ဒေးဗစ် ဒီဂီယာ ကို ကာကွယ်ပြောဆိုခဲ့တဲ့ ဟာရဲရား – “ကမ္ဘာ့ အကောင်းဆုံး ဂိုးသမားဖြစ်ကြောင်း ထပ်ပြီး သက်သေပြပါလိမ့်မယ်”

ဒေးဗစ် ဒီဂီယာ ကို ကာကွယ်ပြောဆိုခဲ့တဲ့ ဟာရဲရား

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစား သမား အန်ဒါ ဟာရဲရား ဟာ အသင်း ဖော် ဂိုးသမား ဒေးဗစ် ဒီဂီယာ အပေါ် ဝေဖန်မှု နေမှု တွေ နဲ့ ပတ်သက်ပြီး စိုးရိမ် မှု မရှိကြောင်း နဲ့ ဒီဂီယာ ဟာ ကမ္ဘာ့ အကောင်းဆုံး ဂိုး သမား တစ်ယောက် ဖြစ်တယ် ဆိုတာ ကို ယူနိုက်တက် အသင်း မှာ ထပ်ပြီး သက်သေ ပြလိမ့်မယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။ ဒီဂီယာ ဟာ စပိန် လက်ရွေးစင် အသင်း နဲ့ အတူ ကမ္ဘာ့ ဖလား ကို ၀င်ရောက် ယှဉ်ပြိုင် ခဲ့ပြီး အမှားတွေ နဲ့ အားနည်းချက် တွေ ရှိ ခဲ့တာ ကြောင့် ဝေဖန်မှု တွေ နဲ့ ရင်ဆိုင် ခဲ့ရ သူ ဖြစ် ပါတယ် ။

ဒီဂီယာ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တစ်နှစ် တာ အကောင်းဆုံး ကစား သမား ဆု ကို ၄ ကြိမ် တိုင် ( ၃ နှစ် ဆက်တိုက် အပါ အ၀င် ) ရယူ ထားခဲ့သူ ဖြစ်ပေမယ့် စပိန် လက်ရွေးစင် အသင်း မှာတော့ ကလပ် အသင်း က လက်စွမ်းနဲ့ ခြားနား မှုတွေ ကို မြင်တွေ့ ခဲ့ရ ပါတယ် ။

ဒါပေမယ့် ဒီဂီယာ ရဲ့ ကလပ် အသင်းဖော် လည်းဖြစ် ၊ စပိန် နိုင်ငံသား ချင်းလည်း ဖြစ်တဲ့ ဟာရဲရား က တော့ ဒီဂီယာ ရဲ့ လက်စွမ်းတွေ ကို ပရိသတ်တွေ ပြန်လည် မြင်တွေ့ ကာ ကမ္ဘာ့ အကောင်းဆုံး အဖြစ် လက်ခံ လာကြ ဦးမယ် လို့ ယုံကြည်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“ဘယ်သူ တွေ ဘယ်လိုပဲ ဝေဖန် နေ ပါစေ ၊ ကျွန်တော် က တော့ ဂရု မစိုက် ပါဘူး ။ ဒေ့ဗ် ဟာ ကမ္ဘာ့ အကောင်းဆုံး ဂိုး သမား တစ်ယောက် ပါ ။ သူ ဒါ ကို ထပ်ပြီး ပြသ ပါလိမ့်မယ်”

“အကောင်းဆုံး တစ်ယောက် ဖြစ် လာ ပြီ ဆိုရင် အားလုံး က မျက်စိ ဒေါက်ထောက် ကြည့်နေကြ တက် ပါတယ် ။ အမှားလေး တစ်ခု လောက် လုပ် မိတာ နဲ့ ၀ိုင်းပြီး ဝေဖန် ကြ တော့ တာပါပဲ ။ ကျွန်တော် ဆိုရင် အမှားတွေ လုပ်မိ ဖူး ပါတယ် ၊ သိပ်ပြီး အပြော မခံ ရ ပါဘူး ၊ ဘာလို့လည်း ဆိုတော့ ကျွန်တော် က ကမ္ဘာ့ အကောင်းဆုံး ကစား သမား မဟုတ်လို့ ပါ”

