ရွေး ချယ် ခဲ့ ပါ တယ် ။

ပြင် သစ် လက် ရွေး စင် အ သင်း ရဲ့ တ ရား ဝင် တွစ် တာ အ ကောင့် မှာ လည်း ” လာ ကာ ဇက် ပါ ဝင် က စား နိုင် တော့ မှာ မ ဟုတ် ပါ ဘူး ။ ဒီ ဆုံး ဖြတ် ချက် က ဒေါက်တာ ဖရန့် လီဂယ် နဲ့ လာကာဇက် ရဲ့ အာ ဆင် နယ် အသင်း ဆ ရာ ဝန် တွေ ဆွေး နွေး ပြီး ဆုံး ဖြတ် လိုက် တာ ပါ ။ ” လို့ ရေး သား ထား ပါ တယ် ။

ပြင် သစ် နည်း ပြ ဒက်စ် ချမ့် က တော့ လာ ကာ ဇက် ကို ဘာ ကြောင့် ပြန် ရွေး ချယ် တာ လဲ ဆို တဲ့ မေး ခွန်း ကို ” သူ့ ကို ကျွန် တော် တို့ ပုံ မှန် ခေါ် လေ့ ရှိ ပါ တယ် ။ ကမ္ဘာ့ ဖလား က စား ခဲ့ တဲ့ ၂၃ ယောက် ထဲ မ ပါ ရင် တောင် မှ ပေါ့ ။ သူ အာ ဆင် နယ် အ သင်း မှာ အ တော် လေး ကောင်း ပါ တယ် ။ ဂိုး သွင်း နှုန်း က လည်း အ ထင် ကြီး ချင် စ ရာ ပါ ။ ပြင် သစ် အ သင်း မှာ သူ စိတ် ဝင် စား စ ရာ တွေ လုပ် ပြ နိုင် ခဲ့ တာ ရှိ သ လို မ လုပ် ပြ နိုင် တာ လည်း ရှိ ပါ တယ် ။ ” လို့ ဆို ပါ တယ် ။

တောရက်စ်ကို ရင်ဆိုင်ရတာဘာကြောင့်ခက်ခဲသလဲဆိုတာကို ရှင်းပြသွားခဲ့တဲ့ မန်ယူခံစစ်မှူးဟောင်း ဗီးဒစ်

တောရက်စ်ကို ရင်ဆိုင်ရတာဘာကြောင့်ခက်ခဲသလဲဆိုတာကို ရှင်းပြသွားခဲ့တဲ့ မန်ယူခံစစ်မှူးဟောင်း ဗီးဒစ်

မန်ယူဗဟိုခံစစ်မှူးဟောင်း နီမန်ဂျာဗီးဒစ်က ကစားသမားဘဝမှာတုန်းက လစ်ဗာပူးလ်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်ကို ရင်ဆိုင်ရတာ ဘာကြောင့်ခက်ခဲသလဲဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။ မန်ယူအသင်းခေါင်းဆောင်ဟောင်း ဗီးဒစ်ဟာလည်း၂၀၀၀ ပြည့်နှစ်အလွန်က ကမ္ဘာ့ဘောလုံးလောကမှာတော့ အကောင်းဆုံး ဗဟိုနောက်ခံလူတွေထဲမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပိန်သားတောရက်စ်နဲ့ တွေ့ဆုံတိုင်းမှာ ရုန်းကန်ရလေ့ရှိတာကို တွေ့ခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ်က လစ်ဗာပူးလ်ကို (၄-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာတော့ ဗီးဒစ်ဟာ အံ့အားသင့်ဖွယ်ရာအမှားလုပ်ခဲ့မိပြီး တောရက်စ်ကို အဖွင့်ဂိုးရရှိစေခဲ့ပါတယ်။ beIN Sportမှာ ဘောလုံးအစီအစဉ်တင်ဆက်ရင်း ဗီးဒစ်က သူ့အနေနဲ့ တောရက်စ်ကို ရင်ဆိုင်ရာမှာ ဘာကြောင့်ခက်ခဲခဲ့သလဲဆိုတာကို ပြောပြသွားခဲ့ပါတယ်။

 

 