“ဒေဗ့် က တော့ အမှားလေး တစ်ခု လောက် လုပ်မိ တာနဲ့ ဝေဖန် မယ့်သူတွေ ရှိ ပါတယ် ။ ဘာလို့လည်း ဆိုတော့ သူက ကမ္ဘာ့ အကောင်းဆုံး ဂိုး သမား တစ်ယောက် ဖြစ်လို့ ပါပဲ ။ သူ့ အတွက် တော့ ဝေဖန်မှု ဆိုတာ ရိုးနေ ပါပီ ။ ဒါကို သူ ခံနိုင်ရည် ရှိသလို ဒါတွေ ကို တိတ်ဆိတ် သွားအောင် လည်း ပြန်ပြီး လုပ်ပြ ပါလိမ့်မယ်” လို့ ဟာရဲရား က ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် ယူနိုက်တက် ပရိသတ်တွေ ဟာ ဒီဂီယာ ဘက် မှာ အမြဲ ရပ်တည် ပေးနေ မှာ ဖြစ်တယ် လို့လည်း ဟာရဲရား က ၂၀၁၅ ခုနှစ် က အဖြစ် ကို ပြန်ပြောင်း ဥပမာ ပေးပြီး ပြောဆို သွားခဲ့ ပါတယ် ။

“ယူနိုက်တက် ပရိသတ်တွေ ဟာ အရမ်း သစ္စာ ရှိကြ ပါတယ် ။ အသင်း ရဲ့ ကစား သမားတွေ ကို လည်း ဘယ်တော့ မှ အချစ် မပျက် ခဲ့ကြ ပါဘူး ။ ၂၀၁၅ နွေရာသီ ကို ကျွန်တော် မှတ်မိ ခဲ့ ပါတယ် ။ ရီးရဲ က ဒေ့ဗ် ကို ခေါ်ဖို့ ကြိုးစား နေခဲ့ တုန်းက ပေါ့ ။ နေ့ တိုင်း နေ့တိုင်း ရီးရဲမက်ဒရစ် အကြောင်းတွေ ကို နားအီ အောင် ကြား ခဲ့ရ ပါတယ်”

“ဒါပေမယ့် ဒေ့ဗ် ရဲ့ အပြောင်း အရွှေ့ က မဖြစ် လာခဲ့ ပါဘူး ။ နောက်တော့ သူ ယူနိုက်တက် အတွက် ပထမဆုံး ပွဲ ထွက် ကစား လာခဲ့ ပါတယ် ။ ပရိသတ်တွေ က ဒီပွဲ မှာ သူ့ရဲ့ အမည် ကို သီချင်းလုပ်ပြီး အော်ဟစ် သီဆို နေကြ တာပါ ။ တကယ့်ကို အံ့သြ ဖို့ ကောင်းတဲ့ မြင်ကွင်း ပါ ။ သူတို့ ဟာ အကောင်းဆုံး ခွန်အားတွေ ပါပဲ” လို့ ဟာရဲရား က ပြောဆို သွားခဲ့ ပါတယ် ။

ဒီဂီယာ ဟာ လက်ရှိ အချိန် မှာ ကမ္ဘာ့ ဖလား ကစားထား တာ ကြောင့် အနားယူ ခွင့် ရရှိထား ပြီး ယခု လ ကုန် ခါနီးမှာ အသင်း နဲ့ ပြန်လည် ပူးပေါင်း ဖွယ် ရှိတယ် လို့ သိရ ပါတယ် ။

ချယ်လ်ဆီးအသင်း သတင်းတို များ

ချယ်လ်ဆီးအသင်း သတင်းတို များ

* ချယ်လ်ဆီး အသင်း ဟာ CSKA မော်စကို အသင်း ရဲ့ ကွင်းလယ်လူ အလက်ဇန်းဒါး ဂိုလိုဗင် ကို ခေါ်ယူ နိုင်ဖို့ အတော် နီးစပ် နေပြီ ဖြစ်ကြောင်း ရုရှား မှ လာတဲ့ သတင်း တွေ အရ သိ ရပါတယ် ။ ဂိုလိုဗင် ဟာ ချယ်လ်ဆီး နဲ့ အပြိုင် ခေါ်ယူဖို့ ပြင်ဆင် နေတဲ့ ဂျူဗင်တပ် နဲ့ မိုနာကို အသင်း တို့ကို ငြင်းပယ် ထားကြောင်း လည်း သိ ရပါတယ် ။ ထို့အပြင် CSKA အသင်း ရဲ့ ဂိုးသမားဟောင်း တဦး ဖြစ်သူ Chepchugov က လည်း သူ့ရဲ့ အင်စတာဂရမ် အကောင့် မှ တဆင့် အသင်း ပြောင်းတော့မယ့် ဂိုလိုဗင် ရဲ့ အနာဂတ် သာယာ ပါစေ လို့ ဆုတောင်း ပေး သွား ခဲ့ပါတယ် ။

* ချယ်လ်ဆီးအသင်း ဟာ ဂျူဗင်တပ် အသင်း ရဲ့ ဝါရင့် တိုက်စစ်မှူး ဟီဂွာအင် ကို ခေါ်ယူ နိုင်ဖို့ အကြို သဘော တူညီ မှု ရရှိထားပြီ ဖြစ်ကြောင်း Sky Sports Italia က ဖော်ပြ ခဲ့ ပါတယ် ။ ဟီဂွာအင် အတွက် ဂျူဗင်တပ် မှ ပေါင်သန်း ၆၀ ဝန်းကျင် အထိ အလို ရှိနေတယ် လို့ လည်း သီရပါတယ် ။

* ယနေ့ မနက် မှ သတင်း များ အရ ချယ်လ်ဆီး အသင်း ဟာ ၄င်းတို့ရဲ့ ဂိုးသမား နေရာ အတွက် ယခင် မန်စီးတီး အသင်း ဂိုးသမား ဟောင်း ဂျိုးဟတ် ကို အံ့အားသင့်ဖွယ် ခေါ်ယူ လို နေကြောင်း သိ ရပါတယ် ။ ဂျိုးဟတ် အတွက် ပေါင် ၅ သန်း ကို လည်း အသုံးပြု သွားမယ် လို့ လည်း သိရပါတယ် ။

* ချယ်လ်ဆီး အသင်း ဟာ ဂျူဗင်တပ် အသင်း ရဲ့ တိုက်စစ်မှူး ဟီဂွာအင် အပြင် ကွင်းလယ်လူ ပီယာနစ် ကို ပါ တခါတည်း ခေါ်ယူ လိုနေကြောင်း အီတလီ သတင်း တခု ဖြစ်တဲ့ Calciomercato မှ ဖော်ပြ သွား ခဲ့ပါတယ် ။ ပီယာနစ် ဟာ စပိန် ထိပ်သီး ဘာစီလိုနာ မှ လည်း ခေါ်ယူ လိုနေတဲ့ ကစားသမား တဦး လည်း ဖြစ်ပါတယ် ။

* တူရင် အခြေစိုက် သတင်း တပုဒ် အရ ချယ်လ်ဆီး အသင်း ဟာ ဂျူဗင်တပ် အသင်း ရဲ့ နောက်ထပ် ခံစစ်မှူး တယောက် ဖြစ်တဲ့ မတ်တီယာ ကယ်လ်ဒါရာ ကို ပေါင်သန်း ၃၀ ဖြင့် ကမ်းလှမ်း ထားကြောင်း လည်း သိရ ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ယခင် ကတည်းက ဂျူဗင်တပ် နောက်ခံလူ ရူဂါနီ ကို ခေါ်ယူဖို့ ချိတ်ဆက် နေရာ ယခု အခါ မှာ နောက်ထပ် နောက်ခံလူ တဦး ဖြစ်တဲ့ ကယ်လ်ဒါရာ ကို ပါ ခေါ်ယူ ဖို့ ပြင်ဆင် နေခြင်း လည်း ဖြစ်ပါတယ် ။