“တောရက်စ်ဟာ ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပါတယ်၊ အဲဒီအချိန်တုန်းကဆိုရင်သူဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးသော တိုက်စစ်မှူးဖြစ်ပါတယ်၊ သူဟာ ယူနိုက်တက်ကိုလည်း ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်၊ ပရီးမီးယားလိဂ်မှာတော့ ကျွန်တော်ဟာ ဒရော့ဘာနဲ့ ရင်ဆိုင်တွေ့ရာမှာ ကောင်းမွန်တဲ့ပွဲလည်းရှိသလို ဆိုးရွားခဲ့တဲ့ပွဲတွေလည်း ရှိခဲ့ပါတယ်၊ တောရက်စ်နဲ့ဆိုရင်လည်းကျွန်တော်ဟာ တစ်ကျော့မှာ ကောင်းကောင်းကစားနိုင်ခဲ့ပေမယ့် နောက်တစ်ကျော့မှာတော့ ဆိုးရွားလေ့ရှိပါတယ်၊ ဒါဟာပရီးမီးယားလိဂ်ပါပဲ၊ အပတ်စဉ်တိုင်းမှာ ခင်ဗျားရဲ့ အကောင်းဆုံးပုံစံကို ရရှိနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

 

 

ဆက်လက်ပြီး “အဲဒါတွေကြောင့်လည်း ကျွန်တော်ပရီးမီးယားလိဂ်ကို သဘောကျတာပါ၊ ပွဲတစ်ပွဲမှာ ဒရော့ဘာလိုကစားသမားတစ်ဦးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် နောက်လာမယ့်ပွဲတွေမှာလည်း တောရက်စ်တို့ အဂွေရိုတို့နဲ့ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်၊လူတွေကတော့ ပြောပါတယ်၊ ကျွန်တော်က လူကောင်ပိုကြီးတယ်ပေါ့၊ ဒါပေမယ့် ကျွန်တော်ဘယ်တုန်းကမှ မကြီးပါဘူး၊ ဒါပေမယ့်သူတို့နဲ့ တွေ့ဆုံတိုင်းအကောင်းဆုံးပေးဆပ်ကစားပါတယ်၊ ကျွန်တော် ကိုယ်ကာလလေ့ကျင့်ရေးခန်းမ (Gym) တွေမှာလည်း အချိန်အကြာကြီးဖြုန်းလေ့မရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ တောရက်စ်ကိုရင်ဆိုင်ရတာ ခက်ခဲတယ်လို့ ဝန်ခံခဲ့ပေမယ့်လည်းဗီးဒစ်က ပြီးခဲ့တဲ့လမှာတုန်းကတော့ ဒရော့ဘာဟာ သူ့ရဲ့ ရင်ဆိုင်ရအခက်ခဲဆုံးတိုက်စစ်မှူးဖြစ်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

ပွဲပြီးမှတ်ချက်စကားတွေနဲ့ ပတ်သက်လို့ မော်ရင်ဟိုကို ဝေဖန်မှုပြုလုပ်သွားခဲ့တဲ့ ခရစ္စဆပ်တန်

ပွဲပြီးမှတ်ချက်စကားတွေနဲ့ ပတ်သက်လို့ မော်ရင်ဟိုကို ဝေဖန်မှုပြုလုပ်သွားခဲ့တဲ့ ခရစ္စဆပ်တန်

ဘလက်ဘန်းအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရယူခဲ့ဖူးတဲ့  ခရစ္စဆပ်တန်က မန်ယူနည်းပြ မော်ရင်ဟိုဟာ ကလေးကြီးတစ်ယောက်လို ပြုမူနေတယ်လို့ ဝေဖန်လိုက်ပြီး ယူနိုက်တက်အနေနဲ့ နည်းပြသစ်တစ်ဦးလက်အောက်မှာပဲတိုးတက်မှုရှိလာတော့မှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာတုန်းကခါးသီးပြိုင်ဘက် မန်စီးတီးအသင်းကို (၃-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ အမှတ်ပေးဇယားရဲ့ အဆင့်(၈)နေရာမှာပဲ ရပ်တည်နေပါတယ်။ အဆိုပါပွဲပြီးဆုံးချိန်မှာတော့ မော်ရင်ဟိုက မန်စီးတီးဟာ သူတို့နဲ့မကစားမီ ခြေစမ်းပွဲသာသာ (၂) ပွဲကစားထားရတယ်လို့ပြောဆိုခဲ့ပြီး ယူနိုက်တက်ကတော့ ဂျူဗင်တပ်စ်ကို အနိုင်ယူပြီးသကာလ ပွဲပန်းနေခဲ့တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

 

 

ခရစ္စဆပ်တန်ကတော့ မော်ရင်ဟိုရဲ့ အဆိုပါမှတ်ချက်စကားဟာ လေးစားသမှုကင်းမဲ့တယ်လို့ BBC Radio 5 ကနေတစ်ဆင့်ပြောသွားခဲ့ပါတယ်။ “ယူနိုက်တက်ဟာ လုံးဝကိုမယှဉ်နိုင်ခဲ့ပါဘူး၊ မသိရင် မန်ချက်စတာ နဲ့ မန်ချက်စတာအရန်အသင်းကစားတာကို ကြည့်နေရသလိုပါပဲ၊ ဒါပေမယ့် ရှက်စရာအကောင်းဆုံးကတော့ ပွဲပြီးဆုံးချိန်မှာပြောခဲ့တဲ့ မော်ရင်ဟိုရဲ့ မှတ်ချက်စကားတွေပါပဲ၊ ကလေးကြီးတစ်ယောက်လိုပြုမူနေတာတွေ သူဘယ်တော့မှ ရပ်တန့်တော့မှာလဲ” လို့ ပြောသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီမှာ မန်စီးတီးရဲ့နောက် ဒုတိယနေရာနဲ့ အဆုံးသတ်နိုင်ခဲ့ပြီး လက်ရှိရာသီမှာ အမှတ်ပေးဖလားကိုစိန်ခေါ်နိုင်ဖို့နွေရာသီမှာ လူသစ်တွေခေါ်ယူဖို့လိုအပ်တယ်လို့ မော်ရင်ဟိုအနေနဲ့ တောက်လျှောက်ပြောကြားခဲ့တာဖြစ်ပါတယ်။

 

 

ဆက်လက်ပြီး ဆပ်တန်က “မော်ရင်ဟိုဟာ ငွေကြေးသုံးစွဲမှုအကြောင်းကိုပဲ ထပ်ခါတလဲလဲ ပြောကြားနေပါတယ်၊ ဒါပေမယ့် ယူနိုက်တက်ရဲ့ လက်ရှိရာသီပုံစံက လက်ခံလို့ရနိုင်ပါသလား၊ သူဟာ မန်စီးတီး ဘယ်လောက်သုံးစွဲနေသလဲဆိုတာကိုပဲတောက်လျှောက်ပြောနေပါတယ်၊ ဒါပေမယ့် သူ့အနေနဲ့ အရင်ဦးဆုံး ဝက်ဖို့ဒ်နဲ့ ဘုန်းမောက်တို့ကိုလိုက်မီအောင်ပဲ ကြိုးစားသွားရမှာပါ၊ ပြီးတော့ သူခေါ်ယူခဲ့တဲ့ ကစားသမားတွေကိုလည်း ကြည့်လိုက်ပါဦး၊ ဘယ်နှစ်ယောက် အောင်မြင်မှုရရှိနေပြီလဲလို့၊ သူ့အနေနဲ့ ငွေတွေကို ကောင်းကောင်းရော သုံးစွဲခဲ့ရဲ့လား၊ ကျွန်တော်ကတော့ မထင်ပါဘူး၊ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့အနေနဲ့ ဒီပုံအတိုင်းဆိုရင် လာမယ့်ဇန်နဝါရီမှာ သူငွေကိုအကျိုးရှိရှိသုံးစွဲမယ်လို့ ယုံကြည်ဦးမှာလား” လို့ မေးခွန်းထုတ်သွားခဲ့ပါတယ်။

ရှကီရီ ကို ဘာစီလိုနာ စတား လီယွန်နယ်မက်ဆီ နဲ့ နှိုင်းယှဉ်ကာ ပြောဆိုသွားခဲ့တဲ့ ဘေဆယ်နည်းပြဟောင်း

ရှကီရီ ကို ဘာစီလိုနာ စတား လီယွန်နယ်မက်ဆီ နဲ့ နှိုင်းယှဉ်ကာ ပြောဆိုသွားခဲ့တဲ့ ဘေဆယ်နည်းပြဟောင်း

ဇာဒန် ရှကီရီ ရဲ့ မန်နေဂျာဟောင်း ဖြစ်သူ က ဆွစ်ဇာလန် လက်ရွေးစင် ဟာ ဘာစီလိုနာ စူပါစတား လီယွန်နယ်မက်ဆီ လိုမျိုး သဘာဝ က ပေးတဲ့ အရည်အသွေးတွေ ရှိနေတယ်လို့ ယုံကြည် နေပါတယ်။