* တဖက်မှာ လည်း ဂျူဗင်တပ် အသင်း ရဲ့ နောက်ခံလူ ရူဂါနီ ရဲ့ အေးဂျင့် ကလည်း ၄င်းရဲ့ ကစားသမား ဟာ အခြား အသင်းတသင်း ကို ပြောင်းရွှေ့ လိုနေခြင်း မရှိ သလို ဂျူဗင်တပ် အသင်း က လည်း ၄င်းကို ရောင်းချ လို ခြင်း မရှိဘူး လို့ ငြင်းဆို သွားခဲ့ပါတယ် ။ ရူဂါနီ ဟာ ချယ်လ်ဆီး အသင်း မှ ခေါ်ယူဖို့ ချိတ်ဆက် နေတဲ့ နောက်ခံလူ တဦး ဖြစ်သလို ဆာရီ နဲ့ ယခင် က အမ်ပိုလီ အသင်းမှာ အလုပ် အတူတူ တွဲလုပ် ဖူး သူ ဖြစ်ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တောင်ပံ ကစားသမား ဂျရေမီ ဘိုဂါ ဟာ စီးရီးအေ ကလပ် ဆက်ဆူအိုလို အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် ၃.၅ သန်း နဲ့ အပြီးသတ် ပြောင်းရွှေ့ သွားပြီး လည်း ဖြစ်ပါတယ် ။ ဘိုဂါ ဟာ ပြီးခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲ တွေမှာ ခြေစွမ်း ပြနိုင် ခဲ့ပေမယ့် ဘာမင်ဂမ် အသင်း သို့ အငှားချထား ခံခဲ့ ရပါတယ် ။ ယခုအခါမှာတော့ ဆက်ဆူအိုလို သို့ ပြောင်းရွှေ့ သွားပြီး ပြန်ဝယ်ခွင့် ( buy-back ) ကိုလည်း စာချုပ်ထဲ မှာ ထည့်ချုပ် ထားတယ် လို့ သိရ ပါတယ် ။

* မက်ဒရစ် အခြေစိုက် သတင်းများ အရ အက်သလက်တီကို အသင်း ဟာ ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ကို ခေါ်ယူဖို့ စိတ်ဝင်စား နေပြီး အက်သလက်တီကို တာဝန်ရှိသူ အချို့ဟာလည်း ယနေ့ မှာ လန်ဒန် သို့ ရောက်ရှိနေကြောင်း သိ ရပါတယ် ။ ဂျရူး ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ အာဆင်နယ် အသင်း မှ ချယ်လ်ဆီးသို့ ပြောင်းရွှေ့ လာခဲ့ပေမယ့် နည်းပြသစ် ဆာရီ ကတော့ ၄င်းရဲ့ တပည့်ဟောင်း တိုက်စစ်မှူး ဟီဂွာအင် ကို သာ ခေါ်ယူ လိုနေတာလည်း ဖြစ်ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ နောက်ခံလူ ကတ်ဇူးမား ဟာ ဒဏ်ရာ ကြောင့် ပြည်ပ ခြေစမ်းပွဲ ခရီးစဉ် ကို လိုက်မပါ လာခဲ့ဘူး လို့ သိရပါတယ် ။

* ချယ်လ်ဆီးအသင်း ရဲ့ ဂျာမနီ လက်ရွေးစင် နောက်ခံလူ ရူဒီဂါ နဲ့ နိုင်ဂျီးရီးယား လက်ရွေးစင် တောင်ပံ ကစားသမား ဗစ်တာ မော့ဆက်စ် တို့ ဟာ အားလပ်ရက် ကနေ ပြန်ရောက်လာပြီး ကော့ဘ်ဟမ်း လေ့ကျင့်ရေး ကွင်း မှာ လေ့ကျင့်ရေး အစီအစဉ် များ လာရောက် ပြုလုပ် နေပြီ လို့လည်း သိရပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ ကစားသမား သစ် ဖြစ်သူ ဂျော်ဂျင်ဟို က နောက်ခံလူ ဇာပါကော်စတာ ဟာ သူ့ကို အသင်းသစ် မှာ အထိုင်ကျ အောင် ကူညီပေးမှာ ဖြစ်သလို နောက်ခံလူ အီမာဆင် နဲ့ အလွန်ဆို တို့ ဟာလည်း သူငယ်ချင်း ကောင်း များ ဖြစ်ကြတယ် လို့ ပြောကြား သွားခဲ့ပါတယ် ။

* ရီးရဲလ်မက်ဒရစ် နဲ့ အေစီမီလန် အသင်း တို့ရဲ့ ကွင်းလယ်လူ ဟောင်း ဆီးဒေါ့ဖ် က အီဒင်ဟာဇတ် ဟာ ရီးရဲလ် အသင်း နဲ့ သင့်လျော်တဲ့ ကစားသမား ဖြစ်ကြောင်း နဲ့ ရီးရဲလ် သို့ ပြောင်းရွှေ့ လာဖို့ လည်း တိုက်တွန်း ပြောကြား သွားခဲ့ပါတယ် ။