ရှကီရီ ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ ဖူဟမ် ကို အန်ဖီး မှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်း အတွက် တစ်ဂိုးသွင်းယူ ပေးခဲ့ကာ လီဗာပူး ကို အနိုင် ၃ မှတ် ရရှိစေခဲ့ပြီး အန်ဖီးကလပ် တို့ လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီး အသင်းကို ဖိအားပေး နိုင်အောင် ကူညီပေး ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၉ မှ ၂၀၁၁ ခုနှစ်အတွင်း ရှကီရီ နဲ့ အတူ ဘေဆယ်အသင်းမှ အလုပ်အတူ တွဲလုပ် ခဲ့တဲ့ သော်စတန်ဖင့်က သူ့ရဲ့ တပည့်ဟောင်း နဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် အငြင်းပွားဖွယ် မရှိ ရပ်တည်လျက် ရှိနေတဲ့ မက်ဆီ တို့ကြား နှိုင်းယှဉ်မှု ပြုလုပ် သွားခဲ့ ပါတယ်။

ဖင့်က “ခရစ်စတီယာနို ရော်နယ်ဒို ရဲ့ အောင်မြင်မှု တွေဟာ သူ့ရဲ့ ပြင်းထန်လှတဲ့ ကြိုးစားမှုကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် လီယွန်နယ် မက်ဆီ ကတော့ ပင်ကိုယ် ပါရမီ ပါလာ ပြီးသား ဖြစ်ပါတယ်။ ဒီလို အရည်အသွေး အတွက် သူ့ဟာ လုပ်ယူ ခဲ့၇တာ မဟုတ်ပါဘူး။ ရော်နယ်ဒို ဟာ ယခုလို ဖြစ်အောင် အလုပ်ကို အပြင်းအထန် လုပ်ခဲ့ ရပါတယ်။ သူ့ရဲ့ ခန္တာကိုယ် အတွက် အလုပ်လုပ် ရမှု ၊ အရာအားလုံး အတွက် အလုပ်လုပ် ခဲ့ရပါတယ်။

ကျွန်တော့် အတွက် ကတော့ မက်ဆီ ဟာ ပင်ကိုယ် ပါရမီ ၊ အ၇ည်အသွေး ရှိထား ပြီးသားပါ။ ရှကီရီ လည်း ဒီလို အရည်အသွေးမျိုးကို ပိုင်ဆိုင် ထားပါတယ်။ သူဟာ ဘောလုံး ကစားဖို့ အတွက် ဒီလို အရည်အသွေးကို ပိုင်ဆိုင် ထားပါတယ်။ အကယ်၍ သူသာ ပရော်ဖက်ရှင်နယ် ကျကျ အလုပ်လုပ် သွားခဲ့မယ်ဆိုရင် သူဟာ လီဗာပူး အတွက် အကောင်းဆုံး ကစားသမား ဖြစ်လာ နိုင်ပါတယ်။ ကစားသမား တစ်ဦး အနေနဲ့တောင် မဟုတ်ပါဘူး။

အကြိမ်တိုင်း သူ့ရဲ့ ရည်ရွယ်ချက်ဟာ ပိုမို ကောင်းမွန် လာဖို့ ၊ နောက်တစ်ဆင့်ကို တက်လှမ်း နိုင်ဖို့ ဖြစ်နေရ မှာပါ။ အကယ်၍ သူဟာ လီဗာပူး အတွက် အပတ်တိုင်း ကစားခွင့် မရ ခဲ့ဘူးဆိုရင် ဒါဟာ သူ့အတွက် လုံလောက်မှု မရှိပါဘူး။ သူ့ရဲ့ ရည်ရွယ်ချက်ဟာ အပတ်တိုင်း ပါဝင် ကစားခွင့် ရဖို့ ဖြစ်ရမှာပါ။

သူ့ရဲ့ အလားအလာ အရ စတုတ်စီးတီးအတွက် ကစားခဲ့တာဟာ လုံလောက်မှု မရှိပါဘူး။ သူဟာ ကမ္ဘာပေါ်က အသင်းကြီးတွေမှာ ကစားနိုင်စွမ်း ရှိသူပါ။ ဘာလို့လဲ ဆိုတော့ သူပိုင်ဆိုင် ထားတဲ့ အရည်အသွေးကြောင့် ပါပဲ။ ဒါဟာ ကျွန်တော် လိုချင်တဲ့ အရာပါ။ သူဟာ ပြီးပြည့်စုံတဲ့ ဘောလုံး သမား တစ်ဦး ဖြစ်လာဖို့ အတွက် အရာအားလုံး ကို ပိုင်ဆိုင် ထားပါတယ်။

တစ်ခုတည်းသော အရာက ရှကီရီ အနေနဲ့ နောက်တဆင့်ကို တက်လှမ်း နိုင်မှာလား ? အကယ်၍ လီဗာပူး ရီးရဲယ်မက်ဒရစ် ဘိုင်ယန်မြူးနစ် နဲ့ မန်ချက်စတာယူနိုက်တက် အသင်း တို့အတွက် ကစား ရပြီဆိုရင် ပွဲတိုင်းကို ပါဝင် ကစားချင်မှာပါ။ အရန်ခုံမှာ ထိုင်နေတဲ့ သူတော့ ဖြစ်ချင်မှာ မဟုတ်ပါဘူး။ သူ့အနေနဲ့ ပိုပြီး ပေ၇ာ်ဖက်ရှင်နယ် ကျဖို့ လိုအပ်ပါတယ်။” လို့ ပြောသွား ပါတယ်။

လက်ရှိရာသီရဲ့ အမှတ်ပေးဖလားစိန်ခေါ်မှုနဲ့ ပတ်သက်လို့ ဂွာဒီယိုလာကိုသတိပေးလိုက်တဲ့ ပီတာရိဒ် (မန်စီတီးနည်းပြဟောင်း)

လက်ရှိရာသီရဲ့ အမှတ်ပေးဖလားစိန်ခေါ်မှုနဲ့ ပတ်သက်လို့ ဂွာဒီယိုလာကိုသတိပေးလိုက်တဲ့ ပီတာရိဒ် (မန်စီတီးနည်းပြဟောင်း)

မန်စီးတီးနည်းပြဟောင်း ပီတာရိဒ်က လက်ရှိဘောလုံးရာသီမှာ အသင်းအနေနဲ့ အကောင်းဆုံးပုံစံကိုပြသနေပြီး နိုင်ပွဲတွေဆက်နေသော်လည်း ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ သေချာပေါက်ပြောလို့မရသေးကြောင်း သတိပေးသွားခဲ့ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ မန်ယူကို အနိုင်ရရှိပြီးတဲ့နောက်မှာတော့ အမှတ်ပေးဇယားထိပ်ကို ပြန်ရောက်သွားပြီး ဒုတိယနေရာကလစ်ဗာပူးလ်ကို (၂) မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။ လက်ရှိရာသီမှာ ဂွာဒီယိုလာရဲ့ မန်စီးတီးဟာ ပရီးမီးယားလိဂ် (၁၂) ပွဲကစားထားရာမှာ လုံးဝရှုံးပွဲမတွေ့သေးပဲ ရမှတ်အားဖြင့် (၄) မှတ်သာဆုံးရှုံးထားပါတယ်။ ပီတာရိဒ်ကတော့ မန်စီးတီးအနေနဲ့ ပုံစံကောင်းတွေပြသနေသော်လည်း လစ်ဗာပူးလ်၊ စပါးနဲ့ ချဲလ်ဆီးတို့ဟာ အမှတ်ပေးဖလားအတွက် စိန်ခေါ်နိုင်တဲ့အသင်းတွေ ဖြစ်နေဆဲလို့ သတိပေးလိုက်ပါတယ်။

 

 

“လက်ရှိရာသီအမှတ်ပေးဖလားလမ်းကြောင်းဟာ စောစောစီးစီးအဖြေထွက်သွားမယ်လို့တော့ ကျွန်တော်မထင်ပါဘူး၊ဂွာဒီယိုလာလည်း မသေချာပါဘူး၊ ဘောလုံးလောကမှာ မလွယ်ကူဘူးဆိုတာ သက်သေများစွာရှိခဲ့ပြီးသားပါ၊ ယာဂင်ကလော့ပ်၊မော်ရီဇီယိုဆာရီ၊ ပိုချက်တီနိုတို့အားလုံးဟာ အသင်းကောင်းတွေကို ကိုင်တွယ်နေတဲ့ ထူးချွန်ထက်မြက်တဲ့နည်းပြတွေပါ၊ သူတို့မှာဖလားကိုစိန်ခေါ်နိုင်ဖို့ အရင်းအမြစ်တွေရှိနေပါတယ်၊ လက်ရှိ မန်စီးတီးအသင်းဟာ တော်တော်လေးကို ကောင်းမွန်နေတာပါ၊ ဒါပေမယ့် မပြီးဆုံးသေးပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဆက်လက်ပြီး ရိဒ်က မန်စီးတီးအနေနဲ့ လက်ရှိဘောလုံးရာသီမှာ ပိုမိုလက်တွေ့ကျတဲ့ ကစားဟန်နဲ့ ကစားလာတာကြောင့် ပိုမိုအန္တရာယ်များတဲ့ အသင်းဖြစ်လာတယ်လို့ ချီးကျူးလိုက်ပါတယ်။