ကမ္ဘာ့ ဈေးအကြီး ဆုံး ဂိုးသမား အလီဆင် ကို နောက်ပြောင် ကျီစယ် သွားတဲ့ အာဆင်နယ် အသင်းတိုက်စစ်မှူး အူဘာမီယန်း

ကမ္ဘာ့ ဈေးအကြီး ဆုံး ဂိုးသမား အလီဆင် ကို နောက်ပြောင် ကျီစယ် သွားတဲ့ အာဆင်နယ် အသင်းတိုက်စစ်မှူး အူဘာမီယန်း

အာဆင်နယ် အသင်း တိုက်စစ်မှူး အူဘာမီယန်း ဟာ လီဗာဗူး အသင်း ရဲ့ ဂိုးသမား အလီဆင်ကို တွစ်တာ ကနေ တစ်ဆင့် အသင်းဖော် တိုက်စစ်မှူး လာကာဇက်တေး အကူအညီ နဲ့ နောက်ပြောင် ကျီစယ် သွားခဲ့ပါတယ် ။

အလီဆင် ဟာ လီဗာပူး ကို ရိုးမား ကနေ ကမ္ဘာ့ စံချိန် တင် ပြောင်းရွှေ့ကြေး ပေါင် ၆၆.၈ သန်း နဲ့ ပြောင်းရွှေ့ကြေး နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ရောက်ရှိ လာတာ လည်း ဖြစ်ပါတယ် ။ အလီဆင် ဟာ ဘရာဇီး အသင်း ရဲ့ နံပါတ် တစ် ဦးစားပေး ဂိုးသမား တစ်ဦး ဖြစ်ပြီး သူ့ နောက်မှာ တော့ ဒုတိယ ဦးစားပေး ဂိုးသမား အဖြစ် မန်စီးတီး အသင်း ရဲ့ ဂိုးသမား အီဒါဆင် က ရှိနေတာလည်း ဖြစ်ပါတယ် ။

ဒါပေမယ့် အာဆင်နယ် အသင်း တိုက်စစ်မှူး အူဘာမီယန်း ကတော့ အလီဆင် ရောက်ရှိ လာတာကို စိုးရိမ်ခြင်း မရှိဘဲ အသင်းဖော် လာကာဇက်တေး ရဲ့ အကူအညီနဲ့ အလီဆင်ကို တွစ်တာကနေ တစ်ဆင့် နောက်ပြောင် ကျီစယ် သွားခဲ့ တာလည်း ဖြစ်ပါတယ် ။ အူဘာမီယန်း ဟာ ပျော်ပျော်နေတက်ူသူတစ်ဦး ဖြစ်ပြီး အသင်းဖော် အချင်းချင်း လည်း မကြာခဏ နောက်ပြောင် လေ့ရှိသူလည်း ဖြစ်ပါတယ် ။

လာကာဇက်တေး ဟာ လိုင်ယွန်မှာ ကစားစဉ်တုန်းက အလီဆင် နဲ့ ထိပ်တိုက် ရင်ဆိုင် ဖူးတာလည်း ဖြစ်ပါတယ် ။ လိုင်ယွန် အသင်း နဲ့ ရိုးမား အသင်းတို့ ကစားတဲ့ ယူရို ပါလိဂ် ပွဲစဉ်မှာ လာကာဇက်တေး ဟာ ဂိုး ဧရိယာ ပြင်ပ ကနေ တစ်ဆင့် အလီဆင် ရဲ့ ညာဘက်ထောင့် ကို လှလှပပ အဝေး ကစ် နဲ့ ကန်သွင်း ယူခဲ့တာလည်း ဖြစ်ပါတယ် ။ အဆိုပါ ပွဲစဉ်မှာ လိုင်ယွန် အသင်းက ရိုးမား အသင်းကို ၄-၂ ဂိုး နဲ့ အနိုင် ရရှိခဲ့တာလည်း ဖြစ်ပါတယ် ။

အဆိုပါ လာကာဇက်တေး ဂိုးသွင်းတဲ့ ဗွီဒီယိုကို ပရိသတ် တစ်ဦးက တွစ်တာ မှာ တင်ထားတာကို အူဘာမီယန်း က လာကာဇက်တေး ကို မန်းရှင်း ခေါ်ပြီး ပြန်လည် မျှဝေ ပြီး အလီဆင် ကို နောက်ပြောင် ကျီစယ် ခဲ့တာလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်း ပရိသတ် အများစု ဟာ အူဘာမီယန်း နဲ့ လာကာဇက်တေး အတွဲအဖက် ကို ရာသီသစ် မှာ ခြေစွမ်း ပြနိုင်ဖို့ မျှော်လင့် နေကြတာလည်း ဖြစ်ပါတယ် ။ ရာသီသစ်မှာ ပရီးမီးယား လိဂ်မှာ ထိပ်တိုက် တွေ့ကြတဲ့ အခါမှာလည်း လာကာဇက်တေး ဟာ အလီဆင် ကို ဂိုးထပ် သွင်းယူ နိုင် မလား ဆိုတာ စောင့်ကြည့်ရမှာပါ ။

အာဆင်နယ် အသင်း နဲ့ လီဗာပူး အသင်း ဟာ ရာသီသစ် အတွက် ပြင်ဆင်မှု တွေ ပြုလုပ်လျက် ရှိပြီး ကစားသမား သစ် တွေလည်း အပြိုင်အဆိုင် ခေါ်ယူ ထားကြတာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်း နဲ့ လီဗာပူး အသင်း ဟာ နိုဝင်ဘာလ ၃ ရက်နေ့ မှာ အမ်းမရိတ် မှာ ထိပ်တိုက် တွေ့ကြ မှာလည်း ဖြစ်ပါတယ် ။

လီဗာပူး အသင်း ပရိသတ် အများစု ကတော့ အသင်းရဲ့ ကစားသမား ခေါ်ယူမှုကို အားရ ကျေနပ်နေကြပြီး ပရီးမီးယား လိဂ် ဖလားကို ရယူနိုင်ဖို့ မျှော်လင့်ထားကြတာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်း ကတော့ နှစ်ပေါင်း ၂၂ ကျော် နည်းပြ ခဲ့တဲ့ အာဆင်ဝင်းဂါး ခေတ်လွန် နည်းပြ သစ် အူနိုင်း အမ်မရီ လက်ထက်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရယူ နိုင်မလား ဆိုတာ စောင့်ကြည့် ရမှာပါ ။ အာဆင်နယ် အသင်း ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယား လိဂ် မှာ အဆင့် ၆ ပဲ ရရှိခဲ့တာ ဖြစ်ပြီး ယူရိုပါလိဂ် ဝင်ခွင့် ပဲ ရရှိ ခဲ့တာပါ ။

ဂျိုးဟတ် ရဲ့ အနာဂါတ် ကို ထုတ်ဖော် ပြောဆို လိုက်တဲ့ မန်စီးတီး နည်းပြ ဂွာဒီယိုလာ . . . . . ချဲလ်ဆီး ကို ရောက်လာမှာလား ?

ဂျိုးဟတ် ရဲ့ အနာဂါတ် ကို ထုတ်ဖော် ပြောဆို လိုက်တဲ့ မန်စီးတီး နည်းပြ ဂွာဒီယိုလာ . . . . . ချဲလ်ဆီး ကို ရောက်လာမှာလား ?

မန်ချက် စတာ ယူနိုက်တက် အသင်း နည်းပြကြီး ပက် ဂွာဒီယိုလာ က တော့ အသင်း ရဲ့ ဂိုး သမား ဂျိုးဟတ် အပေါ် ဘယ်သူ တစ်ဦး တစ်ယောက် က မှ သံသယ ဖြစ်ကြ လိမ့်မယ် လို့ မထင် မိကြောင်း နဲ့ မန်စီးတီး ကနေ ထွက်ခွာ ရသည့် တိုင်အောင် သူဟာ ထိပ်တန်း ဂိုးသမား တစ်ဦး အဖြစ် သတ်မှတ် ခံ နေရဦး မှာ ဖြစ်ကြောင်း ပြောဆို သွားခဲ့ ပါတယ်။

ဂျိုးဟတ် ဟာ ယနေ့ နံနက်ပိုင်း က ကစား သွား ခဲ့တဲ့ ဒေါ့မွန် အသင်း နဲ့ ICC ( International Champions’ Cup ) ဖလား ပွဲ ရဲ့ ဒုတိယ ပိုင်း မှာ ပါဝင် ကစား သွားခဲ့ပြီး ဂိုး မပေး ရ အောင် စွမ်းဆောင် နိုင် ခဲ့ ပါတယ်။