 

 

“လက်ရှိရာသီမှာ ကျွန်တော်မြင်ရသလောက်ကတော့ ဂွာဒီယိုလာဟာ ပိုမိုရင့်ကျက်လာတာကိုပါပဲ၊ ပြီးခဲ့တဲ့နှစ်တွေမှာတုန်းက မန်စီးတီးဟာ သူတို့ရဲ့ ကစားဟန်အတိုင်းအပြည့်အဝကစားပါတယ်၊ အဲဒီကစားပုံနဲ့ ပတ်သက်လို့ ပေးဆပ်ရရင်တောင်မှပေါ့၊ လစ်ဗာပူးလ်နဲ့ အန်ဖီးလ်မှာကစားတုန်းကဆိုရင် ဂွာဒီယိုလာဟာ လစ်ဗာပူးလ်ရဲ့ အင်အားကို လေးစားသမှုရှိသွားပြီဖြစ်ပြီးနည်းစနစ်ပိုင်းအရကောင်းကောင်းပြင်ဆင်ခဲ့တာကိုတွေ့ခဲ့ရပါတယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာဆိုရင်လည်း (၂-၁) ဖြစ်သွားတဲ့ အချိန်မှာ ပွဲကိုထိန်းချုပ်ဖို့အတွက် အဂွေရိုကို ဂန်ဒိုဂန်နဲ့ လူစားလဲလိုက်ပါတယ်၊ ပြီးခဲ့တဲ့ရာသီမှာတုန်းကဒီလိုမဟုတ်ပါဘူး”လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်မရရင် မော်ရင်ဟိုရဲ့နေရာမှာ ပိုချက်တီနိုနဲ့ အစားထိုးဖို့ မန်ယူအသင်း စီစဉ်

ချန်ပီယံလိဂ်ဝင်ခွင့်မရရင် မော်ရင်ဟိုရဲ့နေရာမှာ ပိုချက်တီနိုနဲ့ အစားထိုးဖို့ မန်ယူအသင်း စီစဉ်

မန်ယူအသင်းဟာ တနင်္ဂနွေနေ့က မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းကို ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီးနောက် ပွဲစဉ် ၁၂ အပြီးမှာ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးနဲ့ ၁၂ မှတ်အကွာ အဆင့် ၈နေရာမှာပဲ ရပ်တည်နေရပါတယ်။

လက်ရှိအချိန်မှာ မော်ရင်ဟိုရဲ့အနာဂတ်က ချန်ပီယံလိဂ်ဝင်ခွင့်ရ၊ မရအပေါ် မူတည်နေပြီး မန်ယူ အသင်းဟာ အဆင့် ၄ နေရာက စပါးနဲ့ ၇ မှတ် ကွာဟနေပါတယ်။

မန်ယူအသင်း တာဝန်ရှိသူတွေက စပါးအသင်းနည်းပြ ပိုချက်တီနိုကို ခေါ်ယူဖို့ အခုထိစိတ်ဝင်စားနေဆဲဖြစ်ပေမယ့် ပြီးခဲ့တဲ့နွေရာသီမှာ ပိုချက်တီနိုက အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုခဲ့လို့ သူ့ကို ခေါ်ယူနိုင်ဖို့ အခက်တွေ့လာနိုင်ပါတယ်။

မန်ယူရော ရီးရဲလ်ကပါ ဆောက်သမ်တန်နည်းပြဟောင်း ပိုချက်တီနိုကို ခေါ်ယူဖို့ ဆန္ဒပြင်းပြနေပေမယ့် စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းက ပိုချက်တီနိုကို အသင်းမှာ ဆက်လက်ထိန်းထားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

မော်ရဟိုဟာ ပြီးခဲ့တဲ့နွေရာသီက အသင်းနဲ့စာချုပ်သစ်
ချုပ်ဆိုခဲ့ပေမယ့် ပေါင် ၁၅သန်းဝန်းကျင်ရှိတဲ့ တစ်နှစ်လုပ်ခလစာနဲ့ ထွက်ခွာရနိုင်တဲ့အချက် ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

Welcome All Fan

In
Copy Protected by Chetan's WP-Copyprotect.