ဂျိုးဟတ် ဟာ ပြီးခဲ့ တဲ့ ရာသီ တွေ က တိုရီနို ၊ ၀က်စ်ဟမ်း စတဲ့ အသင်းတွေ ထံ အငှား ထွက် ကစား ခဲ့ရပြီး ယခု ပွဲ ဟာ ဂွာဒီယိုလာ လက်ထက် မှာ ကစား ခဲ့ရတဲ့ ဒုတိယ မြောက် ပွဲ ဖြစ်ခဲ့ ပါတယ်။

“ကျွန်တော့ မှာ ဂိုးသမား လေးယောက် ပါ လာခဲ့ ပြီး ဒီပွဲ မှာ ၂ ယောက် ကို အသုံးပြု ဖို့ စီစဉ် ခဲ့ ပါတယ် ။ ဂျိုး နဲ့ ကလော်ဒီယို ( ဘရာဗို ) တို့ ပါ ။ ဒီ အသင်း ကို ဂျိုး ဟတ် ရောက် နေခဲ့ တာ ၁၀ နှစ် ၊ ၁၂ နှစ် လောက် ရှိ ပါပီ ။ ပြီးခဲ့တဲ့ အချိန် ကာလ တွေ မှာ သူ ဘယ်လို စွမ်းဆောင် ပေ ခဲ့ သလဲ ဆိုတာ အားလုံး အသိပါပဲ” လို့ ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ်။

ဆက်လက်ပြီး ဂွာဒီယိုလာ က ယနေ့ ပွဲ မှာ ပါဝင် ကစား ခဲ့ကြ တဲ့ လူငယ်လေး တွေ ရဲ့ ခြေစွမ်း ကိုလည်း အားရ ကြောင်း ပြောဆို သွားခဲ့ ပြီး ဂျိုးဟတ် အပါ အ၀င် အသင်း ကနေ ထွက်ခွာ နိုင်သူတွေ အတွက် သင့်တော် တဲ့ အသင်းတွေ ကို ကူညီ ရှာဖွေ ပေးသွားမယ် လို့ လည်း ပြောဆို သွားခဲ့ ပါတယ်။

“ဂျက် ဟာရစ်ဆင် ဟာ တကယ် မြန်တဲ့ ကစား သမားပါ ။ ဒီနေ့ ပွဲမှာ သူ ကောင်းကောင်း ကစား ပြ နိုင် ခဲ့ ပါတယ် ။ ဘရာဟင် ဒီယာ့ဇ် ရဲ့ အနာဂါတ် ကို တော့ ရာသီကြို ခရီးစဉ် တွေ အပြီးမှာ ဆုံးဖြတ်သွား မှာပါ ။ နိုင်ငံ အသင်း ကစား လို့ အနားပေး ထားတဲ့ သူတွေ ပြန် ရောက် လာတာ နဲ့ ဘာတွေ ဆက်လုပ် ရမယ် ဆိုတာ ကို သေချာ တိုင်ပင် ဆုံးဖြတ် သွားမှာ ပါ”

“အသင်း ကနေ ထွက်ခွာ မယ့် သူတွေ အတွက် လည်း အသင့်တော် ဆုံးဖြစ် မယ့် အသင်း ကို ရောက်ဖို့ ကူညီ ပေး သွားမှာပါ ။ ပြီးရင် တော့ ကျွန်တော်တို့ ချဲလ်ဆီး နဲ့ ပွဲ ( ကွန်မြူနတီ ဒိုင်း ပွဲ ) အတွက် ပြင်ဆင် ရပါ မယ်” လို့ ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ်။

ဂျိုးဟတ် ဟာ ရီးရဲမက်ဒရစ် ကို ပြောင်းရွှေ့ ဖို့ နီးစပ် နေတဲ့ ဂိုးသမား သီဘောက် ကော့တွိုက် ရဲ့ နေရာ ကို အစားထိုးဖို့ ချဲလ်ဆီး အသင်း က စောင့်ကြည့် နေတဲ့ ဂိုးသမား စာရင်း မှာ ပါဝင် နေတယ် လို့ သတင်း ထွက်ပေါ် နေသူ ဖြစ် ပါတယ်။

Welcome All Fan

In
Copy Protected by Chetan's WP-Copyprotect.